ကမ္ဘာပေါ်မှာရှိတဲ့ လူ သန်းနဲ့ချီပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ blog တွေ ရေးကြတယ်။ ကျွန်တော်တို့လည်း blog တွေ ရေးကြတယ်။ ဘာကြောင့် ရေးကြတာလဲ ? ဘာရည်ရွယ်ချက်နဲ့ ရေးကြတာလဲ ? တစ်ချို့က သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကြော်ငြာဖို့အတွက် ရေးကြတယ်။ တစ်ချို့ကြတော့ သူတို့ရဲ့ ဗဟုသုတ တွေကို မျှဝေဖို့အတွက် ရေးသားကြတယ်။ ကျွန်တော့်ရဲ့ http://anzartone.wordress.com/ ဆိုတဲ့ blog ကိုတော့ ဗဟုသုတ တွေ မျှဝေဖို့အတွက်ရော၊ ကျွန်တော့်အတွက် မှတ်စုစာအုပ် အနေနဲ့ပါ ရေးရခြင်း ဖြစ်ပါတယ်။ blog ဆိုတာက website နဲ့ မတူပါဘူး။ ဘာတွေ ခြားနားသလဲ ဆိုရင် website က update လုပ်ပေးဖို့ […]


thura.ng2September 23, 20101min982
ရုပ်မြင်သံကြားလှိုင်း CNBC က ကမာ္ဘ့ဒုတိယအချမ်းသာဆုံးဖြစ်တဲ့၊ ထောက်ပံ့ကြေးငွေပေါင်း သန်း(၃၁ဝ,၀၀၀) လှူဒါန်းခဲ့တဲ့ Warren Buffet ကို တွေ့ဆုံမေးမြန်းခဲ့တယ်။ စိတ်ဝင်စားစရာ သူ့ဘဝအကြောင်းတချို့ကို အောက်မှာဖော်ပြထားပါတယ်။ Warren Buffet ဟာ (၁၁)နှစ်အရွယ်မှာ ပထမဦးဆုံးသော stockကို ဝယ်ခဲ့တယ်။ ဒါကို စတင်တာနောက်ကျတယ်လို့ အခုချိန်မှာ သူနောင်တရနေခဲ့တယ်။ အဲဒီတုန်းက stock ဈေးတွေဟာ အရမ်းဈေးပေါလို့ဖြစ်တယ်။ ရင်းနှီးမြှုပ်နှံတတ်ဖို့ သင့်ကလေးတွေကို အားပေးပါ။ (၁၄)နှစ်အရွယ်မှာ Warren Buffet ဟာ သတင်းစာပို့လို့ စုဆောင်းရရှိတဲ့ ဝင်ငွေနဲ့ ခြံတစ်ခြံဝယ်ခဲ့တယ်။ လူတစ်ယောက်ဟာ ကိုယ်စုဆောင်းထားတာနဲ့ ပစ္စည်းအများအပြား ဝယ်ယူနိုင်ပါတယ်။ သင့်ကလေးတွေကို စုဆောင်း၊ ဝယ်ယူတတ်ဖို့ အားပေးပါ။ Warren Buffet ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၅ဝ)ကျော် မင်္ဂလာဆောင်ပြီးက ဝယ်ထားတဲ့ […]


thura.ng2September 23, 20101min892
သူနဲ့သူမ မင်္ဂလာဆောင်တာ (၁၀)နှစ်တင်းတင်း ပြည့်ခဲ့ပြီ။ လင်မယားနှစ်ယောက်ကြားမှာ ဘာစိတ်လှုပ်ရှားမှုမှ မရှိတော့သလို စိတ်ဝင်စားမှုလည်း မရှိတော့ဘူး။ အချိန်ကြာလေ သူမကို တာဝန်နဲ့ဝတ္တရားအရ သူဆက်ဆံနေရတယ်လို့ သူထင်လာလေဖြစ်တယ်။ သူမအပေါ် သူငြီးငွေ့လာခဲ့တယ်။ အထူးသဖြင့် သူ့အလုပ်မှာ အသစ်ဝင်လာတဲ့ သွက်သွက်လက်လက် ကောင်မလေးတစ်ယောက်ကြောင့် ဖြစ်တယ်။ ကောင်မလေးက သူ့ကို ရှုးသွပ်စေခဲ့တယ်။ ဒါဟာ သူ့ရဲ့ဒုတိယအရွယ် စိတ်လှုပ်ရှားခြင်းလို့ သူထင်ခဲ့တယ်။ အကြိမ်ကြိမ် တွေးတောဆုံးဖြတ်ပြီးနောက် သူမနဲ့ကွာရှင်းဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုခံစားချက်မျိုးက သူမအတွက် ထုံကျင်နေပါပြီ။ တည်တည်ငြိမ်ငြိမ်နဲ့ သူ့ရဲ့တောင်းဆိုချက်ကို သူမခေါင်းညိတ်ခဲ့တယ်။ နှစ်ဦးသား တရားရုံးသွားပြီး ကွာရှင်းခဲ့ကြတယ်။ ကွာရှင်းစာချုပ်ပေါ်မှာ လက်မှတ်ထိုးပြီး ရုံးကနေ သူတို့ထွက်လာကြတယ်။ နှစ်ယောက်စလုံး သူတစ်လမ်း ကိုယ်တစ်လမ်း လွတ်လပ်သူတွေဖြစ်သွားကြပြီ။ ဒါပေမယ့် ဘာကြောင့်မှန်းမသိ သူ့စိတ်ထဲမှာ ဟာတာတာခံစားနေရတယ်။ သူမကို […]


wailynnooJune 12, 20101min832
What is a blog? blog ဆိုတာ ကျွန်တော်တို့ရဲ့ အတွေးတွေ၊ အကြံဉာဏ်တွေ၊ အတွေ့အကြုံတွေကို public ကိုချပြနိုင်တဲ့ presonal  profile တစ်ခုပါဘဲ။ အဲဒီအပြင် ကျွန်တော်တို့ စီးပွားရေးလုပ်ငန်းရဲ့ ဂျာနယ် တစ်ခုအဖြစ်လည်း အသုံးချနိုင်ပါတယ်။ ကိုယ့်လုပ်ငန်းမှာ ဘာတွေဝန်ဆောင်မှုပေးကြောင်းကို ကိုယ့် blog ကနေတဆင့် လူအများကိုသိရှိစေနိုင်ပါတယ်။  ပညာရှင်တစ်ယောက် အတွက်သူ့ရဲ့ ဖော်ထုတ်တွေရှိမှုကို လူအများကိုချပြဆွေးနွေး နိုင်ပါတယ်။ ယနေ့ခောတ်မှာတော့ စီးပွားရေးလုပ်ငန်းတိုင်း အတွက် blog တစ်ခုဟာမဖြစ်မနေလိုအပ်လာပါပြီ။ မြန်မာနိုင်ငံမှာ ကိုယ့်လုပ်ငန်းအတွက် လက်နက်အဖြစ် အသုံးပြုထားတဲ့ blog တစ်ခုကျွန်တော်တွေ့ဖူးပါတယ်။ www.crown-education.com ဆိုတဲ့ blog လေးပါ။ သူ့ blog ကိုကျွန်တော် ကြော်ငြာပေးတာမဟုတ်ပါဘူး။ ဥပမာအနေနဲ့ ပြတာပါ။ တခြားဟာတွေ သိရင်လည်း […]