ဒီနေ့ ဒေါက်တာလွဏ်းဆွေ ဘလော့ဂ်မှာ စစ်တဗိုင်းအစိုးရ ဂေါင်းဇောင် ဦးသိန်းစိန်အစိုးမရ လူမှုအဖွဲ့အစည်း ၈၆ဖွဲ့ကို ခေါ်လေဖောတာနဲ့ ပတ်သက်လို့ ဗကသအဖွဲ့ချုပ် ကျောင်းသားခေါင်းဆောင်များရဲ့ တုံ့ပြန်ချက် ဖတ်ရတယ်။ အတိုချုပ်ရင် ဗကသကို ရန်ကုန်တိုင်းအုပ်ချုပ်ရေးရုံးက နိုင်ငံတော်အဆင့် စည်းဝေးပွဲ ဖိတ်တယ်။ ဗကသခေါင်းဆောင်တွေသွားတယ်။ ၈၈မျိုးဆက်အဖွဲ့ တက်ပုံမရဘူး။ ဟိုကြတော့ ဓာတ်ပြားဟောင်းဖွင့်တယ်၊ ခရိုနီနဲ့သာကူးတွေက ကျေးဇူးတင်တယ်။ ဗကသနဲ့ အတိုက်အခံ ပြောမည့်သူ ခြောက်ယောက်လောက်က အချိန်မရဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ပြောခွင့်မရဘူး။ နားလှည့်ပါးရိုက် ခံလိုက်ရတယ်။ ဗကသအဖွဲ့က ပြန်လာတော့ နောက်တခါ မလိမ်ညာဖို့ သတိပေးတယ်၊ သို့ပေသိ ကိုယ့်ကို ဟိုကရိုက်ပြီးသွားပြီ။ ခေါ်တိုင်းမသွားကြပါနဲ့၊ စစ်တပ်ရဲ့ နည်းပရိယာယ်မှာ ထင်ရှားတဲ့ အတိုက်အခံ အဖွဲ့အစည်း လူပုဂ္ဂိုလ်များကို နှိမ်ချဆက်ဆံ နိုင်ငံရေး အမြတ်ထုတ်လေ့ရှိတယ်။ တွေ့တဲ့အခါ […]


သံမတဂျီး ဦးသိန်းစိန် စိမ်ပလိန်တိမ် မုန့်ကြိုးလိမ် တိန် ဘိန် ဂိန် ငြိမ် ကိန်… ဦးသိန်းစိန် ဦးသိန်းစိန် ဗိုလ်ချုပ် အကြီးဂျီး ဦးသိန်းစိန်.. ဧရာမဂျီး ဦးသိန်းစိန်… ဟက်ပလုပ်ကြီး ဦးသိန်းစိန်… ကြောင်ကြီးခြစ်တဲ့ ဘဂျီးစိန် ဇိမ် ဇိမ် ဇိမ်… အမေရိကန်ရောက် အစိုဒေါ် ငါးသိုင်းချောင်း ကြောင်ကြီး၏ သမဒဂျီးအတွက် သီဆိုထားသော ဂုံပြု သီချင်းသံဖြစ်သည်။ ဦးသိန်းစိန်ဘုန်း မိုးသို့ချုန်းလဗျီ၊ သူ့အား ပေါက်ကရ ဝေဖန်ထားသော ပြည်ပရောက် အတိုက်အခံများစွာ ထိတ်ထိတ်ပြာပြာ ဖြစ်ကုန်သည်။ အချို့က “အေဗေးကြောင်စုတ် ကြွက်မခုတ်တတ်သလိုနဲ့ ကြောင်အိမ်ထဲက ငါးကြော်ခိုးစားတာ မသိရင်ခက်မယ်ဟု” ငယ်ကျိုးငယ်နာဖော် အမနာပ သွားပုပ်လေလွင့် ဝိုင်းဆဲကြ၏။ စပွန်ဆာပေးသူမှာ ကိုဘေးနွားကင်ကုမ္မဏီပိုင်ရှင် ယောတောရှိ ဦးခိုင်ဖြစ်ပြီး တလောကပင် […]