kaiJuly 14, 20108min1311
သာမန်ဆိုရင်တော့ ကံကောင်းတယ်ပေါ့..။ နောက်တခါထပ်ဆင့်ရင် ဟာ…ကံကောင်းလိုက်တာ ပါ့။ နောက်ထပ်တခါ ထပ်ပေါက်ပြန်ရင် အရမ်း၊အရမ်းကို ကံကောင်းတာပါပဲ ပေါ့။ လေးကြိမ်မြောက်ဆိုရင်တော့ အင်း… ဘာပြောရမလဲ..ကြောက်စရာ့ကံ လို့ပဲ အမည်တပ်ချင်ပါတော့တယ်။ အဲဒီလို ၄ကြိမ်လုံးတယောက်ထဲ ထီပေါက်ပို ့ဖြစ်နိုင်ချေက ၁နောက်ကသုံည ၂၄လုံး ( ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀၀) ပုံ ၁ပုံပါတဲ့။ အဲဒီကြောက်စရာ့ကံပိုင်ရှင်ဟာ သချင်္ာပါမောက်ခ အမျိုးသမီးတဦးပါတဲ့..။ အောက်မှာ သတင်းဖတ်ကြည့်ပါ။ ထီပေါက်ချင် …သချင်္ာသင်ရမလိုဖြစ်နေပါပြီ..။ ကြုံလို ့ပြောရရင် .. ပြီးခဲ့တဲ့၁-၂ပါတ်လောက်က မြန်မာပြည်ကသတင်းတခုမှာ ပြည်ပကလူတွေ မြန်မာပြည်ကထီကို အင်တာနက်ကနေထိုးနိုင်ပြီဆိုပါတယ်။ မြန်မာပြည်က ထီက ဒေါ်လာနဲ့တွက်ရင် ဘယ်နှစ်သိန်းများရှိနေသလဲမသိပေမဲ့ ယူအက်စ်ကယ်လီဖိုးနီးယား ထီက တခါပေါက် (အများဆုံး)ဆို သန်း ၁၉ဝကျော် အထိ ဖြစ်ဖူးပါတယ်။ အဲဒီထီအတွက်လက်မှတ်က တစောင်မှ ၁ဒေါ်လာထဲပါ။ […]