အမျိုးတားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဇောင်အဖွဲ့ ပထမအကြိမ် အစည်းအဝေးကို ယနေ့ကျင်းပခဲ့ရာ ကော်မတီရခုဖွဲ့ပြီး ပါတီလုပ်ငန်းများ ဆောင်ရွက်သွားရန်ရှိဂျောင်း သိရှိရသည်။ ဖွဲ့စည်းမည့် ကော်မတီများမှာ တောင်သူလယ်သမားရေးရာ၊ စည်းကမ်းထိန်းသိမ်းရေး၊ အလုပ်သမားရေးရာ၊ တိုင်းရင်းသားရေးရာ၊ နိုင်ငံရေး ပါတီများဆက်ဆံရေးတို့ပါဝင်ပြီး လူငယ်နှင့်တရုတ်ရေးရာကော်မတီကို တရုတ်ကူမြူနစ်ပါတီ မြန်တကျင့်ဒေသ အကြီးအကဲအဖြစ် ပူပူနွေးနွေး သူကောင်းပြုခန့်အပ်ခြင်း ခံထားရသော ပါတီဥက္ကဌ ဘွားဒေါ်ဂျီး ဦးဆောင်မည်။ အပြည့်အစုံ မသိရသေးသော်လည်း မခိုင်လုံသော သတင်းရပ်ကွက် အဆိုအရ လယ်သမားရေးရာ – ဦးပန်ကာ၊ စည်းကမ်းထိန်းသိမ်းရေး- ဦးဆိုးပေ၊ အလုပ်သမားရေးရာ- ဦးကျောလျားရှည်၊ တိုင်းရင်းသားရေးရာ – မိုဟာမက် ရိုစ်ဟင်ဂျာ၊ နိုင်ငံရေးပါတီများဆက်ဆံရေးရာ – ဒေါ်ဂျမ်းဘုံတို့အား ရွေးချယ်ထားသည်။ တန်ဖိုးနည်း လက်ကိုင်ဖုံးများကို မကြာခင် အများပြည်သူသို့ ရောင်းချသွားရန်ရှိရာ ဦးရာလူအား ရောင်းချမည် ဆိုသဖြင့် […]


ခက်တယ်ဗျာ ရွာသားတွေက အပြောမိုးလောက်၊ လက်တွေ့ပြပါဆိုရင် မြေကြီးအောက်မှာများတယ်။ (ဥပမာ – ဦးကျောက်ခဲ) သဂျီးကအစ ထေရဝါဒကို သာသနာ မောင်ပိုင်စီးတယ် စွပ်စွဲနေတာ သူကြတော့ တိုင်းပြည်ဂျီးကို ရှေးရိုးစွဲလက်က ကယ်မလို့တဲ့၊ သူများမျက်ချေးသာမြင်၊ ကိုယ့်မျက်ချေးတော့ မမြင်၊ ဒွတ်ခ..။ အပြောရွှေမန်း ရေးတာများ အီးဇီးကွတ်၊ ဘီးဇီးကွတ် ရွှန်းရွှန်းဝေလို့.. အန်တီမမ၊ အန်တီဝေတို့ ပြောပါတယ်။ တချို့ကြတော့ စီမံခန့်ခွဲရေးဂုရုယောင်ယောင် အိုင်တီဆရာယောင်ယောင် သူတို့မရှိရင် ကမာ္ဘပျက်လုမတတ်.. သိချင်လား – မောင်ဂီ။ မူးလာရင် ပိဋကတ်သုံးပုံ တတ်ယောင်ကားလုပ်တဲ့ ပိဋကတ် အိုးခြမ်းပဲ့လည်းရှိသေး၊ ဘယ်သူရှိမတုံး – ဂျော်နီအောင်ပု…။ စင်ကာပူရ ဆွိမမ ရေးလိုက်တာများ မြန်မာတပြည်လုံး မစားဘူးတဲ့ဆိုင် မရှိတဲ့အတိုင်း…။ အင်္ဂလန်သူ လာဘ်အရီးဆို ဘွားဒေါ်ထိရင် မိုးပေါ်က […]


ခြစ်ခင်ယားပါသော ရွာသူရွာသားအပေါင်းနဲ့ နောက်တက်တဲ့ သမီးလေးများသိစေရန်.. အကျွန်ုပ်ဦးကြောင်ကြီးမစားရက် မသောက်ရက် နှစ်ရှည်လများ ကြိုးပမ်းတကုတ် စုဆောင်းသိမ်းဆည်းထားသော ပွိုင့်တသိန်းကျော်စလုံးကို မိမိစေတနာရှိသူအား လွှဲပြောင်းပေအပ်ရန် မာမွတ်လျှာပြွတ် အယာတိုလာ ခိုင်မေနီ (ခ) ရွာသဂျီးဦးစ်ခိုင်သဂျီးထံမှ သဘောတူချက် ရရှိပြီးဖြစ်ရာ ၎င်းအား ပက်ပက်စက်စက် နင့်နင့်သီးသီး မှိုချိုးမျှစ်ချိုး လိပ်ပက်လက်လှန်ပစ်သလို ပြန်မထောင်နိုင်အောင် လိုရင်းတိုရှင်း အပွင့်လင်းဆုံး ဝေဖန်ထောက်ပြနိုင်သူအား ညဏ်ပူဇော်ခ ပေးအပ်မည်။ မှတ်ချက်။ ပွိုင့်တသိန်း = တသိန်းကျပ်တိတိ My Points Points: 104821 Kyats Rank: Titanium


အုပဒေစိုမိုးရေးနဲ့ တီငြိမ်ရေးဥက္ကဌ ဘွားဒေါ်ဂျီး၊ နိုင်ငံဒေါ်သမဒဂျီး၊ ပြည်သူ့လွှတ်တော် အုတ်ကထဂျီး၊ ပြီးတော့ ကာချုပ် အသစ်စက်စက် ဗိုလ်ချုပ်မှူးဂျီး တို့ကိုကြည့်ပြီး မြန်မာပြည် ဒီမိုကရေစီအရေး တောင်းဆိုမှုကို ကာတွန်းဆွဲချင်စိတ် ပေါ်လာသဗျ၊ (ကာတွန်းဆိုတော့ ကာတွန်းလို ကြည့်ပေါ့ဗျာ) သို့ပေမဲ့ မျဉ်းတကြောင်းဖြောင့်အောင် မဆွဲတတ်တာမို့ ရွာထဲက ကာတွန်းပညာရှင်တွေထံ အကူအညီတောင်းပါတယ်..။ ဒီလိုဗျာ.. ခပ်ရွှင်ရွင် အပျော်အပျက် ကယ်ရီကေးချားပုံတွေနဲ့ ကာတွန်းလုပ်မယ်။ ပုံ (၁) မှာ ၁၉၈၈ခုနှစ် လူထုအုံကြွမှုနောက်ခံနဲ့ ဘွားဒေါ်ဂျီးက မိန့်ခွန်းခြွေလို့.. ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး ကြွေးကြော်သံနဲ့…. ကိုယ့်ဖက်က ၁၁၀%.. စက်ဝိုင်းဂရပ် (pie chart) တောင်လျှံထွက်လို့ပေါ့။ (စက်ဝိုင်းပုံကို ကာလာအပြည့်ချယ်ယုံမက အပြင်ကိုပါကျော်နေ)။ ဘွားဒေါ်ဂျီးမျက်နှာက စိတ်အားထက်သန်မှုအပြည့်.. ပုံ (၂) ကြတော့ ၁၉၉ဝခုနှစ် […]


ကိုမိုးသီးဘလော့ကနေ ကူးယူပါသည်။ http://komoethee.blogspot.com/2013/03/blog-post_25.html#links Monday, 25 March 2013 မြန်မာ တောတောင်များ ကုန် သလောက် ဖြစ်လာနေပြီ ဂိုဂဲလ် ဓါတ်ပုံပညာရှင်များ မြန်မာပြည်အတွက် အသက်ရှူကြပ်ကုန်ပြီ ကမာ္ဘတဝှမ်းမှ နိုင်ငံများအတွက် မြေပုံလမ်းညွန် လိပ်စာ နှင့် သက်ဆိုင်ရာ အဆောက်ဦးများအား အတိကျ လမ်းမမှားပဲ တိုက်ရိုက် သွားရောက် လည်ပတ် နိုင်သော ဧည့်လမ်းညွန်နှင့် ဆက်သွယ်ရေဆိုင်ရာ ဝန်ဆောင်မှုများအား ဆောင်ရွက်ပေးသော ဂိုဂဲလ် GOOGLE ကုမ္မဏီ၏ ဓါတ်ပုံနှင့် ဆက်သွယ်ရေး ဆိုင်ရာ အယ်ဒီတာများက လွန်ခဲ့သော ဖေဖေါ်ဝါရီလ၏ ပထမ အပတ်တွင်းကပင် ကမာ္ဘ့နိုင်ငံအသီးသီးတွက် ကောင်းကင်မှသော်၎င်း မြေပြင်မှသော်၎င်း ခရီးလမ်းညွန် ဓါတ်ပုံများစတင်ရိုက်ကူးခဲ့ကြသည်။ ယခု မတ်လ၏ ဒုတိယအပတ်အတွင်း ကောင်းကင်မှ ရိုက်ကူးရရှိသော သန်းနှင့်ချီသည့် […]


မိတ္ထီလာ အရေးအခင်းနဲ့ဆိုင်လို့ မြင်တာလေး တခုပြောချင်တယ်၊ မပြည့်စုံတဲ့ ရှုဒေါင့်ကနေပါ။ ကုလား – ဗမာ အဓိကရုဏ်းတွေသည် အစဉ်အဆက် လှုံ့ဆော်ဖန်တီးရ လွယ်လွန်းနေလို့…။ ပြသနာက ဘာသာရေးဆိုတော့ အဖြေသိပေမဲ့ ရှင်းဖို့မလွယ်။ နည်းလမ်းတခုက တိုင်းပြည် ကြီးပွားတိုးတက်ရင် ဗရုတ်ဗရက် အဖြစ်နည်းတယ်။  ပြောလေ့ရှိတာ လူအများစု သည်းခံဖို့၊ ဘာသာတရား အဆုံးအမ လိုက်နာဖို့၊ အနည်းစုကို အနိုင်မကျင့်ဖို့…။ လူမျိုးရေး နဲ့ ဘာသာရေး နှစ်ခုယှဉ်လိုက်ရင် ဘာသာရေး ပဋိပက္ခသည်  ပိုပြင်းထန်တယ်။ သဂျီးဦးခိုင်ဆီကနေ ရှားရှားပါးပါး (ဘုရားစူး) တန်ဖိုးရှိတဲ့ စကားလုံး မှတ်သားဖူးတာ “မြတ်စွာဘုရားက သာဝကတပည့်များကို ဂိုဏ်းဂဏ ထူထောင်ခွင့် မပြုခဲ့ဆိုတာပဲ” ဒါကြောင့်ထင်ပါရဲ့ ဗုဒ္ဓဘာသာ သာသနာမှာ တစုတစည်းထဲ ဂိုဏ်းချုပ်ဆိုတာ မတွေ့ရဘူး။ သူ့ဒေသအလိုက် […]


တလောက TheWeek.com မှာ ပူပန်နေဖို့ မထိုက်တဲ့ ထင်ယောင်ထင်မှား ဂရမ်မာ အများများ ဆောင်းပါး အဆက်ဖြစ်ပါ။ တန်ဖိုးရှိပြီး လေးစားလိုက်နာရမည့် သဒ္ဒါစည်းကမ်းများစွာ ရှိပါတယ်။ သူတို့နောက် မလိုက်လို့ လူဆိုး၊ စာရေးမသာ ဖြစ်သွားစရာတော့ မရှိဘူး။ တချိန်မှာ အဲဒီသဒ္ဒါစည်းကမ်းတွေကို Henry James, Henery Adams နဲ့ အခြားထင်ရှားသော ဟင်နရီအမည်တပ် စာရေးဆရာများစွာ ချိုးဖောက်ခဲ့ဖူးတာ သေချာပါတယ်။ ဒါ့အပြင် သဒ္ဒါစည်းကမ်းသည် ဖြစ်သလို ရေးနေကြတဲ့ ယနေ့ခေတ် စာအရေးအသားမှာ အားအနည်းဆုံး ထောက်ပြဝေဖန်ခံရတဲ့ ပြသနာတခု ဖြစ်နေပါပြီ။ ကျနော့်စာအုပ်အသစ် How to Not Write Bad: The Most Common Writing Problems and the […]


“တရုတ်ကူမြူနစ်ပါတီ မြန်ကျင့်ပြည်နယ် တာဝန်ခံ အသစ်ခန့်အပ်…” တရုတ်ကူမြူနစ်ပါတီမှ ယူနန်ပြည်နယ် တောင်ပိုင်းနှင့် ထိစပ်လျက်ရှိသော ဧရိယာ စတုရန်းမိုင် ၂၆၀၀၀ဝ ကျော် ဒေသကို မြန်ကျင့်ပြည်နယ်အသစ် သတ်မှတ်ပြီး ယင်းဒေသ ကူမြူနစ်ပါတီ အကြီးအကဲအဖြစ် ဘွားဒေါ်ဂျီးအား ခန့်အပ်လိုက်သည်။ အသစ်ခန့်အပ်ခံရသော မြန်ကျင့်ပြည်နယ် ကူမြူနစ်ပါတီ အကြီးအကဲ ဘွားဒေါ်အနေဖြင့် တရုတ်ကူမြူနစ်ပါတီ ခေါင်းဆောင်များနှင့် တရုတ်အစိုးရ အကြီးအကဲများထံမှ ဩဝါဒစကား နာခံရန် မကြာမှီ  ပီကင်းမြို့တော်သို့ သွားရောက်ရန် ရှိကြောင်းသိရသည်။ ဘွားဒေါ်မှ သည်လိုပြော “သားရယ် သီးခံလိုက်ပါကွယ်…” မတ်လ၁၄ရက်နေ့က မီးပွိုင့်အချိန်မှီ စိမ်းမပေး၍ တပ်ချုပ်ကြီးမြေး ဖိုးလပျိ၏ အထိုးအကြိတ် နှိပ်စက်ခံရသော အင်းလျားလမ်း မီးပွိုင့် ယဉ်ထိန်းရဲသားအား တိုင်းပြည်ရေရှည်အကျိုး မျှော်ကိုး၍ သည်းညီးခံရန် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်ရေး […]


ဒီနေ့ ဘာဖွရင် ကောင်းမလဲ စဉ်းစားတော့ တနေ့က ဒေါ်ခင်မမမျိုးရဲ့ ရင်ကိုထိမှန်စေခဲ့သော မြှားချက်များ ပို့စ်မှာ ကြံ့ဖွတ်စည်းရုံးရေးမှူးဟောင်း အင်ဖော်မာ ကပေရဲ့မှတ်ချက်“ စစ်ကိုင်းတိုင်း ရဲမှူးဂျီးက ဒေါ်စု သာ တစ်ခုခုဖြစ်ကြည့် အထက်အမိန် ့မပေးထားပေမယ့်လဲ အကုန်ပစ်သတ်မယ်လို ့ကြိမ်းတယ်” ကိုဖတ်ရတော့ ဒီမိုး ဒီရေနဲ့ ဒီလေအောက် ဘုန်းဂျီးရူးနဲ့ လှေလူး တွေ့နေဂျပီလို့ တွေးမိတယ်။ သူလုပ်တာနဲ့ ဆန္ဒပြသူတွေက သေဒဏ်ပေးဖို့သင့်တဲ့ လူဆိုးတွေဖြစ်လို့…. အခြားသူတွေလည်း ဘာထူးလဲ … ဆန္ဒပြသူတွေကို ငတုံးငအ အရိုင်းအစိုင်းတဲ့။ ထောက်လှမ်းရေးလည်း မျက်နှာဖုံးစွပ် ရေးလို့ဖြစ်တာမို့ မထူးဆန်းပေမဲ့ ကိုယ်သိနေတဲ့ ရွာသားအချို့ပါ ပြောကြတာမို့ စိတ်ဘဝင်မကျ ဖြစ်မိတယ်…..။ သူတို့လည်း ကျနော့်ကို စနိုးစနောင့် ဖြစ်ချင် ဖြစ်မှာပေါ့လေ။ အပြန်အလှန်ပေါ့။ သက်ရောက်မှုတိုင်းမှာ […]


လက်ပံတောင်းတောင် အစီရင်ခံစာနှင့်ပတ်သက်ပြီး ၈၈ မျိုးဆက်ကျောင်းသား ကိုမင်းကိုနိုင်နှင့် တွေ့ဆုံခြင်း သစ်ထူးလွင် ဝက်ဘ်ဆိုက်မှ ကူးယူသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအစီရင်ခံစာအပေါ် နယ်ပယ်အသီးသီးမှ လေ့လာသုံးသပ်ဝေဖန်မှု များရှိနေသော်လည်း ယင်းကိစ္စနှင့်ပတ်သက်၍ ၈၈ မျိုးဆက်ကျောင်းသားများ၏ သဘောထားမှတ်ချက် တစုံတရာထွက်ပေါ်လာခြင်းမရှိသည့်အပေါ် ထင်မြင်ချက်အမျိုးမျိုး ထွက်ပေါ်ခဲ့သည်။ သို့ဖြစ်၍ ၈၈မျိုးဆက်ကျောင်းသားများအနေဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မည်ကဲ့သို့ ထင်မြင်သုံးသပ်သည်ကို သိရှိနိုင်ရန် The Messenger  ဂျာနယ်မှ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ပါသည်။ လက်ပံတောင်းတောင် အစီရင်ခံစာထွက်လာပြီဆိုတော့ ၈၈ မျိုးဆက်ကျောင်းသားတွေရဲ့ သဘောထားက ဘယ်လိုလဲ။ ပြည်သူတွေ စိုးရိမ်ကြောင့်ကြနေတာကို ကျွန်တော် တို့သိပါတယ်။ အဓိက ကတော့ ဒါဟာ အစီရင်ခံစာ ပဲဖြစ်တယ်။ အစီရင်ခံစာဆိုတာဟာ နောက်ဆုံးအပြတ်ချတဲ့ အမိန့်မဟုတ်ဘူး။ အစိုးရကအပြီးအပြတ်ချတဲ့အမိန့် မဟုတ်ဘူး။ နောက်ဆုံး […]


ဟေ့ကောင်ကြောင်ကြီး.. မင်းအပေါက်ပိတ်စမ်း..။ တောက်စ်.. မလောက်လေး မလောက်စားနဲ့၊ ငါလိုသဂျီးကို … ခွီးထဲမှပဲ။ ဦးခိုင်တယောက် ကြိတ်မနိုင်ခဲမရ ဖြစ်နေခြင်းမှာ ၎င်းအား အချိုးမပြေဟု ဝေဖန်နေခြင်းကြောင့်တီး။ မင်းနာမည်ကြီးချင်တိုင်း ငါလို ဂုံသားရေရှိ လုဂျီးလုဂေါင်းကို တောင်ပြောမြောက်ပြောနဲ့ မဟုတ်တမ်းတယား လျှောက်ဖွရသလားကွ။ ငါ့ဟာငါ ဘာလုပ်လုပ် နင့်အပူပါလား.. ဂေါင်းဇောင်ဂျီးကွ ဂေါင်းဇောင်ဂျီး။ မင်းတို့တွေ ကိလေသထဖို့ ဒေါက်တာချက်ကြီ်း ငါထောင်ပေးထားတာ၊ ကျေးဇူးတရား သိတတ်ရတယ်။ တယောက်ထဲ အိမ်မှာဒိုင်လျှို ကြည့်နေရသားနဲ့ အားလုံးမြင်ကြပါစေဆိုပြီး ဖရီးပွန်းဆိုက် လုပ်ပေးထားတာမှ မထောက်…။ အေဗေးဂေါင်တွေ ယီးပဲ…..။  သဂျီးကို ကလန်ကဆန် ပြောမိသူများအားလုံး ကိုယ်မဟုတ်သလို ငြိမ်နေရသည်။ မင်းတို့ ဘာသောက်ဖစ်ရှိလဲ၊ စိနတိုင်းသားတွေ တူးပေးမှ မြေဂျီးက ရွှေသီးမှာ။ အခုတော့ …. ရွာနာတယ်လေး […]


  သမီးလေးဝေါင်း… သတိရခြင်းများစွာနဲ့ စာရေးလိုက်ပါတယ်။ ကိုယ့်ဖခင်ကို ဆုံးရှုံးသွားလို့ ဝမ်းနည်းကြေကွဲ နေမှာပဲနော်၊ ဦးကြောင်လည်း ကျန်ရစ်သူ မိသားစုနဲ့အတူ မျှဝေခံစားရပါတယ်။ ဒါကြောင့် တတ်နိုင်သလောက် အားပေးနှစ်သိမ့်ဖို့ ဓမ္မစကားဆိုရင်း စိတ်ပြေတဲ့အခါ ရွာကိုပြန်လာခဲ့ပါလို့ ဖိတ်ခေါ်ပါရစေ…။ သဲအင်းဂူဆရာတော်ကြီးက ဆွမ်းသွပ်တရားနာပွဲတခုမှာ ကျန်ရစ်သူ ဒကာမကြီးကို ဒီလိုဆုံးမတယ်။ လူတွေက သေတယ်သေတယ် ပြောကြငိုကြတယ်။ အဲဒါ သေတာမဟုတ်ဘူး၊ ဘဝပြောင်းတာ.. ဘဝတခုကနေ တခုကို ကူးတာ။ ဘယ်သူတွေသေလဲ.. ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟနာ္တရှင်မြတ်တွေ သေတယ်။ သူတို့ပြန်မလာတော့ဘူး။ ပုထုဇဉ်တွေက အရင်ဘဝကနေ ဒီဘဝရောက်..နောက်ဘဝကိုကူး.. ရပ်ခွင့်မရှိဘူး။ ဒါကြောင့် ဆုံးရှုံးသွားပြီနဲ့ တွေ့ဆုံကြုံကွဲ လောကနိယာမအပေါ် အယူမမှားဖို့မှာတယ်။ (စကားလုံး အတိအကျ မဟုတ်ပါ) ဘာသာတရား ရှုဒေါင့်ကနေ နတ်ပြည်လားတယ် ကောင်းကင်ဘုံသွားတယ် […]


သဂျီး အပမှီနေပြီထင်တယ်၊ ရွာသူနှောက်ယှက်တာလား၊ ပယောဂဝင်တာလား တခုခုတော့ တခုခုပဲ မနေ့က သူ့ဆီ သတင်းသွားမေးတော့ အိမ်ဧည့်ခန်းမှာ ခြေနှစ်ချောင်း ကွားရားခွ ငုတ်တုပ်ထိုင်နေတာ နှစ်လုံးပြူးဂျီး အတိုင်းသား မြင်နေရတယ်။ ဘယ်သူ့ကိုမှ ဂရုစိုက်ပုံ မရဘူး။ သေချာအောင် အနားသွားပြီး ပရိတ်ရွတ်တော့ မျက်နှာဂျီး မဲ့ပြတယ်၊ ပုံတော်ထုတ်ပြတော့ မိုးကောင်းကင် မော့ကြည့်ပြီး စကိုင်းဘီလူး…. စကိုင်းဘီလူးလို့ နှုတ်ကတဖွဖွ ရွတ်လို့ဗျို့။ ကျုပ်လည်းကြောက်လိုက်တာ… ဘာဖြစ်မှန်း သိဘူးလေ၊ တော်ကြာနေ အာဠာဝက ဘီလူး၊ တာနောယက္ခ ဘီလူးလိုမျိုးဆို ဘယ်လိုလုပ်မလဲ။ နောက်တော့ ကျနော့်ကို ခေါင်းပေါင်းဆောင်းဆိုပြီး သူ့ဘေး အတင်းထိုင်ခိုင်းတော့တာပဲ။ ဘာလုပ်တယ်မှတ်လဲ လွှတ်တော်တက်တာတဲ့ဗျာ။ သူနဲ့ကျနော်ပေါင်း နှစ်ယောက်ရှိလို့ လွှတ်တော်စည်းဝေးပွဲ တက်ရောက်သူဦးရေ ရာနှုန်းပြည့် အထမြောက်သတဲ့။ ပြောလိုက်တာ စုံလို့ဗျာ.. […]