နေ့တနေ့ဖြစ်တည် ကြယ်တစင်းမွေးဖွား ပုလဲတလုံးသန့်စင် အိုင်းစတိုင်းပြောတော့ E = mc2 ထုနဲ့အလင်းမှာ စွမ်းအင်ရတယ် စတြာဝဠာရဲ့အစ… အချစ်တခုရှင်သန် ကဗျာတပုဒ်ဖန်တီး ရင်ခုန်သံပဲ့တင်ထပ် ဘဝ + မျှော်လင့်ချက် ခံစားချက်နဲ့ လူတယောက် ကမာ္ဘတခုနိဒါန်း.. နယူတန်ပြောတဲ့ ဆွဲငင်အား ငါ့အတွက်တော့ ဖြစ်မလာ ဝေးကွာသွားပေမဲ့ ကျေနပ်စွာ ငေးနေပါ့မယ် ပိုတောက်ပလာတဲ့ ကြယ်စင်တပါး…။