ရန်ကုန်၊ မြန်မာသင်္ဘောသား ၁ဝ ဦး ပါဝင်သည့် ကိုရီးယားနိုင်ငံသားပိုင် MT.SAMHO  FREEDON သင်္ဘောပေါ်တွင် သင်္ဘောသားများ လစာ မရရှိခြင်းကြောင့်  သင်္ဘောသား အလုပ်အကိုင် ကြီးကြပ်ရေးဌာန (SECD)ရုံးကို တိုင်ကြားထားကြောင်း မိသားစုဝင်များ၏ ပြောကြားချက်အရ သိရသည်။ ကိုရီးယားသင်္ဘောလိုင်း တစ်ခုဖြစ်သည့်  South Korea Sanbo Shipping လိုင်းမှ MT. SAMHO  FREEDON သင်္ဘောပေါ်ရှိ မြန်မာသင်္ဘောသားများ ခြောက်လကျော် ကြာသည်အထိ လုပ်ခလစာ လုံးဝ မရရှိသေးကြောင်း ယင်း သင်္ဘောပေါ်ရှိ သင်္ဘောသားတစ်ဦး၏ မိသားစုဝင် တစ်ဦးဖြစ်သည့် ကိုပီတာက ထုတ်ဖော်ပြောကြားခြင်း ဖြစ်သည်။ ယင်းအပြင် မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းကိုလည်း တိုင်ကြားထားကြောင်း ယင်းက ဆက်လက်ပြောသည်။ “အဲဒီ သင်္ဘောသားတွေ […]