ဒါက ဒီလိုရှိပါတယ် ခင်ည ……။ ဒီ မတ်လကုန်ပေါ့ ဧပြီလဆန်း (၁)မှ (၅)ရက်ကြား တနေ့နေ့ပေါ့ဗျာ။ မန်းဂဇက်က ရွာသူ/သားတွေ စုပေါင်းပီး ဟင်းချက်ပွဲ လုပ်မလားလို့ စဉ်းစားမိပါတယ်။ ဆိုတော့ကာ …….. ဟောင်ကောင်က ဇနီးမောင်နှံ(ကျော့်ကို ဖေ့ဘွတ်မှာ အစားနဲ့ ဒုက္ခပေးတဲ့ ၂ယောက်) လည်းပြန်ရောက်မှာမို့ လူစုံမယ် ထင်သဗျာ။ နောက်ပီးတော့ ………. အန်တီမမ ဦးမိုက်(မဒမ်မိုက်) အစ်မသဲနူအေး ကိုဆွေ အစ်မအိ မဝေ ကိုကမ်းဝေး မမဆွိ(အဝေးရောက်) ကျနော် တက်တူးဆြာမင်းသုဝေ(သူ့ယောက်ဖက စားဖိုမှူး) တို့လည်း အားမယ်ထင်တော့ အားဖြည့်စေချင်တယ်။ Location and Plan နေရာကိုတော့ ကျနော့် မှော်ဘီခြံ/ သူငယ်ချင်းရဲ့ ရမိုင်ခြံ/ ဒါမှ မဟုတ် တနေရာရာပေါ့ဗျာ။ ချက်ဖို့ပြုတ်ဖို့ […]