ဂ်စ္စူJune 1, 20112min1036
အသက် ၄ဝ အရွယ် ဖေ့ဇ်မိုဟာမက်နှင့် အသက် ၁၁ နှစ်အရွယ် ဂူလမ်ဟိတ်ဒါ တို့ကို လက်ထပ်မင်္ဂလာပွဲတွင်တွေ့ရစဉ်။ ထိုသို့လက်ထပ်စဉ်က ကလေးမငယ်ကို မေးမြန်း ကြည့်ရာ ”သမီးအဲဒီလူကြီးကိုမှ မသိတာ၊ ဘာကို ဘယ်လိုမှ မခံစားမိပါဘူး” ဟု ပြောပါသည်။ အာဖဂန်နစ္စတန်နိုင်ငံရှိ အမျိုးသမီးငယ်လေးများမှာ ကလေးဘဝ မှာပင် ချမ်းသာကြွယ်ဝပြီး ကာမ စိတ် အစွန်းရောက်သူအချို့၏ လက်ဝယ်သို့ကျရောက်လျက်ရှိကြ သည်။ အရွယ်မရောက်သေး သည့် အသက် ၁၁နှစ်အရွယ် မိန်းကလေး ငယ်များပင်လျှင် မိဘများအလိုကျ ချမ်းသာကြွယ်ဝ သူများနှင့် လက် ထပ်နေကြရသည်။ လက်ထပ်ပြီးနောက် သားမှတ် မှတ်မယားမှတ်မှတ ်ပေါင်း သင်းနေ ထိုင်ခြင်းမခံရဘဲ ငွေဝယ်ကျွန်ဘဝ (သို့)အိမ်ကျွန်(သို့)လိင်ကျွန်ဘဝကို ရောက်ကြရရှာပြီး၊ သေလုခမန်းနှိပ် စက်ခံကြရရှာသေးသည်။ အရွယ် နှင့်မမျှသော […]