မောင်ဆန်းMarch 20, 20142min38228
အထက်တန်းတုန်းက သချင်္ာ-၂ သင်တဲ့ အချိန် မနီမနီထထ ထထနီမနီမ လို့ အော်ကြရင်း Sin Cos တန်ဘိုးတွေ တွက်ဘို့ လော်ဂရစ်သမ် စာအုပ် ကိုင်ရချိ်န် ဆရာပြောခဲ့တဲ့ ဟာသလေး မှတ်မိနေသေးတယ်.. မြို့ပေါ်မှာ ကျောင်းလာတက်တဲ့ သားတော်မောင်က အိမ်က အမေဆီ ပိုက်ဆံပြန်တောင်းချင်တော့ နည်းမျိုးစုံနဲ့ တောင်းထားပြီးသားမို့ နည်းသစ်ဖြစ်တဲ့ အမေ သားကျောင်းမှာ စာသင်နေရင်း လက်တွေ့လေ့ကျင့်ခန်းလုပ်နေတာ သားကြောင့် လော်ဂရစ်သမ် ကျကွဲသွားလို့ ပြန်လျှော်ရမယ် ပိုက်ဆံများများ မြန်မြန်ပို့ပါ လို့ အမှာတော်ပါးလာတာမို့ မိဘ တွေ သားအတွက် စိတ်ပူပြီး အိမ်ကနွားလေး ရောင်း ၊ သားဆီ ပိုက်ဆံ ပို့လိုက်ရတယ် ဆိုတာလေး ဟာသလေး အဖြစ်နဲ့ အခုထိမှတ်မိနေခဲ့တယ်။ အခုရက်ထဲ မလေးရှားက […]