Zaw WonnaMarch 19, 20121min1133
၁။ မခေါ်မဖြစ် ခေါ်ဆိုရမည့် ကိစ္စများ အတွက်သာ အသုံးပြုပြီး ဖုန်းခေါ်ဆိုချိန်ကိုလည်း တိုတောင်းပါစေ။ နှစ်မိနစ် မျှသော ဖုန်းခေါ်ဆိုချိန်သည် ဦးနှောက်၏ သဘာဝ လျှပ်စစ်လှိုင်းများအား တစ်နာရီကျော် ကြာသည် အထိပြောင်းလဲစေသည်။ ၂။ ကလေးငယ်များအား အရေးပေါ် ကိစ္စမျိုးတွင်သာ ဖုန်းအသုံးပြုခွင့် ပြုပါ။ ကလေးငယ်များ၏ တည်ဆောက်ဆဲ ဖြစ်သော ဦးခေါင်းခွံသည် ရောင်ခြည်များအား ပိုမိုနက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက်စေနိုင်သည်။ ၃။ ပုံမှန် အသုံးပြုသည့် ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်အစား လေပိုက် နားကြပ် (air tube headset ) ကို သုံးပါ။ ဝါယာဖြင့် ပြုလုပ်ထားသည့် နားကြပ်များသည် နားပြွန်အတွင်းသို့ ရောင်ခြည် ဝင်ရောက်မှု ဖြစ်စေနိုင်သည်။ ထို့အပြင် အသံဖမ်းတိုင် (antenna) […]


DaveDecember 29, 20091min2176
ပြန့်နှံ့ရောက်ရှိမှု ဆဲလ်ဖုန်းပြောခြင်းသည် ယနေ့ခေတ်ပြိုင်လူ့ယဉ်ကျေးမှုနှင့်လူ့အဖွဲ့အစည်းအတွင်း၌ သာမန်အပြုအမူ၊အလေ့အထတစ်ရပ်အဖြစ် စွဲမြဲအမြစ်တွယ်ခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်လှပြီဖြစ်သည်။အဝေးပြောဆက်သွယ်ပြန်ကြားရေးနယ်ပယ်တွင် မိမိကိုယ်နှင့်မကွာ ထားရှိကာ တစ်ဦးနှင့်တစ်ဦး အလွယ်ကူ၊အထိရောက်ဆုံး ပြောဆိုဆက်သွယ်နိုင်စေေသော ကိရိယာဖြစ်သဖြင့် လူတို့အကြား ဆဲလ်ဖုန်းပြန့်နှံ့ရောက်ရှိမှု အခြေအနေသည် အထူးသဖြင့် ဖွံ့ဖြိုးပြီးနိုင်ငံများတွင် နှစ်အနည်းငယ်အတွင်း သန်းနှင့်ချီ၍ တိုးတက်ခဲ့သည်။ အမေရိကန်ပြည်ထောင်စုတွင် ၂၀၀ဝပြည့်နှစ်က ဆဲလ်ဖုန်းသုံးစွဲသူဦးရေ သန်းပေါင်း ၁၁ဝရှိရာမှ ၂၀၀ရခုနှစ်သို့ရောက်ရှိသောအခါ သန်းပေါင်း၂၇ဝကျော်သည်အထိ ရောက်ရှိခဲ့ သည်ဟု စီတီအိုင်အေကြိုးမဲ့ဆက်သွယ်ရေးအဖွဲ့က အတည်ပြုထားသည်။