နှစ်သစ်ကူးမှာ ဘယ်လိုပို့စ်မျိုး တင်ရမလဲ စဉ်းစားတာ ဘာသာရေး၊ နိုင်ငံရေး၊ ဝေဖန်ရေး၊ ဒဂျီးဘုံးဒေါ်ဘွဲ့ အကြောင်းအရာ ဗောင်းဇုံထွက်လာတယ်။ ဟိုဒီ ရွေးနေရင်း နောက်ဆုံး ကိုယ့်အကြောင်း ကိုယ်ရေးဖို့ ဆုံးဖြတ်လိုက်တော့ဒယ်။ လူအများ အထင်အမြင်မှားနေတာကို ဖြေရှင်းတဲ့ သဘောလည်းဖြစ်တာမို့ စာဂေါင်းဇင်ကို သွယ်ဝိုက်မနေဘဲ ပြတ်ပြတ်သားသား ပေးထားဒယ်။ ဖတ်ကြည့်ဂျပါ………. 😉 လူအများစုက ကြောင်၊ ခွေး အသက်ကို လူ့သက်တမ်းနဲ့ ကိုက်ညှိတွက်တာ အလွယ်လေးလို့ ထင်ဂျပါသတဲ့၊ တွက်ပုံဂ ဒလိုပါ… သူတို့အသက်ကို ခုနှစ်နဲ့မြောက်တယ၊် ဥပမာအားဖြင့် လေးနှစ်သားကြောင် သို့မဟုတ် ခွေး ဆိုရင် လူ့သက်တမ်းအရ ၂၈နှစ် ရှိဘီပေါ့..။ ဒါပေသိ သချာင်္ကိန်းညွှန်းကို ပျမ်းမျှယူတွက်ရင် အဲသလောက် မဖြစ်နိုင်ပါဘူး။ အဲဒိတွက်ပုံအရ တနှစ်သား ခွေးသည် လူ့အသက် […]


မြှောက်ပေးဒါဒေါ့ဟုတ်ဖူး.. 1saleaday.com မှာ ပြည်တွင်းကရွာသူားများအတွက် deal ကောင်းကောင်းလေး တခုတွေ့မိလို့ပါ။ တလောတုန်းက သဂျီး ရွာအတွက် နှစ်သစ်ကူး လက်ဆောင်ပေးဖို့ ဆမ်ဆောင်းလက်ကိုင်ဖုန်း ဝယ်တယ်သတင်း ကြားတယ်။ ၃ကျပ်တန်ဖုန်းကို unlock လုပ်လိုက်တာ သယ်ခနဲ့ဆို သုံးလေးဆယ် ကျတယ်ဆိုဘဲ…။ ဆင်ဖိုးထက် ချွန်းဖိုးကြီးနေတယ်ဗျို့..။ အခု ဖုန်းဆက်လေးက အဲဒီဟာထက် အပုံကြီးသာတယ်။ ဈေးလည်းသင့်တယ်၊ အားလုံးအပြီးအစီး ၄၅ဒေါ်လာ ပလပ်စ် သယ်ခ ၁ဝ – ၂ဝ ဒေါ်လာ ပဲရှိတယ်။ သဂျီးအတွက် မထောင်းတာပါဘူး။ သောကြာညတိုင်း ခုနှစ်လွှာချွတ်ပွဲသွားကြည့်တာရဲ့ အပုံတရာပုံတပုံတောင် မရှိပါ။ ရွာသားများ သဂျီးကို တောင်းဆိုချင်ရင် အချိန်မှီနိုင်အောင်လို့ အချိန်expire (နယူးယောက်စံတော်ချိန် ည ၁၂နာရီဆို ပိတ်ပြီ) မဖြစ်ခင် အသိပေးပါတယ်။ အခု […]


ဗိုလ်ချုပ်ကျီးမင်းအောင်လှိုင် ဒုတိယဗိုလ်ချုပ်မှူးဂျီး ရာထူးတိုးသည့်အပြင် သရေစည်သူဘွဲ့ပါ ထပ်မံချီးမြှင့်ခြင်း ခံရသဖြင့် အလွန်ပျော်နေသည်။ အဘဂျီး၊ အဘလေး တို့နှစ်ဦးအား ကျေးဇူးတင်ထိုက်ကြောင်း အနီးကပ် စောင့်ကြည့် သတင်းပို့နေဂျသူ ထောက်လှမ်းရေးများကြားအောင် နှုတ်မှတဖွဖွ ရွတ်ဆိုနေသည်။ သို့သော် ထိုအပျော် ကြာကြာမခံလိုက်ရ… သူ၏အထက်တွင် ဗိုလ်ချုပ်မှူးဂျီး အသစ်တဦး ခန့်အပ်လိုက်ကြောင်း စစ်ရုံးချုပ်ထက်မြင့်သည့် ညစ်ရုံးဂျုပ်မှ အဘဂျီးအမိန့် ထွက်လာမှ ရာထူးတက်သလိုနှင့် အရာကျသွားကြောင်း သိရသည်။ သူ့အထက်တွင် ရောက်လာသူကား မိုးကျရွှေကိုယ် ကကြောင်ကြီးဖြစ်၏။ အဘ ဗိုလ်ချုပ်မှူးဂျီးနှင့် ဒုဗိုလ်ချုပ်မှူးဂျီးတို့ကတော့ တဆင့်ပိုမြင့်သော ဗိုလ်ချုပ်ဂျုပ်ကျီးနှင့် ဒုတိယ ဗိုလ်ချုပ်ဂျုပ်ကျီး ဖြစ်သွားသည်။ နဂို နံပါတ်သုံးအဆင့်မှ ရာထူးတိုးသည်တွင် နံပါတ်လေးနေရာသို့ ရောက်သွားရရှာသည်။ ဂတုံးပေါ်ထိပ်ကွက် ခံရခြင်းပေတည်း..။ ဗိုလ်ချုပ်မှူးဂျီး မိုးကျရွှေကိုယ် ကကြောင်ကြီးဆိုသူမှာ အသူနည်း။ စစ်တက္ကသိုလ် […]


ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်တဲ့ ကြားဖြတ်ရွေးကောက်ပွဲနိုင် အမတ်စာရင်း ထွက်လာပြီ။ NLD ဝင်ပြိုင်တဲ့ ၄၄နေရာမှာ ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် တနေရာကလွဲပြီး ကျန်၄၃နေရာစလုံးမှာ နိုင်တယ်။ ရာခိုင်နှုန်းအားဖြင့် တွက်ရင်တော့ ၉၇.၇% နိုင်တယ်လို့ ပြောနိုင်တယ်။ သို့သော် မူလဝင်ပြိုင်ဖို့ ပြင်ထားတာ ၄၅နေရာမို့ တနေရာ အညစ်ခံရ၊ တနေရာ ရှုံးတာနဲ့ဆို ၉၅.၆%ပဲ အနိုင်ရှိတယ်လို့ ပြောရင်လည်း မမှားဘူး။ အဲဒီနှစ်နေရာနဲ့ ပတ်သက်လို့ နည်းနည်းပြောဂျင်ဒယ်။ အန်အယ်လ်ဒီ လူကြီးများ စဉ်းစားဂျဖို့ပါ။ လားရှိုး၊ သိန္ဒီ၊ တန့်ယန်းမြို့နယ် ကိုယ်စားပြု အမျိုးသားလွှတ်တော်နေရာကို ကော်မရှင်အနေနဲ့ ပြန်လည် သုံးသပ်ဖို့ တောင်းဆိုသင့်တယ်။ အန်အယ်လ်ဒီ၊ ရှမ်းကျားဖြူ၊ ကြံ့ဖွတ်ပါတီတို့ တဦးနဲ့တဦး မဲအရ မကွာဘူး။ စဉ်းစားရမှာ ပြိုင်တူကျင်းပတဲ့ အခြား၄၄နေရာမှာရှိတဲ့ မဲရလဒ် […]


ကြားဖြတ်ရွေးကောက်ပွဲတော့ ပြီးသွားပြီဗျို့.. သတင်းတွေအရတော့ အန်အယ်လ်ဒီပါတီ ဝင်ပြိုင်တဲ့နေရာ ၄၄ နေရာစလုံး နိုင်တယ်။ ရာနှုန်းပြည့်နိုင်သလား… အဲလိုတော့ ချီးမွှမ်းလို့ရဘူး..… စစ်ကိုင်းတိုင်း ကသာဖက်က အမျိုးသားလွှတ်တော်တနေရာမှာ ကိုယ်စားလှယ်လောင်းတဦးကို ရွေးကောက်ပွဲကော်မရှင်က ဝင်ခွင့်မပေးလို့ တနေရာ အလုခံခဲ့ရတယ်။ အန်အယ်လ်ဒီအနေနဲ့ အော်ချက်ထုတ်ရုံကလွဲလို့ ဘာမှထိထိရောက်ရောက် မကန့်ကွက်နိုင်ခဲ့ဘူး။ ဒီတော့ တနေရာရှုံးတယ်ပေါ့ဗျာ…။ အဲဒီကိုယ်စားလှယ်လောင်းမဲဆန္ဒနယ် အခြေအနေ ဘာသံမှ မကြားရဘူး။ သိသူများရှိရင် ပြောပါအုံး.. ဘယ်သူနိုင်သွားလဲလို့..။ အနိုင်ရထားတဲ့ ရလဒ်တွေ သေချာပြီလားဆိုတော့.. ကော်မရှင်ရဲ့ အတည်ပြုချက်ကို စောင့်ရအုံးမယ်.. သူတို့ ဘာညဏ်နီ ညဏ်နက်တွေ ထုတ်သုံးအုံးမလဲ မသိနိုင်ဘူး။ ဒီတပတ်အကုန်လောက်မှာ ရှင်းရှင်းလင်းလင်း သိရလိမ့်မယ်။ ရွေးကောက်ပွဲရက်ပိုင်းအလိုမှာ အန်အယ်လ်ဒီက သတင်းစာရှင်းလင်းပွဲလုပ်ပြီး မဲမသမာမှုများကို ဖွင့်ချထားခဲ့သလို ရွေးကောက်ပွဲကော်မရှင်ကလည်း ကိုယ်စားလှယ်လောင်း အသုံးစားရိတ်နဲ့ ပတ်သက်ပြီး […]


သစ်ထူးလွင်သတင်းမှာ ဖတ်ရတဲ့သတင်းအရ ကြိုတင်မဲထည့်သူတဦးကို ရာအိမ်မူးဆိုသူက ကြံ့ဖွတ်ပါတီကို အတင်းမဲထည့်ခိုင်းတာ အန်အယ်လ်ဒီကို လာတိုင်လို့ မြို့နယ်ကော်မရှင်မှာ တိုင်ထားကြောင်း ဖတ်ရတယ်။ အစိုးရကို ဝေဖန်ရင်တော့ နိုင်ငံတော်သစ္စာဖောက်မှု အကြည်ညိုပျက်စေမှု၊ တိုင်းပြည်မတည်မငြိမ်ဖြစ်အောင်လုပ်မှု စတဲ့ပုဒ်ထီးပုဒ်မမျိုးစုံနဲ့ ချဲ့ကားမတရား ဖမ်းဆီးထောင်ချပြီးတယ်။ ဒင်းတို့ကိုယ်တိုင်ပဲ စိတ်ကြိုက်ရေးဆွဲထားတဲ့ အခြေခံဥပဒေပါ ပြည်သူတဦးချင်းလွတ်လပ်စွာ မဲပေးပိုင်ခွင့်ကို ထိပါးနှောက်ယှက်တာကြတော့ သိပ်အရေးမကြီးတဲ့ ကိစ္စလေးပါတဲ့။ ဒီတော့ တခုမေးဂျင်ဒယ်ဗျာ ရွေးဂေါက်ပွဲကော်မရှင်ကို… မင်းတို့ရဲ့ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေဆိုတာ လီးလားကွ…။ 😡 မူရင်းသတင်း – ဥတ္တရသီရိမဲဆန္ဒနယ်အတွင်းရှိ မောင်းရမ်းကျေး ရွာတွင် ကြိုတင်မဲပေးသူတစ်ဦးကို ရာအိမ်မှူးက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ပြည်ခိုင်ဖြိုး)အား မဲပေးရန် အတင်းအဓမလုပ်ဆောင်ခဲ့သည့် ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့သည်။ အသက် ၅၅ နှစ်အရွယ်ရှိ ကြိုုတင်မဲပေးသူ ဦးစိုးမြင့်အား အကျပ်ကိုင်ခဲ့သူမှာ မောင်းရမ်းကျေးရွာအုပ်စု၊ ဘုရားကုန်းရွာမှ ရာအိမ်မှူး […]


ကြားဖြတ်ရွေးကောက်ပွဲ မနက်ဖြန်စတော့မယ်၊ ကြိုတင်များလည်း ပေးနေဂျပြီ။ အချိန်နီးကပ်လာတာနဲ့အမျှ ကြံ့ဖွတ်များ၏ မဲခိုးမဲလိမ်မှုများ ပို၍သာတိုးလာနေသည်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲအလွန်မှာ မဲမသမာမှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သင့်ပြင်ထားပါ။ အခုလို စုစုပေါင်း ၅%လောက်ရှိတဲ့ ထိုင်ခုံအရေအတွက်ကိုတောင် ညစ်နေရင် ၂၀၁၅ခုနှစ် အဆုံးအဖြတ် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုကြုံတွေရမလဲဆိုတာ စဉ်းစားစရာမလိုတော့ဘူး။ အန်အယ်လ်ဒီအနေနဲ့ အညစ်ခံရလို့ ဆုံးရှုံးသွားတဲ့ မဲဆန္ဒနယ်များအတွက် အလျှော့မပေး ဈေးမဆစ်တမ်း ခိုင်ခိုင်မာမာ ရင်ဆိုင်သွားဖို့လိုတယ်။ ပြောသာပြောရတယ် ပွဲမစခင်ထဲက စစ်ကိုင်းဖက်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦး အပယ်ခံရလို တဂိုးအသွင်းခံရပြီးသွားပြီ။ ဒေါ်စု မိုးလားကဲလားပြောသာနေတယ် ဘာမှ မယ်မယ်ရရ ကန့်ကွက်လုပ်ဆောင်နိုင်တာ မတွေ့ရပါ။ ဒီပုံစံအတိုင်းဆို ကြေငြာချက်ထုတ် သတင်းစာရှင်းလင်းပွဲလုပ်နဲ့ပဲ ပြီးသွားဖို့များတယ်။ လူကြီးတွေပြောတဲ့ လင်ဆိုးမယား တဖားဖား ဖြစ်မှန်းမသိ ဖြစ်နေမှာစိုးပါတယ်။ ကွာလည်းမကွာနိုင် အရိုက်ခံရတော့ အရပ်ကြားအောင် […]


ေဩာ်..လူဒွေ လူဒွေ…. ကိုယ့်ကိုယ်ကိုတော့ လည်လှလည်လှနဲ့၊ အလိမ်ခံလိုက်ရတာ သိဂျဘူး… သဂျီးကစလို့ ရွာလုံးဂျွတ်.. ဆြာဝန်၊ အင်ဂျင်နီယာ၊ ကွန်ပြူတာဆြာတွေဒဲ့.. သင်္ဘောမောင်းသူ၊ သင်္ဘောဒီဇိုင်းဆွဲသူလည်း ပါလိုက်သေး။ အချို့များဆို ကိုယ်ပိုင်စီးပွားရေးတောင် လုပ်နေသတဲ့….လခစားဝန်ထမ်းဆိုတာ မပြောနဲ့ဒေါ့…။ ဒါနဲ့များ မြန်မာပြည်ကြီး ခေတ်မှီဖွံ့ဖြိုးအောင် ဝိုင်းဝန်းလုပ်ကြအုံးမတဲ့၊ တတပ်တအား ကြယ်ငါလေးတွေကို ပင်လယ်ထဲ ပြန်ပစ်ထည့်ပေးအုံးမတဲ့။ ကိုယ့်ကိုယ်ကိုပဲ အလိမ်မခံရအောင် အယင်လုပ်ကြပါ..။ ကျော်မကောင်း ကြားမကောင်း…. ကြောင်လိမ်တာ လူခံရဒယ်လို့…..။ သူတို့ထဲမှာ ကြေးမုံလေးတယောက်ပဲ လွတ်တယ်……။ ရွာထဲမှာ ကြေးမုံလေးသာ အတော်ဇုံး.. ဒါကြောင့်မို့ သူ့ကိုအခြစ်ဇုံး…။ 😳 ရည်ညွှန်း။ Happy Birthday To Me – ကြောင်ကြီး |273- Hits| Posted by ကြောင်ကြီး on […]


ဒီနေ့ ကျနော့်မွေးနေ့ပါဗျာ.. ရွာထဲက ဘယ်သူများ သတိတယ ကြေငြာပေးမလဲလို့ စောင့်နေဒါ… နောက်ဆုံးတော့လည်း ကိုယ့်ဖာသာကိုယ် ထုတ်ပြောရတော့ဒယ်။ ဆုလေးဘာလေး တောင်းမပေးဂျင်ဂျဘူးလားဟင်..။


ဂေဇက်ရွာသူ ကြေးမုံလေးအမျိုး Na Li အား ရွာသားကြောင်ကြီးနှင့် ရည်ငံကြည်နူး ချစ်ရည်လူးလျက်ရှိသော ရှာရာပိုဗာ Sharapova မှ ၂၀၁၂ခုနှစ် WTA ၏ Sony Errison ဖလား အင်္ဂါနေ့ ကွာတားဖိုင်နယ်ပွဲစဉ်တခုတွင် နှစ်ပွဲပြတ် ၆-၃ ၆-ဝ ဖြင့် လက်စွမ်းပြ အနိုင်ယူလိုက်သည်။ Na Li သည် မန်းဂေဇက်ရွာ အရှေ့မြောက်ဖက်ရှိ အသူရာနိုင်ငံတွင် နေထိုင်သူဖြစ်ပြီး ကြောင်ကြီးချစ်ချစ် ရှရာပိုဗာမှာ အမေရိကန်နိုင်ငံသို့ ငယ်စဉ်ကထဲက ရွှေ့ပြောင်းအခြေချလာသူ ရုရှားနိုင်ငံသူလေးဖြစ်ကြောင်း သတင်းများအရ သိရသည်။ ရှရာပိုဗာလေးသည် ရုရှားနိုင်ငံသူအဖြစ် ဆက်လက်ခံယူထားသော်လည်း အမေရိကန်နိုင်ငံတွင် ကြီးပြင်းလာသူဖြစ်သည်အတွက် အမေရိကန်ပရိတ်သတ်၏ အားပေးမှုကို ခံယူရရှိထားသည်။ ယနေ့ပွဲစဉ် အရှုံးအနိုင်အရ အသူရာနိုင်ငံမှ အမေရိကန်နိုင်ငံအား အကြွေးဖြင့်ဖိ၍ အနိုင်ယူထားသည် ဆိုနေခြင်းမှာ […]


ဆင်းစားကြည့်ပါ ကျောင်းဆရာ.. ဖြစ်သင့်ရဲ့လားလို့..။ တော်ရုံဆို ကြောင်ကြီးပြောပါဘူး မသိချင်ယောင် ဆောင်နေလိုက်မယ် အခုဟာက လွန်လွန်းဒယ်။ နိုင်ငံရဲ့ ဥပဒေပြုအမတ်မင်းတွေကို လယ်စိုက်ဝံကျီးဆိုသူ ပြောလိုက်ပုံများဗျာ ဘာတဲ့ “လွှတ်တော်ကိုယ်စားလှယ်ဆိုပြီး စာမှမတတ်၊ ဆယ်တန်းမှမအောင်ဘဲ။ လွှတ်တော်ထဲကို လာထိုင်နေတော့ သူများက ထဆို ထမယ်။ ထိုင်ဆိုရင်ထိုင်မယ်။ သူများက ခလုတ်နှိပ်ဆို နှိပ်တယ်။ သူကမှ မသိတာ၊ ဘာတွေပြောနေလဲ၊ သူကမှ နားမလည်တာ။ ရမ်းပြီးလုပ်နေတာ။ လှော်တဲ့ ကောင်ကလည်း လှော်ရမယ်။ ထိုင်တဲ့ကောင်ကလည်း ငြိမ်ငြိမ်လေးထိုင်၊ အသက်ကြီးပြီဆိုရင် ငြိမ်နေရမယ်။ ငြိမ်ငြိမ်လေးမထိုင်ဘဲ အသားကုန် ဟိုလှုပ် ဒီလှုပ်၊ လှုပ်နေရင်တော့ ဒါ ဘုန်းကြီးရူးနဲ့ လှေလူးနဲ့… “ သူတို့ ကိုယ်စား မခံနိုင်လွန်းလို့ပါ။ ဟုတ်တယ်လေဗျာ လွှတ်တော်အမတ်မင်းတွေက ဒီလောက်တောင် အသုံးမကျ […]


နိုင်ငံရေးအကဲဖျက် အကျွန်ုပ်ဦးကြောင်ကြီး သံမဒကျီးကို ဘယ်သူမှ မယူလို့ကျန်နေတဲ့ အကြံဂေါင်းတခု ပေးချင်တယ်။ ကြားဖြတ်ရွေးကောက်ပွဲရက် သိပ်နီးနေပြီ။ ရက်ပိုင်းပဲ လိုတော့တယ် သို့ပေသိ မြို့နယ်တိုင်းမှာ မဲစာရင်းကွာဟမှုတွေ ကျော်မကောင်း ကြားမကောင်း ဖြစ်နေတယ်။ အောက်ခြေ ကျေးရွာအတော်များများမှာ မဲဆန္ဒရှင်စာရင်းတောင် မကပ်နိုင်သေးဘူးဖြစ်နေတယ်၊ ကျေးရွာအဆင့်တွေက မြို့နယ်ညွှန်ကြားချက်ကိုစောင့်၊ မြို့နယ်က ခရိုင်၊ ခရိုင်ကတိုင်း၊ တိုင်းကပြည်ထောင်စုကော်မရှင်၊ ကော်မရှင်က ကော်မရှင်ငှက်ကထကိုစောင့်၊ ငှက်ကထက ငှက်ကထကတော်ကိုစောင့် (အိမ်လည်သွားတာ ပြန်လာသေးလို့) အဆင့်ဆင့်စောင့်ကြရင်း နောက်ဆုံး ကုတင်ကျိုးတာပဲ အဖတ်တင်မယ်။ မဲစာရင်း မမှန်မှတော့ ရွေးကောက်ပွဲလုပ်လည်း မထူးဘူး။ ညောင်မြစ်တူးရင်း ပုတ်သင်ဥပေါ်နေပြီ။ ကြားဖြတ်မဲစာရင်းကနေ ဘူးပေါ်သလိုပေါ်လာနေတဲ့ မဲလိမ်မှုသည် သမိုင်းမှတ်တမ်းများဖြစ်လို့ ၂၀၁ဝရွေးကောက်ပွဲ တရားဝင်မှုကို ခြိမ်းခြောက်လို့နေပါတယ်။ ၂၀၁ဝရွေးကောက်ပွဲ ရလဒ်အဖြေကို ထိခိုက်မှာစိုးလို့ လိမ်ထားတဲ့ မဲစာရင်းတွေကို […]


မနေ့က သတင်းမှာဖတ်ရတယ် ဗန်းမော်၊ ဖားကန့်၊ မိုးကောင်း ကချင်ပြည်နယ် သုံးမြို့နယ်မှာ လုံခြုံရေး အခြေအနေအရ ကြားဖြတ်ရွေးကောက်ပွဲ ရွှေ့ဆိုင်းလိုက်တယ်တဲ့။ အဲဒီအကြောင်းပြချက် နောက်ကွယ်မှာ ဘာတွေရှိနိုင်မလဲ။ ဝိုင်းစဉ်းစားကြည့်ရအောင်… ၁။ လူမျိုးစုပြည်နယ်ဖြစ်တယ်… လူမျိုးစုပြည်နယ် အများအပြားရှိပေမဲ့ စစ်တပ်အတွက် နီးစပ်တယ်လို့ ခံစားရပုံခြင်း တူချင်မှတူလိမ့်မယ်။ ကချင်တွေကို အနောက်အုပ်စုနဲ့ သိပ်နီးစပ်လွန်းတယ်လို့ စစ်တပ်အနေနဲ့ တွက်ထားဖို့များတယ်။ အတိုက်အခံ အားကောင်းတာခြင်းအတူတူ အဲလိုဒေသမျိုးတွေမှာ စစ်အုပ်စုအတွက် အန္တရာယ်ဖြစ်နိုင်သူ ဒါမှမဟုတ် ရှင်းထုတ်ရခက်တဲ့သူဆို တရားဝင်နေရာပေးဖို့ အဆင်သင့်ဖြစ်ပုံမရဘူး။ ကေအိုင်အို ဒုဥက္ကဌဟောင်း ဒေါက်တာတူးဂျာကို ၂၀၁ဝရွေးကောက်ပွဲ အဝင်မခံတာ အသိသာဆုံးပဲ။ ၂။ မဟာဗျူဟာအရ အရေးပါတဲ့ ရှေ့တန်းခံတပ်တွေ ဖြစ်ပုံရတယ်။ ဗန်းမော်ဆိုရင် ဗလမင်းထင် တရုတ်နဲ့ စစ်တိုက်တုန်းက ခံတပ်မြို့ဖြစ်ခဲ့တယ်လို့ မှတ်မိသလိုပဲ။ (ကောင်းတုံ […]