VisesaOctober 4, 20104min22318
သင်ခန်းစာ(၂၁)။ ဖုန်းဖြင့် ကုန်ပစ္စည်းဝယ်ခြင်း။ 第二十一课,通过电话购物; (တိ အာ့ စ်-ရှ် ယီး ခဲ့ ၊ ထုန်းကော့ တျန် ့ဟွ ကုံ ့ဝု) Lesson 21 ;Shopping by Phone 1.      我要订个比萨饼。Wǒ yào dìng gè bǐsàbǐng. ( ဝေါ်ယောက် တင့် ကဲ့  ပီစာ ့ပင် ။) ကျွန်တော် ပီစာမုံ ့တစ်ခု မှာ ချင်ပါတယ်။ I want to order a pizza. 2.   怎么付钱呢?Zěnme fù qián ne?  ( ဇှ် -မဲ့ ဖှု ချန် နဲ ။) […]


Linn LettSeptember 28, 20101min670
ကောင်လေး – ငါတို ့တွေအတွက်တော့ လောကကြီးကအထီးကျန်စရာကောင်းလိုက်တာနော်။ ကောင်မလေး -ဟုတ်တယ်နော်….တစ်ခြားသူငယ်ချင်းတွေမှာ ချစ်သူတွေကိုယ်စီရနေပြီ….။ တို ့အုပ်စုမှာ တို ့၂ယောက်ဘဲ အထီးကျန်ပြီးကျန်ခဲ့တာ…။ ဒီပြင်လူတွေမှာလည်းချစ်သူကိုယ်စီနဲ ့..။ ငါတို့ဘဝကအထီးကျန်လိုက်တာ..။ ကောင်လေး – ငါတော့ဘာလုပ်ရမယ်မှန်းတောင်မသိတော့ပါဘူးကွာ…။ ကောင်မလေး – ဒီလိုလုပ်ပါလား..ငါတို ့game တစ်ခုကစားရအောင်…။ ကောင်လေး – ဘာ game လဲ..။ ကောင်မလေး -ငါနင့်ကောင်မလေးအနေနဲ ့ရက် ၃ဝ နေမေးမယ်..နင်လဲငါ့ကောင်လေးအနေနဲ ့ပေါ့…ဘယ်လိုလဲ..။ ကောင်လေး – ဒီအကြံမဆိုးဘူး..။နောက်ရက်တွေမှာလဲ ငါ့မှာဘာမှထူးထူးခြားခြားလုပ်စရာမရှိဘူး…။ သဘောတူတယ်ကွာ..။ ပထမနေ ့-သူတို ့၂ယောက် အချစ်ရုပ်ရှင်တူတူ သွားကြည့်ပြီးပျော်ရွင်ခဲ့ကြတယ်..။ ၄ ရက်မြောက်နေ ့- သူတို ့တွေကမ်းခြေကိုပျော်ပွဲစားထွက်ခဲ့ကြတယ်…။ သာယာတဲ့အချိန်လေးတစ်ခုသူတို ့ရခဲ့ကြတယေ်လေ..။ ၁၂ရက်မြောက်နေ ့ -ကောင်လေးကကောင်မလေးကို […]


Team XSeptember 8, 20101min1498
ဒီပုံကတော့ “အထူး”ဆိုပြီး တံဆိပ်တက်ထားတဲ့ အထူးကားတစ်စီးပေါ်မှ ရိုက်ကူးထားသောပုံ ဖြစ်ပါတယ်။ ဒီတော့ အထူး ဆိုတာ ဘာလဲလို့ ပြန်ပြီး မေးခွန်းထုတ်စရာ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ ခရီသယ်တင် မော်တော်ယဉ်လိုင်းထဲကို ပထမဆုံး စတင်ဝင်ရောက်လာတဲ့ အထူးကားကတော့ ပုဂ္ဂလိကလို့ ပြောကြတဲ့ “ရွှေဧည့်သည်” အထူး ယဉ်လိူင်းပဲ ဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက အထူးဆိုတာ ဘာမှန်းမသိခဲ့ကြသေးတဲ့ ခရီးသွားပြည်သူတွေမှာ အထူး ဆိုတာ ဒါကြိးလာဆိုတဲ့ အချိန်ဖြစ်ပါတယ်။ အဲ့ဒီအချိန် ပေါ်ကာစတုန်းက အထူးကားဆိုတာ အဆင့်အတန်းခွဲခြားလိုက်သလို့မျိုး ခံစားခဲ့ရတဲ့ ပြည်သူတွေထဲမှာ ကျွန်တော်လည်း တစ်ဦး အပါအဝင်ဖြစ်ခဲ့ပါတယ်။ ရိုးရိုး ဘက်စ်ကားခ ၅ဝ ကျပ် ၊ ၁၀ဝ ကျပ်လောက်သာ ပေးရချိန်မှာ အထူးကားဆိုသော် ရွှေဧည့်သည် ကားကြီးများမှာ ၂၀ဝ ကျပ်မှာ […]


Team XSeptember 8, 20101min1935
ကျွန်တော် ဒီခေါင်းစဉ်လိုမျိုးတွေကို ရေးချင်နေတာ ကြာပါပြီ။ အကြောင်းအမျိုးအမျိုးကြောင့် မရေးဖြစ်နေတာပါ။ ဒီတော့ ခေါင်းစဉ်မှာရေးထားတဲ့အတိုင်း ရန်ကုန်မြို့မှာ လက်ရှိပြေးဆွဲလျက်ရှိတဲ့ 200 ကျပ်တန် အထူးဘက်စ်ကားများ အကြောင်းကို တစေ့တစောင်းလေးဖြစ်ဖြစ် တီးမိခေါက်မိ လေး ဖြစ်ဖြစ် ရေးလိုက်ခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ရန်ကုန်မြို့နေ အလုပ်သမားလူတန်းစားအလွှာတွေဆိုတာ တစ်နေ့မိုးလင်းလာယင် အိပ်ယာထ ၊ မျက်နှာသစ် ၊ ရေချိုး ၊ သွားတိုက် ဆိုသလိုပဲ အခြေခံကျောင်းစာအုပ်ထဲကလို နေတဒူဝ လုပ်ပြီးတဲ့ နောက်မှာတော့ အလုပ်ခွင်ကို အပြေးအလွှား သွားရောက်ရန်အတွက် အိမ်ကထွက် ဘက်စ်ကားမှတ်တိုင်မှာ ရပ် ၊ ကိုယ်အလုပ်ခွင်ကို ရောက်မယ့် ကားကို ဗျိုင်းတွေ ငါးကို မျှော်နေသလို မျှော်နေကြရပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက ယနေ့စီပွားရေးဟာ ဈေးကွက်စီးပွားရေး ဖြစ်တာနဲ့ […]


lu ta loneJune 29, 20101min1223
တစ်စုံတစ်ယောက်ကို စိတ်ဝင်စားမိတာကို/ ချစ်မိတာကို ဒီအချက်ကလေးတွေကြည့်ပြီးသိနိုင်ပါတယ် ၁။ ဘယ်လောက်ပဲအိပ်ချင်နေပါစေ၊ အိပ်ခါနီးလေးမှာ သူ့အကြောင်းကိုစဉ်းစားမိတယ်ဆိုရင် သေချာပါတယ်… သူ့ကိုချစ်မိသွားလို့ပါပဲ။ ၂။ အားနေတဲ့အချိန်လေးတွေမှာ တောင် သူကြိုက်တာလေးတွေလုပ်ပေးမယ်ဆိုတဲ့အတွေးဝင်လာတယ်ဆိုရင် လည်းသေချာပါတယ်…. သူ့ကိုချစ်မိသွားလို့ပါပဲ။ ၃။ သူနဲ့ပါတ်သတ်သမျှ အကြောင်းအရာ လေးတွေကို နေ့စဉ်နဲ့အမျှ ဂရုတစိုက် အလေးထားပေးတယ်ဆိုရင်လဲ သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၄။ ဘယ်လောက်ပဲအလုပ် ရှုပ်ရှုပ် ဖုန်းကိုဖွင့်ထားပြီး သူပို့လာမယ့် message သို့မဟုတ် သူဆက်လာမယ့် ဖုန်းသံလေးကို စောင့်မျှော်နေမိတယ်ဆိုရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၅။ သူနဲ့ နှစ်ယောက်တည်း စကားပြောရတာကြိုက်တယ်ဆိုရင် သေချာပါတယ်…သူ့ကိုချစ်မိသွားလို့ပါပဲ။ ၆။ အတူတူရှိတဲ့အချိန် (ဥပမာ။ ။ bus carပေါ်မှာပဲဖြစ်ဖြစ် ၊ canteenထဲမှာပဲဖြစ်ဖြစ် ) သူ့ကို ဂရုမစိုက်ချင်ယောင်ဆောင်နေပေ မယ့် မြင်ကွင်းထဲက သူပျောက်သွားရင်အပူတပြင်းလိုက်ရှာနေရတာ ပဲဖြစ်ဖြစ်၊ […]


BayoteApril 3, 20101min861
သင်္ကြန် အတွင်း ရန်ကုန်မြို့တွင်း အထူးကားများ ပြေးဆွဲခြင်း ရပ်နားမယ်လို့သိရပါတယ်။ ဒါပေမယ် သာမန်လိုင်းကား အရေအတွက် တစ်ဝက်ကိုတော့ ပြေးဆွဲခွင့် ပြုမယ်လို့သိရပါတယ်။ ကားခ ကိုတော့ သာမန်သတ်မှတ် ဈေးထက် ပိုယူခွင့် ပြုမှာ တော့မဟုတ်ပါဘူး။ ပိုယူယင် အရေးယူသွားမယ်လို့ မထသ တာဝန်ရှိသူတစ်ဦးက ပြောကြားသွားပါတယ်။ သင်္ကြန် အတွင်းထွက်မဲ့ လိုင်းကားများကိုလည်း ယခင်မောင်းနေကျ လမ်းကြောင်းအတိုင်းသာ မောင်းခွင့်ပြုမယ်လို့ သိရပါတယ်။


BayoteApril 1, 20101min680
နေပြည်တော်-တောင်ကြီး ခရီးသည်တင်ယာဉ်တစ်စီးသည် မတ် ၂ရ ရက် နံနက် ၄ နာရီခွဲခန့်တွင် ကလောမြို့နယ် ဘဝသံသရာတံတားအနီး၌ အရှိန်မထိန်းနိုင်ဘဲ လက်ယာဘက်ရှိ ချောက်အတွင်းသို့ ထိုးကျ တိမ်းမှောက်သွားခဲ့ကြောင်း၊ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် ၃၆ ဦးအနက် အမျိုးသားသုံးဦး၊ အမျိုးသမီးသုံးဦး သေဆုံးကာ ကျန်ခရီးသည် ၃ဝ မှာ ပွန်းပဲ့၊ ပေါက်ပြဲ၊ ဖူးရောင်၊ နာကျင်ဒဏ်ရာများ ရရှိခဲ့သဖြင့် တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံသို့ ပို့ဆောင်ကူသပေးလျက်ရှိကြောင်း ယာဉ်မောင်း အောင်သက်ဦးအား ဟဲဟိုးရဲစခန်းက ပေါ့လျော့မှုကြောင့် လူသေမှု၊ သာမန်/ပြင်းထန် နာကျင်မှုဖြင့် အမှုဖွင့် ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း သိရှိရသည်။ ခရီးသွား ခရီးသည်တင်ယာဉ်နှင့် ကုန်တင် ယာဉ်များကို ခရီးမထွက်မီ သေချာစွာ ကြံ့ခိုင်မှုစစ်ဆေးခြင်း၊ သတ်မှတ်ခွင့်ပြုအရှိန်အတွင်း မောင်းနှင်ခြင်း၊ ယာဉ်မောင်းများအနေဖြင့် […]