Moe ZFebruary 21, 20121min33934
မိဘများသည် မိမိတို့ရင်သွေးငယ်များ အနာဂတ်ဘဝလှပစေရန်၊ ပညာရေးအဆင့်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် ငယ်စဉ်ကပင် မူကြိုကျောင်းများသို့ပို့ကြပါသည်။ မိဘအများစုသည် မိမိတို့နေထိုင်ကြီးပြင်းခဲ့ရသော စည်းကမ်းတင်းကျပ်သော အုပ်ထိန်းမှုများနှင့်၊ ညွှန်ကြားမှုအတိုင်းလုပ်ဆောင်ရသော ကျောင်းပတ်ဝန်းကျင်များကိုသာ  နှစ်ခြိုက်ကြပါသည်။ အဆော့သန်သောကလေးများက မိဘများကိုစိတ်ပျက်စေပါသည်။ အံ့ဩစရာကောင်းသောအချက်မှာ ကလေးစိတ်ပညာရှင်များ၏ ကစားခြင်းသည် အကျိုးမဲ့သက်သက်အချိန်ဖြုန်းခြင်းမဟုတ်ဟူသော အဆိုပင်ဖြစ်ပါသည်။ ပညာရှင်များ၏ သုတေသနပြုချက်များအရ ကစားခြင်းသည် ကလေးများအတွက် သင်ယူရာတွင် အထိရောက်ဆုံးနှင့် အစွမ်းထက်ဆုံးနည်းလမ်းဖြစ်သည်ဟုဆိုပါသည်။ကလေးများသည်ကစားနည်းများမှ သူတို့ကိုယ်တိုင်အကြောင်း၊ အခြားသူများနှင့် ပတ်ဝန်းကျင် ကမာ္ဘလောက အကြောင်းကို အခြေခံအကျဆုံးသင်ယူနိုင်ပါသည်။ ကစားခြင်းက ကလေးများ၏ဦးနှောက်ကို ပုံသွင်းတည်ဆောက်ပေး ပါသည်။ အာရုံကြောများ၏ ဆက်နွယ်ဖွဲ့စည်းမှုများကိုလည်း ပို၍သိပ်သည်းအားကောင်းစေပါသည်။ ဦးနှောက်ဆဲလ်များသည် လေ့လာသင်ယူနေသည်နှင့်အမျှ ပို၍သန်မာကြီးထွား ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ကစားခြင်းသည် ကလေးများအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခုပင်ဖြစ်ပါသည်။ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ ဓလေ့ထုံးတမ်းအစဉ်အလာပေါင်းစုံမှကလေးတိုင်း ကစားကြပါသည်။ ကစားနည်းအမျိုးမျိုးရှိကြသလို ကလေးများအား လွတ်လပ်စွာကစားစေခြင်းက […]


Moe ZJanuary 17, 20121min39139
“Value” ကို “စံ” ဟု ဘာသာပြန်ချင်ပါသည်။ ကျွန်မတို့သည် မိမိကိုယ်ကို တန်ဖိုးထားတတ်ရန်အတွက် သတ်မှတ်ချက်များ လိုအပ်ပါသည်။ အကယ်၍ ထိုစံအဖြစ်သတ်မှတ်ထားချက်များမရှိလျှင် မိမိကိုယ်ကို အကောင်းမြင်တန်ဖိုးထားမှု self-esteem လည်း မရှိနိုင်ပါ။ ထိုကဲ့သို့ အကောင်းမြင်စိတ် တန်ဖိုးထားစိတ်များကို ငယ်စဉ်ကပင် ပြုစုပျိုးထောင်ပေးသင့်ပါသည်။ မိမိ၏ကလေးအားထိုတန်ဖိုးကို နားလည်အောင် လေ့ကျင့်သင်ကြားပေး နိုင်သူမှာ မိမိကိုယ်တိုင်ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် မိဘတိုင်းသည် ကလေးတိုင်းအတွက် role model ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကလေးတစ်ယောက် ၈နှစ်အရွယ်ရောက်လျှင် မိဘနှင့်အတူနိုးလျှက်ရှိချိန်မှာ နာရီပေါင်း (၄၀၀၀၀) ခန့်ရှိပြီး ကျောင်း၌နေချိန်မှာ နာရီပေါင်း (၄၀၀၀) ခန့်သာရှိပါသည်။ ကလေးတစ်ယောက် မိမိကိုယ်ကို အကောင်းမြင်စိတ် တန်ဖိုးထားစိတ်ကို တည်ဆောက်ယူရာတွင် ကူညီပေးရမည့် အဓိကအချက်မှာ “စံ” များကို သတ်မှတ်ပေးခြင်းနှင့် ကလေးရော မိမိကိုယ်တိုင်ပါလိုက်နာခြင်းဖြစ်ပါသည်။ […]


Moe ZJanuary 10, 20121min34939
ယနေ့ခေတ်တွင် မိဘများသည် မိမိတို့ကလေးများအား ပုံပြင်များပြောပြရန် အချိန်မပေးကြတော့ပါ။ ကလေးများအား ပုံပြင်စာအုပ်ဖတ်ပြခြင်း၊ ပုံပြောပြခြင်းဖြင့် ကလေးကို မိမိဖြစ်စေချင်သော သတ်မှတ်ထားသော စံတစ်ခုကို ပုံပြင်များမှတဆင့် ပြောပြနိုင်ပါသည်။ လမ်းလျှောက်တတ်ကာစ ကလေးများကိုပင် ပုံပြင်စာအုပ်များကို ရင်းနှီးအောင် စိတ်ဝင်စားလာအောင် ဖတ်ပြသင့်ပါသည်။ သို့မှသာ ကလေးများ၏စာဖတ်လိုစိတ်ကို ဖန်တီးတည်ဆောက်နိုင်မည့်အပြင် ဘဝတစ်လျှောက်လုံး အတွက်လည်း စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်လာစေပါမည်။ ပုံပြောချိန်မည်မျှကြာသင့်သနည်း ဆိုသော် ကလေး၏ အသက်အရွယ်နှင့် အာရုံစူးစိုက်နိုင်မှုအပေါ်မူတည်ပါမည်။ သတိထားသင့်သည်မှာ ကလေးအားငြိမ်ငြိမ် ထိုင်ပြီးနားထောင်ဟူသော ဖိအားပေးမှုမျိုးမရှိစေရပါ။ ကလေးများစိတ်ဝင်စားမှု မကုန်ဆုံးမီ ပုံပြင်ပြီးဆုံးသင့်ပါသည်။ သို့မှသာ နောက်ထပ်တစ်ဖန် ပုံပြင်နားထောင်ချင်ပေလိမ့်မည်။ ကလေးများအား စာပေအမျိုးမျိုးနှင့်ထိတွေ့ပေးသင့်ပါသည်။ ဥပမာ- ရုပ်ပုံများသာပါသော ပုံပြစာအုပ်များ၊ ပုံပြင်အမျိုးမျိုး (ဒဏ္ဍာရီပုံပြင်များ၊ ကျေးလက်ပုံပြင်များ၊ တိုင်းရင်းသားရိုးရာပုံပြင်များ)၊ မူကြိုကဗျာစာအုပ်များ၊ ကလေးမဂ္ဂဇင်းများ၊ ကလေးအဘိဓာန်များ၊ ဂဏန်းအက္ခရာစာအုပ်များ၊ […]


Moe ZJanuary 6, 20121min41547
ကျွန်မတို့သည် စကားလုံးများကို အသုံးပြုပြီး မိမိတို့၏အတွေးအခေါ်များနှင့် အကြောင်းပြချက်များကို တွေးတောဖော်ထုတ်ခွင့်ရကြပါသည်။ စကားလုံးများကိုအသုံးပြုရာ၌ ဝေါဟာရမကြွယ်ဝလျှင် အကြောင်းပြချက်များအားနည်း နိုင်ပါသည်။ တစ်နည်းအားဖြင့် ဝေါဟာရကြွယ်ဝပါက ဆိုလိုရင်းအချက်အလက်များကို ပိုမိုကောင်းမွန်စွာပေးနိုင်သည့်အပြင် ရေရှည်အဖိုးတန်သည့် စကားပြောစွမ်းရည်ကို မြင့်မားစေပါသည်။ ထိုသို့ဖြစ်စေရန် စကားလုံးများ၊ ဝေါဟာရများကို နှစ်ခြိုက်တတ်ရန် လိုအပ်ပါသည်။ အင်္ဂလိပ်ဘာသာစကားတွင် ဝေါဟာရပေါင်း (၅၀၀၀၀၀) ကျော်ရှိသည့်အနက် (၃၀၀၀) ခန့်ကိုသာ ကျွန်မတို့နေစဉ် ပြောဆိုအသုံးပြုပါသည်။ ထိုစကားလုံးများထဲ၏ ၆၅%ဖြစ်သော ဝေါဟာရ (၄၀၀)ခန့်ကိုသာ ကလေးများအတွက်ထုတ်သောစာအုပ်များတွင် တွေ့ရပါသည်။ ကျွန်မတို့နေ့စဉ်သုံး ဝေါဟာရ (၃၀၀၀)တွင် ရှေ့ဆက်များ ဖြစ်သည့် dis-, mis-, re-, နောက်ဆက်များဖြစ်သည့် -ed, -ful စသည်ဖြင့် စကားလုံး (၅၀၀၀)ခန့်တိုးလာပါသည်။ ထို့ကြောင့် ကလေးတစ်ယောက်သည် ထိုရှေ့ဆက်၊ နောက်ဆက်စကားလုံးများကို သိရှိနားလည်လာပြီဆိုပါက […]


Moe ZDecember 11, 20111min33726
လောကမှာလူတစ်ယောက်အဖြစ်မွေးဖွားလာဖို့ အဆင့်အတန်းအမျိုးမျိုးသော မိဘတွေဆီမှာ လာပြီးတော့ သန္ဓေတည်ရတယ်။ ဆင်းရဲတဲ့၊ ချမ်းသာတဲ့၊ ပညာမဲ့၊ ပညာတတ်စတဲ့ အလွှာအမျိုးမျိုးမှာ မွေးဖွားကြီးပြင်း လာရတယ်။ သားသမီးတွေအနေနဲ့ မိဘတွေကို ရွေးချယ်ခွင့်မရှိပေမယ့် မိဘတွေကတော့ သားသမီးများကို လိုချင်တဲ့ပုံစံ ရအောင် ပြုစုပျိုးထောင်နိုင်ပါတယ်။ ကလေးတစ်ယောက်က မွေးရာပါမှတ်ဉာဏ်နည်းမယ်၊ ထိုင်းမယ်ဆိုရင် တစ်ခုခုကိုသင်ယူတဲ့အခါမှာ နှောင့်နှေးတတ်ပါတယ် စာတစ်ပုဒ်ဆိုရင်အကြာကြီးကျက်ရမယ်။ ဒါကိုမိဘတွေက စိတ်မရှည်ပဲ ကဲ့ရဲ့ အပြစ်တင်မိမယ်ဆိုရင် ကလေးရဲ့စိတ်ထဲမှာ သိမ်ငယ်စိတ်ဝင်သွားတယ်။  မိဘတွေအမြင်မှာ သူ့ကို အထင်မသေးစေချင်တဲ့အတွက် စာမရသေးပဲနဲ့ရချင်ယောင်ဆောင်မယ် နောက်ဆုံးကလေးပဲ ထိခိုက်နစ်နာ ပါတယ်။ ကျွန်မတွေ့ဖူးတဲ့ ပုံစံတူကလေးတစ်ယောက်ဆိုရင် မြန်မာပြည်ရဲ့ပညာရေးစံနစ်နဲ့ တစ်နှစ် တစ်တန်းတက်လာပြီး ၁ဝတန်းထိရောက်လာတယ်။ ဒါပေမယ့် ၁ဝတန်းကို သူဘယ်လိုမှ မကျော်ဖြတ် နိုင်ခဲ့ဘူး။ မိဘတွေကသူ့ကို ၉တန်းအထိ တစ်ယောက်တည်း ကားလမ်းကိုပေးမကူးဘူး။ သူတို့ကိုယ်တိုင် […]