ムラカミMay 25, 20131min55938
ကိုခင်ခနဲ့ ရွာသူား အပေါင်းတို့ရေ… ဒေဝေါအကြောင်း ကျနော် သိသလောက်ကတော့….ဂလိုဗျ…   ကိုခင်ခပြောခဲ့တဲ့ စာအုပ်တစ်ခုကို ထုတ်ဝေလိုက်တယ် အဲဒီစာအုပ်ကို တတ်နိုင်တဲ့သူက ဝယ်ဖတ်တယ်၊ မတတ်နိုင်တဲ့သူက ဌားဖတ်ကြတယ်။ အဲဒီမှာ တစ်ခုရှိတာ ဝယ်လိုက်တဲ့သူက အဲဒီစာအုပ်ကို သတ်မှတ်တန်ရာ တန်ကြေး ပေးပြီးဝယ်လိုက်တာမို့ သူအနေနဲ့ အဲဒီစာအုပ်ကို ပြန်လည်ဝေဌ လိုက်ဖတ်စေတယ်။ ဒီလို ဖြန့်ဝေတာမျိုးက(အခကြေးငွေမယူဘူးနော်) မူပိုင်ခွင့်ချိုးဖောက် သူလို့ ပြောလို့ရလား။ မရဘူးနော် သူက စာအုပ်ရဲ့ တန်ရာတန်ကြေးကို ပေးခဲ့ပြီးသားပါ။ အဲ အခကြေးငွေယူပြီး ဖြန့်ဝေခြင်း စီးပွားရှာခြင်းမှသာ မူပိုင်ဆိုတာနဲ့ ညှိမယ်ထင်ပါ၏။ ငွေကြေး ပါသလား မပါသလား ဘက်ကပြောပါ့မယ်.. ဆိုပါစို့ ….နာမည်ကြီး စာရေးဆြာ ၂ယောက် စာ ၂အုပ်ထွက်တယ် .. ဥပမာ ကိုခင်ခ […]


Zaw WonnaMay 3, 20111min28525
  အခုတလောမှာ အလုပ်ကလည်း အိုတီဆင်းရတဲ့ရက်တွေ များနေတာကြောင့် ပုံမှန် စာမရေးဖြစ်တာတောင် အတော် ကြာသွားတယ်။ ဒါပေမဲ့ အင်တာနက်က အလကားရတဲ့ eBook လေးတွေကို ဒေါင်းလုပ်ပြီး အလုပ်ထဲမှာ အားတဲ့အချိန် ဖတ်ဖြစ်ပါတယ်။ ဒါနဲ့ပဲ တစ်နေ့ညက Vol.(5), No.(21),April – 20 – 26, 2011 ထုတ် SHADE of the mandalay hill (မန်းတောင်ရိပ် အနုပညာဂျာနယ်) ဒေါင်းလုပ်ထားတာလေးကို ဖတ်ကြည့်မိတော့ ကျနော်ရေးထားတဲ့ စာမူ တပိုင်းတစကို “ယောက်ျားဆိုတာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ သွားတွေ့ရပါတယ်။ အဲဒီစာကို “Living Together နဲ့  မြန်မာလူငယ်များ” ဆိုတဲ့ ခေါင်းစဉ်နဲ့ MG မှာနဲ့ ကျနော့်ဘလော့ www.shwemyine.com […]


kaiApril 2, 20102min1715
myanmargazette.net တွင်ရေးသားနေသူများသို့…. (Myanmar Celebrity Team) မှ အောက်ပါမေးလ်ကိုလက်ခံရရှိပါသည်။ စစ်ဆေးကြည့်ရာ မှန်ကန်နေကြောင်းတွေ့ရှိရသဖြင့် myanmargazette.net တွင်စာရေးသားသူများကို သတိပေးလိုပါသည်။ မိမိတု့ိရရှိမည်ဖြစ်သောအကျိုးအမြတ်အနည်းငယ်မျှအတွက် သူတပါး၏ အကျိုးစီးပွားကို ရယူသုံးရန်မသင့်ပါ။ သတင်းသမား၊စာရေးဆရာ၏ ကျင့်ဝတ်နှင့်လည်း မညီညွတ်ပါ။ စဖွင့်ကတည်းက တင်ပေးထားသော myanmargazette.net တွင်စာရေးနေသူများ လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်ကို ထပ်မံဖေါ်ပြအပ်ပါသည်။ https://myanmargazette.net/?p=45 သူတပါးရဲ့ စာမူကို ကူးယူတင်တာမျိုး ၊သူတပါးဓါတ်ပုံကို ယူသုံးတာမျိုး၊ တခြားတနေရာမှာ ဖေါ်ပြပြီးသားကို ပြန်တင်တာမျိုး စသဖြင့် မလုပ်ကြဖို ့ပါ။ အင်္ဂလိပ်လို တိုက်ရိုက်ကူးတင်တာမျိုးကိုလည်း တားမြစ်ပါတယ်။ ကိုးကားတယ်ဆိုယင် ကိုးကားတဲ့ သတင်းလင့်ခ်တော့ အပြည့်အစုံအောက်ဆုံးမှတ်ချက်မှာ ဖေါ်ပြပေးစေလိုပါတယ်။ မလွဲမရှောင်သာ သူများစာကိုကူးတင်ဖြစ်တယ်ဆိုရင်လည်း အောက်မှာ “မှတ်ချက်။   ။ ..” ဆိုပြီး ရေးပေးစေချင်ပါတယ်။ မူပိုင်ခွင့်တွေကို […]


kaiFebruary 8, 20101min891
ဖေဖော်ဝါရီ ၈ရက်နေ့ထုတ်အလင်းတန်း ဂျာနယ်(အမှတ်၅၉၂)မှာပါတာပါ။ အလင်းတန်းဂျာနယ်တခုလုံးကိုတော့ အောက်ကလင့်ခ် ကနေ ဖတ်နိုင်ပါတယ်။ http://issuu.com/idealwebmaster/docs/ald592/1?mode=a_p မြန်မာပြည်တပြည်လုံးမှာ အားရပါးရ ခိုးကူးရောင်းနေတဲ့ အခွေကို မူပိုင်ခွင့်ကိစ္စလို ့ပြောလာကြတော့….။ အဲဒီအခွေမှာ စပွန်ဆာအနေနဲ့နာမည်ပါနေတဲ့ တခုတည်းသော မီဒီယာ(မန္တလေးဂေဇက်)အနေနဲ့ ပြန်ပြောချင်တာက… …..မြန်မာမှုပြုထားတဲ့ အခွေထွက်နေပြီး မြန်မာပြည်က သီချင်းချစ်သူ သိန်းသန်း အားပေးနေတာကို သိတောင်မသိကြရှာတဲ့….သီချင်းတွေရဲ့ မူရင်းပိုင်ရှင်( သီချင်းရှင်)(တွေ)ကို ကြင်နာပါ လို ့ပါပဲ…။ နောက်နောင် အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည် ဆက်ဆံရေးကောင်း..ဆက်သွယ်ရေးကောင်းလာတာနဲ့အမျှ ဒီလို မူပိုင်ခွင့့်၊ကော်ပီရိုက်။ လိုင်စင်။ ကိစ္စတွေ သေသေချာချာ သတိထားကြရတော့မှာ ဖြစ်ကြောင်းလေးလည်း…ထပ်ဆင့်ပြောထားပါရစေ။


kaiDecember 28, 20091min2294
အောက်ကသတိပေးချက်လေး အီးမေးလ်က ရလို့ ပါ။ ဆက်စပ်သတင်းက ဒီမိုကရက်တစ်မြန်မာ့အသံဝကဘ်ဆိုက်မှာ တက်နေပါတအဓိကအားဖြင့် ယူအက်စ်နေတဲ့သူတွေ ဗီစီဒီတွေ၊ဆိုင်တွေမှာ တင်ရောင်း၊ ရုပ်ရှင်တွေ အင်တာနက်တွေမှာတင်ပြနဲ့မို ့ဆိုင်မလားလို့ပါပဲ။ အဲဒါကြောင့် သတင်းအဖြစ်ပဲ တင်ပေးထားလိုက်ပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ မြန်မာပြည် မူပိုင်ခွင့်နဲ့ပါတ်သက်ပြီး စာချုပ်စာတန်းတွေ၊ မှတ်ပုံတင်ထားတာတွေ အပြန်အလှန်စာချုပ်ချုပ်ထားတာ မရှိသေးတာမို ့တရာစွဲတာတွေလုပ်နိုင်မလားရယ်လဲ မသေချာပါ။ ဝိုက်ပို (http://www.wipo.int) မှာတော့ မြန်မာက လက်မှတ်ထိုးထားတယ်ရယ်လို ့ကြားဖူးပါတယ်။ တကယ်လို ့မူပိုင်ခွင့်ကိစ္စတွေပြောလာရင် မြန်မာသီချင်းတွေ၊ ရုပ်ရှင်တွေ၊ သုံးနေတဲ့ ကွန်ပျုတာတွေရဲ့ ဆော့ဖ်ဝဲတွေကလည်း အမေရိကရဲ့မူပိုင်ခွင့်တွေကို လိုက်နာထားသလားရယ်ကလဲ အဓိကပြောစရာပါပဲ။ ဒီကိစ္စတွေ နောင်နှစ်ထဲ “ဟော့”လာမယ်ထင်ရပါကြောင်း…..