စနေနေ့တုန်းက အသိတွေ စုပြီးတော့ (၃ယောက်ပါပဲ) ဓာတ်ပုံ သွားရိုက်ကြမယ် ဆိုပြီး ဒီက မြန်မာ တွေ စုရပ် ဖြစ်တဲ့ ပင်နီဆူးလား ပလာဇာ မှာ နေ့လည်စာ စားကြပြီးတော့ ထွက်ဖြစ်ကြတယ်ပေါ့ဗျာ။ ပင်နီဆူးလားကနေပြီးတော့ Garden By The Bay ဘက်ကို လျှောက် အဲ့ဒီကနေ Marina Barrage လို့ခေါ်တဲ့ ဒီက ရေလွှဲတံခါး ရေထိန်းသိမ်းတဲ့ နေရာကို ဖြတ်ပြီး ဟိုးးဘက်ခြမ်းက ဂေါက်ကွင်းနားမှာ ပန်းခြံလို တစ်ခု ရှိတယ် ပန်းအမျိုး သုံးရာလောက် ရှိတယ် ဆိုပြီး သတင်းကြားတာနဲ့ သွားကြတာ။ တကယ်လဲ သွားရော ဟိုဘက်မှာက ဘာမှ မရှိဘဲ တော သာသာ ဖြစ်နေလို့ ဒီတိုင်း ပြန်လာရတယ်။ ဒီတိုင်း ဆိုတာလဲ သွားရိုက်ချင်တဲ့ နေရာ မရောက်တာပေါ့လေ။ ဓာတ်ပုံတွေကတော့ လမ်းတလျှောက် တွေ့သမျှ မြင်သမျှ တွေ ရိုက်သွားတာပါပဲ။ လူတွေလဲ အတော် မျော့ သွားရှာတယ်။ နေ့လည် နေပူကျဲတဲ မှာ ဒီ […]


ကနေ့ သူများ မွေးနေ့ ကို ဝါးတီး မသွားခင်လေး တရုတ်ပန်းခြံ မှာ လက်သွားဆော့လာကြတာတွေပါ ခည။ ဒါတွေက Snapseed နဲ့ HDR ပါးပါးလေး ပုတ်ထားတာ။         ဒီပုံတွေက ဗျိုင်း ငါးဖမ်း တာကို လမ်းကြုံလေး ရိုက်လာတာ။ ဒီ တစ်ခေါက်က တော့ ဗျိုင်းရောက်တာ ငါးတွေ မသိသေးတော့ မပြေးသေးဘူး။ အဲဒီတော့ ဗျိုင်းလဲ သိပ်ကြာကြာ မစောင့်လိုက်ရပါဘူး။ ခဏလဲ နေရော ငါးတွေ ထွက်ပြေးကုန်လို့ ဒီ ဗျိုင်းလဲ ဘယ်လို ဆက်စောင့်စောင့် ငါး ထပ်မမိတော့ဘူး။ ဒီ ပုံ ၂ ပုံ က တော့ ငှက်လေး ပျံတာကို ကံကောင်းစွာ မိလိုက်တဲ့ ပုံလေးတွေကို တော်တော်ကြီး crop […]