etoneSeptember 16, 20101min1118
မြို ့ပြနေ ဆယ်ကျော်သက် မြန်မာ်မိန်းကလေးငယ်များ ကြားတွင် ခန္တာကိုယ်ပေါ်၌ ဆေးမှင် ကြောင်ထိုးခြင်းနှင့်ဆေးမှင်ကြောင်ကဲ့သို ့သောအရုပ်များရေးထိုးခြင်းခောတ်စားလာသည်ဟုသိရသည်။ ထိုကဲ့သို ့ခောတ်စားရခြင်းမှာ နိုင်ငံတကာ ဖျော်ဖြေရေးရုပ်သံလိုင်းများဖြစ်သည့် Fashion TV(FTV) နှင့် MTV ရုပ်သံလိုင်းများကြောင့်ဖြစ်သလို မြန်မာမိန်းကလေးတို ့အကြိုက်ဟောလိဝုဒ် သရုပ်ဆောင်များ ခန္တာကိုယ် ပေါ်ရှိ တက်တူး အလှကြောင့် ဖြစ်သည် ဟု သိရသည်။ လက်မောင်၊တင်ပါးနှင့် ခြေသလုံးတွင် နှင်းဆီပွင့် နှင့်လှပသော ကနုတ်များပါဝင်သည့်အသက်နှစ်ဆယ်ခန့်အရွယ်ဆေးမှင်ကြောင်ထိုးထားသည့်ဧချိုဆိုသည့်မိန်းကလေးကမူ “သမီးထိုးထားတာ သင်္ကြန် မတိုင်ခင်တုန်းက သူငယ်ချင်းတွေက အရင်ထိုးတာ နင် သင်္ကြန်မှာတက်တူးပါမှ လန်းမှာ ဒီခောတ်က ဘယ်လောက် စတိုင်ရှိရှိ တက်တူးမပါရင် မလန်းဘူးဆိုလို ့ထိုးလိုက်တာ ဒါပေမယ့် သမီး ကြိုက်တယ် ။လေးနေရာ ထိုးထားတယ် ၊ငါးသောင်းကျော်ကုန်တယ်” ဟု ဧချိုက […]