ပြန်ကြားရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက်ကို  7 Day ဂျာနယ်သတင်းထောက် အဘဥက္ကာကိုကို ၏ ဖေ့စ်ဘွတ်မှ ကူးယူပြီး CJ ဖြစ်ချင်တဲ့ ရွာထဲက လူတွေအတွက် ပြန်လည် ဝေငှလိုက်ခြင်းဖြစ်ပါတယ်…. း-) မီဒီယာသမားများသည် အောက်ပါဥပဒေပုဒ်မများကိုလည်း ကြိုတင်လေ့လာ သိရှိထားပြီး တိကျစွာသတိပြုလိုက်နာကြရန် လိုအပ်သည်။ (က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအား နှောက်ယှက်ခြင်း။ (ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀ဝ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။ (ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ဝင်ရောက်ခြင်း။ (ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို […]