kaiMarch 9, 20101min2073
ကမ္ဘာ့လူဦးရေသန်း၁၇ဝနှင့် အမေရိ ကန်လူမျိုး ၃.၂သန်းတို့ ခံစား နေရသော၊ အသည်းကင်ဆာဖြစ်လာနိုင်သည့် Hepaptitis C အသည်းရောင်’စီ’ရောဂါကို အမေရိကနိုင်ငံတွင် အခမဲ့ဆေးကုသမှုခံယူနိုင် ပြီဖြစ်ကြောင်း အမေရိကနိုင်ငံလော့စ်အိန်းဂျ လိစ်မြို့နေ မြန်မာဇာတိနွယ် လူနာတဦးကရတနာပုံနေပြည်တော် သတင်းစာသို့အကြောင်း ကြားလာသဖြင့် ပြည်တွင်းပြည်ပမြန်မာဇာတိ နွယ်တို့အတွက် အလွန်အကျိုးရှိနိုင်မည့်သတင်း ထူးဖြစ်သောကြောင့် အခမဲ့ဆေးကုသပေးနေ သည့် Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာနသို့ ရက်ချိန်းယူကာ သွားရောက် သတင်းရယူခဲ့ပါသည်။ Cedars-Sinaiဆေးရုံအသည်းရောဂါ ကုဌာန၌ ၆လကျော်ဆေးကုသမှုခံယူပြီးနောက်အသည်းရောင်စီပိုးပျောက်ကင်း၍နလံထကာစထိုမြန်မာလူနာသည်အားနည်းနေသည့် ကြားမှလော့စ်အိန်းဂျလိစ်မြို့Cedars-Sinai ဆေးရုံအသည်းရောဂါကုဌာနသို ကိုယ်တိုင် ကိုယ်ကျလိုက်လံပို့ဆောင် မိတ်ဆက်ပေးသဖြင့် အသည်းရောဂါ ဌာနမှူး ဒေါက်တာFred Poordad M.Dအားတွေ့ဆုံခွင့်ရခဲ့သည်။ ကယ်လီဖိုးနီးယား (လော့စ်အိန်းဂျလိစ်)တက္ကသိုလ်(UCLA)မှဆေးပညာပါမောက္ခ တဦးဖြစ်သူ ဒေါက်တာ Fred Poordad M.Dသည် များပြားလှသောလူနာများကိုဆေးကုသပေးနေသည့်ကြားမှရက်ချိန်းပေးထားသည့်ဇန်နဝါရီလရက်တရက်တွင် ထမင်းစားချိန်ဖြစ်သော နေ့လည်၁၂နာရီ၌ ရတနာပုံနေပြည်တော်သ တင်းစာကိုအချိန်ပေးကာအသဲရောင်’စီ’ရောဂါ […]