အထည်ချုပ်အသင်းဒုဥက္ကဌ က စီးပွားကူးသန်း ဝန်ကြီးလား မြန်မာ့ရင်းနှီးမြုပ်နှံမှုကော်မရှင်ဥက္ကဌလား(ဒီတိုင်းကြည့်နေကြတော့မှာလား) ကျွန်တော်များ (CMP) လုပ်ငန်းသည် ကုန်ကြမ်းပေးကုန်ချောယူစနစ်ဖြင့် လုပ်ကိုင်လျှက်ရှိသောလုပ်ငန်းဖြစ်ပြီး ကုန်ပစ္စည်းတင်သွင်းညခင်းတင်ပို့ခြင်းတို့အား အခြားကုမ္ပဏီများနည်းတူ ပို့ကုန်သွင်းကုန် လုပ်ငန်းလိုင်စင်များ လျှောက်ထားလုပ်ကိုင်နေသည်ကို အများအသိဖြစ်ပါသည်။ (CMP) လုပ်ငန်းသဘောတရားမှာ အထည်ချုပ်လုပ်ခြင်း လုပ်ငန်းဖြစ်ပြီး ချုပ်ခ လက်ခစားသာဖြစ်ပြီး တင်သွင်းလာသောပစ္စည်း နှင့်ကုန်ချော ထုတ်လုပ်လိုက်သောပစ္စည်းများမှာမိမိပိုင်မဟုတ်ပဲ တစ်ဖက် ချုပ်ခပေးအပ်နှံသူ၏ ပစ္စည်းသာဖြစ်ကြောင်း လုပ် ငန်းလုပ်ကိုင်သူအတော်များများသိရှိပြီးဖြစ်ပါသည်။ချုပ်ခရရေးလုပ်ငန်း လက်ခံသူနှင့် လုပ်ငန်းအပ်နှံသူတို့ ကြားအကြိမ်ကြိမ် “ကွန်ဆန်းရှင်း %” /အထည်အရေအတွက် /တစ်ရက်ထုတ်လုပ်နိုင်မှု/ သတ်မှတ်ရက် Export Deat Line Date စသည်တို့နှင့် အချိန်မှီ မအပ်နှံနိုင်က ပေးလျှော်ခြင်းပြုရန် စသည့်စာချုပ်များချုပ်ဆိုပြီးမှ တဖက်နိုင်ငံလုပ်ငန်းအပ်နှံသူ၏ တာဝန်ဖြစ်သော ကုန်ကြမ်းပစ္စည်းပေးပို့ခြင်းအား စတင်ဆောင်ရွက်ရာတွင်တတ်နိုင်သမျှအားဖြင့်ကုန်ကြမ်း နည်းနည်းနှင့်ချုပ်ထည်ပြည့်မှီစေမှ သာ အပ်နှံသူအနေဖြင့် အမြတ်ကျန်မှာဖြစ်ပြီးအမှန်တစ်ကယ်တင်ပို့ရမည့်ကုန်ကြမ်းထက်ပိုမိုတင်ဆောင်ပေးပို့ခြင်းလုံးဝမရှိ […]