maungmoenyoJune 9, 20111min22912
မြန်မာအစိုးရရဲ့ စီးပွားရေးအတိုင်ပင်ခံ Winstonဆက်အောင် (လက်ရှိ Asian Development Research Institute ရဲ့ director လည်းဖြစ်သူ) က မြန်မာနိုင်ငံမှထွက်ခွာသွားကြသူတွေ ကို ယခင်ကခေါ်ဝေါ်သမုတ်ကြသလို brain drain (ဦးနှောက်ယိုစီးမှု) လို့မခေါ်သင့်တော့ကြောင်း။ အမှန်အားဖြင့်သူတွေ့ဟာ brain gain များသာဖြစ်ကြောင်း၊ သူတို့တတွေဟာ နိုင်ငံအတွက်အရေးတကြီးလိုအပ်တဲ့ နိုင်ငံခြားဝင်ငွေကိုသာမက၊ အတတ်ပညာနှင့် ငွေကြေးရင်းနှီးမြှုပ်နှံမှုတွေကိုသယ်ဆောင်လာကြသူတွေ ဖြစ်ကြောင်း ဒီနေ့ ပြောကြားလိုက်ခြင်းအားဖြင့်၊ ဒီနေ့ မြနိ်မာနိုင်ငံရြ့နိုင်ငံရြ့ နိုင်ငံရေးစာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပါတယ်။ ဒီဟာကဆန်းသစ်တဲ့အတွေးအခေါ်အယူဆတခုလဲဖြစ်နေပါတယ်။ပြည်ပကိုနည်းမျိုးစုံနဲ့ထွက်ခွာသွားကြသူတွေ ကို မျက်စေ့စုံမှိတ်ပြီး၊ ပြည်ပအားကိုးပဆိန်ရိုးလိ ု့ စွပ်စွဲနေတဲ့ဘဝကနေ ရုန်းထွက်ဖို့ ကြိုးစားတဲ့ခြေလှမ်းဆိုရင် ကြိုဆိုရမှာပါ။ အစိုးရထိပ်ပိုင်းကစပြီး သိ/တတ်ပညာရှင်တွေကိုခုရက်ပိုင်းတွင်းမှာ အလုပ်ရုံဆွေးနွေးပွဲတွေလုပ်လာကြတာတွေ့ရလို့၊ အရင့်အရင်ကမတွေ့ခဲ့ဘူးတဲ့ ခြေလှမ်းသစ်တွေမို့၊ ကမ္ဘာက စိတ်ဝင်တစားကြည့်နေကြပါတယ်။ ဒါပေမဲ့ အမြင်ကောင်းအောင်သနပ်ခါးလိမ်း ပြီး ဝေါဟာရတန်ဆာဆင်တတ်တဲ့ […]