ေမွာ္ဆရာOctober 27, 20111min28520
ကျွန်တော်က ရွာထဲမှာသာ ဟိုယောင်ယောင် ဒီယောင်ယောင် မှော်ဆရာ လုပ်နေရတာပါ ။ တကယ်တော့ မှော်ဆရာဆိုတာ ဓါတ်ပုံ ဗီဒီယို ရိုက်ကူးရေး လုပ်ငန်းကို အသက်မွေးဝမ်းကြောင်းအနေနဲ့ ယခုအချိန်ထိ လုပ်ကိုင်ဆောင်ရွက်နေရတဲ့ သူတစ်ယောက်ပါ ။ အခုဆိုရင် ကျွန်တော် ကင်မရာကိုင်ခဲ့တဲ့သက်တမ်းက ၁ဝ နှစ် နီးပါး ဖြစ်လာပြီပေါ့။ကင်မရာဆရာအနေနဲ့ မြို့ရော ၊တောပါ မကျန် ခြေရာခြင်းထပ်အောင် သွားလာ လှုပ်ရှားရင်း အမှတ်ရစရာ အဖြစ်တွေလဲ အများကြီး ရှိခဲ့ပါတယ် ။ ဒါကြောင့် ဗဟုသုတ အနေနဲ့ မဟုတ်တောင် ရွာသူ ရွာသားအပေါင်း အပျင်းတော်ပြေရုံလောက် အခန်းဆက် တင်ဆက်သွားပါမယ် ။ ဓါတ်ပုံပညာကို စတင်သင်ယူချိန်က ဆရာ့ ဆရာများက မှာကြားခဲ့ ပါတယ် ။ ဓါတ်ပုံရိုက်မယ်ဆိုတိုင်း အရိုက်ခံသူကို […]