sniqueOctober 14, 20101min20314
မရွာပဲ ခြိမ်းတဲ့ မိုး တွေ အသံ ပဲ ကြား ခဲ့ရတယ် မလာ ပဲ ယိမ်း ခဲ့ ကြိုးရှည်လှန် တဲ့ နွားလို ခပ်ဝေးဝေး က နေ မျှော် နေဖို ့ ဖြစ်လာပြန်တော့လဲ ပင့်သက် တိုင်းမှာ  အလွမ်းတွေပြည့်လေရဲ ့ နှလုံးသာက မီးခိုးငွေ ့မှ မဟုတ်တာ ငါ့ မှာ  ပေါ့ပေါ့ ပါးပါး ထွက်သွားလို ့ကိုမရဖြစ်နေတယ် မှန်တာတွေ မှားတာတွေ ကြားထဲခြားနေ တဲ့ ဗလာဖြစ်တည်မှုလေး တစ်ခု ဘယ်လိုမှ မဆုပ်ကိုင်နိုင်ဘူး လူက တော့ လွတ်လပ် လဟာ မှာမြောလို ့ စက်ရုပ်တစ်ရုပ် လို တစ်နေ ့တာ ဝေယျာဝိစ္စတွေကို […]


manawphyulayJuly 26, 20101min994
ရန်ကုန်မြို့သည် ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ မြို့တော်ဖြစ်သည်၊ မြန်မာနိုင်ငံသည် အကြီးဆုံးဆိပ်ကမ်းမြို့လည်း ဖြစ်တယ်။ အရင်တုန်းကပါ။ ခု ဟုတ်တော့ဘူး။ လတ္တီတွဒ် မြောက် ၁၆ ံ ၄၆ နှင့် လောင်ဂျီတွဒ် အရှေ့ ၉၆ ံ ၁ဝ ဆုံရာမှာ တည်ရှိပါတယ်။ ရန်ကုန်မြစ်ခေါ် လှိုင်မြစ်နှင့် ပုဇွန်တောင်ချောင်း၊ ပဲခူးချောင်းတို့ဆုံရာ အရပ်မှာ ရှိပြီး။ ပင်လယ်ကူူးသင်္ဘောကြီးများဟာ ပကတိအားဖြင့် လုံခြုံသော ရန်ကုန်ဆိပ်ကမ်းကို ဝင်ထွက်သွားလာနိုင်ကြတယ်လေ၊ ရန်ကုန်မြို့ဟာ ပြည်တွင်းကျောထောက်နောက်ခံနယ်များနှင့်လည်း ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့နဲ့ ဆက်သွယ်ရေးလည်း ကောင်းတယ်။ နောက်ပြီး မြို့ရဲ့မြောက်ဖက် ၁၁ မိုင်မှာ ခေတ်မီလေယာဉ်စခန်းရှိခြင်းကြောင့်လည်း ပိုပြီး ထင်ရှားတယ်။ စီးပွားရေးလုပ်ရာမှာလည်း တော်တော်ကို အဆင်ပြေပြီး သွားလာရေးလည်း လွယ်ကူအဆင်ပြေတယ်လေ။ ဒါကြောင့် ရန်ကုန်မြို့ကို အများက […]


manawphyulayJuly 23, 20101min1116
ဘဝဆိုတာ ဘာလဲ။ ဘာကို ဘဝလို့ခေါ်နေကြတာလဲ။ လူတွေက ပြောကြတယ် ဘဝဆိုတာ ဒီလိုပါပဲတဲ့။ ဘာကိုဆိုလိုကြတာလဲ။ အင်း စဉ်းစားကြည့်မယ်ဆိုရင် ဘနဲ့ ဝနဲ့ ပေါင်းထားတားကို ဘဝလို့ ခေါ်တာလား။ တစ်မျိုးကြီးဘဲနော်။ ဒါဆိုရင်တော့ ကျွန်မကကော ဘယ်လိုလဲ။ ခု ဘယ်နေရာရောက်နေပြီလဲ။ စဉ်းစားဖို့လိုလာပြီပေါ့နော်။ ကျွန်မ ပတ်ဝန်းကျင်မှာ ရှိတဲ့သူတွေအားလုံးဟာ တော်တယ်လို့ ကျွန်မ ခံစားမိတယ်။ ဘာကြောင့် တော်ကြတာလဲ။ အဖြေက ရှင်းရှင်းလေးဘဲ ကြိုးစားလို့ တော်တာပေါ့ ဟုတ်ဘူးလား။ တစ်ခါတလေ ကျွန်မ စဉ်းစားမိတယ်။ ငါ နောက်ရောက်နေပြီလား။ ဘာလုပ်သင့်သလဲ။ သူတို့တော်သလို ငါကော မဖြစ်နိုင်ဘူးလား။ သူများတော်တာကို ငါ ထိုင်ကြည့်နေမယ်ဆိုရင်ရော ငါ့ဘဝကြီးက တိုးတက် လာမလား။ လူတိုင်းက သေမျိုးကြီးဘဲလေ။ ဒါကိုတော့ ကျွန်မ […]


manawphyulayJuly 21, 20101min880
ကမ္ဘာမြေပေါ် ခြေမချခင်ကတည်းက ကိုးလလွယ် ဆယ်လဖွား မငြီးမငြူ စောင့်ရှောက်ခဲ့တဲ့အမေ သားသမီးတွေအတွက် အမေဟာ စမ်းချောင်းကလေးတစ်ခုပေါ့။ အေးမြမေတ္တာ အကြင်နာတွေ အမြဲပေးတဲ့ အမေ့ရဲ့အရိပ် လွှမ်းမိုးနေခဲ့ လောကမှ အမေဆိုတာ သားသမီးတွေအတွက် မရှိမဖြစ် ရေကြည်တစ်ပေါက်ပေါ့။ ဘဝလှိုင်းထန် ဘယ်လိုပင်ကြမ်းကြမ်း အပြုံးမပျက် မေတ္တာဖက်လျက် သားသမီးမျက်နှာ တစ်ချက်မညှိုုးအောင် ပြုစုစောင့်ရှောက် လမ်းတစ်လျှောက်ပေါ့။ သားသမီးဆို လိမ်မာ ဆိုးပေ မခွဲခြားပဲ မေတ္တာမပျက် ဆက်ချစ်လျက်ပေါ့။ အမေရဲ့မေတ္တာဟာ စမ်းချောင်းလေးဆိုတဲ့အတိုင်း တသွင်သွင် တငြိမ်ငြိမ်အေးချမ်းတဲ့အသွင်နဲ့ အစဉ်အမြဲ စီးဆင်းနေစမြဲပေါ့။ အမေဟာ သားသမီးတွေရဲ့အရိပ် သားသမီးတွေရဲ့ဘဝ ဘုရားရှင်သော်မှ အမေ့ကျေးဇူး နို့တစ်လုံးဖိုးသာ ကျေအောင်ဆပ်နိုင်ခဲ့တယ်တဲ့ သာမန်သားသမီးတွေအတွက်တော့ မြင်းမိုရ်တောင်မက ကျေးဇူးကြီးလှ မာတာမိခင် ကျေးဇူးရှင်ကို ကျေးဇူးကျေအောင် ဘယ်လိုဆပ်မည်နည်း….


manawphyulayJuly 21, 20101min871
How ကို သိတဲ့လူဟာ အလုပ်သမားကောင်းဖြစ်မယ်။  Why ကို သိတဲ့လူဟာ အလုပ်ရှင်ကောင်းဖြစ်မယ်။ လူ့အသက်ဟာ ၂၅ နှစ်မတိုင်ခင်ပဲ ကြာနေတာ ကျော်လွန်သွားတာနဲ့ ကုန်တာ အရမ်းမြန်တယ်။ ခံယူချက်နဲ့ ရည်မှန်းချက်ကို ၂၅ နှစ်မတိုင်ခင် တိတိကျကျ ဆုံးဖြတ်မှ အောင်မြင်မှု ခိုင်မာမယ်။ သေသေချာချာ ကြီးပွားချင်ရင် သေသေချာချာ လုပ်ပါ။ လူတစ်ယောက်မှာ အရည်အချင်းရှိ မရှိဆိုတာ သူ ရရှိထားတဲ့နေရာကို ဘယ်လောက်ကြာကြာ ထိန်းသိမ်းထားနိုင်သလဲဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ အခက်အခဲ၊ ဒုက္ခတစ်ခုခုနဲ့ ရင်ဆိုင်ရရင် ငါ့ရဲ့စိတ်ကို ကြီးမြင့်အောင်။ ငါ့ကို ခံနိုင်ရည် ဘယ်လောက်ရှိလဲ စမ်းနေပြီး ဆိုပြီး အံကြိတ်ပြီးတော့သာ ခံပေတော့။ အဲဒါအခါမှာ စိတ်ဓာတ်စွမ်းအား ပြည့်လာလိမ့်မယ်။ မယုံရင် စမ်းသပ်ကြည့်လိုက်ပါနော်။


manawphyulayJuly 21, 20101min831
လူ့ဘဝသက်တမ်းဆိုတာ သံသရာသက်တမ်းနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် အရမ်းကို တိုတောင်းတဲ့ဘဝပါ။ ဒီလိုတိုတောင်းတဲ့ လူ့ဘဝမှာ ကျွန်မတို့တစ်တွေဟာ ရေစက်ရှိလို့ ကံဆုံကြတာလို့ သတ်မှတ်လို့ရပါတယ်။ ဒီလိုဘဝရတဲ့အချိန်ခဏလေးမှာ လူတိုင်း စိတ်နှလုံးချမ်းမြေ့ကပျော်ရွှင်စွာ နေထိုင်သွားကြမယ်ဆိုရင် အလွန်တန်ဖိုးရှိတဲ့လူ့ဘဝမှာ အဓိပ္ပာယ်တွေနဲ့ ပြည့်စုံနေမယ်လို့ ကျွန်မ ယူဆမိပါတယ်။ လူတိုင်းပေါ့လေ ကျွန်မ စဉ်းစားကြည့်မိတာပါ။ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းကြမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲနော်။ ပညာရှင်တစ်ဦးပြောတဲ့ စကားကိုလည်း ကျွန်မ လေးလေးနက်နက်ျခံစားကြိုက်နှစ်သက်မိပါတယ်။ ဘဝဟာ သိပ်တိုတောင်းလွန်းလို့ သေးသိမ်ဖို့ အချိန်မရှိပါဘူးတဲ့။ ဘယ်လောက်ကောင်းတဲ့ စကားလေးလဲ။ နောက်ပြီး ကျွန်မရဲ့ ဆရာက ပြောဖူးတယ်။ လူတိုင်းအပေါ် မေတ္တာထားပါတဲ့။ မိုးလင်းလို့ အိပ်ရာက နိုးတာနဲ့ စိတ်ကို ကြည်လင်အောင် ထားရမယ်တဲ့။ အမှန်တော့ လူတွေဟာ လောကရဲ့ ဧည့်သည်တွေဖြစ်ပါတယ်။ လောကရဲ့ဧည့်သည်အဖြစ် အချင်းချင်း […]


manawphyulayJuly 21, 20101min980
ရွှေကိုသာ ရမယ်ဆို ဘာမဆိုလုပ်တဲ့ ရွှေရဲ့ကျွန် ငါမဟုတ်….။ ငွေကိုသာရမယ်ဆို ဘာမဆိုလုပ်တဲ့ ငွေရဲ့ကျွန် ငါမဟုတ်…။ ကျော်ကြားမှုသာရမယ်ဆို ဘာမဆိုလုပ်တဲ့ ကျော်ကြားမှုကျွန် ငါမဟုတ်…။ တစ်ခဏတာ ဘဝထဲတွင် ကုသိုလ်အစု ပြုချင်ခဲ့ ကောင်းမြတ်သော ဘဝနေနည်းဓမ္မအတွက် ကိုယ်တိုင်လည်း အစွမ်းကုန်ကြိုးစား အများအတွက်လည်း နိုင်စွမ်းသရွေ့ကူညီ ကျန်ရှိနေတဲ့အချိန်များအတွင်း ကောင်းမှုမြတ်နိုး ကောင်းအောင်လုပ်ရင်း ထိုကောင်းမှုအတွက် နှလုံးသားဖြင့် ခေါင်းလောင်းထိုး အားလုံးအတွက် အမျှဝေ နှလုံးသားရှိသူတိုင်း ကြားသိရှိ သင်လည်း သာဓုခေါ်နိုင်စေ…။ ။


manawphyulayJuly 21, 20101min860
လူ့အဖွဲ့အစည်းအပေါ် အိုင်တီရဲ့ရိုက်ခတ်မှုဩဇာအရှိန်အဝါက တာသွားလှတယ်။ အိုင်တီရဲ့ဩဇာဟာ တစ်ဦးချင်း တစ်ယောက်ချင်းကိုလည်း ရိုက်ခတ်တယ်။ မိသားစုအလိုက်၊လုပ်ငန်းတွေ၊ အလုပ်သမားစွမ်းအားစုတွေ နောက်ပြီးလူ့အဖွဲ့အစည်းကြီးတစ်ရပ်လုံးကိုလည်း ရိုက်ခံတယ်။ ဒါပေမဲ့ အို်င်တီရဲ့ရိုက်ခတ်မှုဩဇာဟာလူတစ်ဦးနှင့် တစ်ဦး အပေါ်ကျတော့ တူညီမှု မရှိပြန်ဘူး။ အင်းပြောရရင် အိုင်တီရဲ့အကျိုးကျေးဇူးရလဒ်က ပညာဉာဏ်အဆင့်မြင့်သူက ပညာဉာဏ်အဆင့်နိမ့်သူထက် ပိုပြီး ခံစားရနိုင်တယ်လေ။ ဒီလိုဘဲ ပညာကွဲခြားသွားတာနဲ့လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအနည်းအများက ကွဲပြားခြားနားသွားစေတာကိုတွေ့ရှိရတယ်။ သူများ ပြောလို့သာ အိုင်တီရတယ် အိုင်တီဆိုတာ ဘာလဲ။ ဒါဟာ ပြန်စဉ်းစားရမဲ့အချက်ပဲနော်။ သတင်းအချက်အလက် ဆက်သွယ်ရေးဆိုင်ရာ အဆင့်မြင့်နည်းပညာ(အိုင်တီ) ဆိုသည်မှာ အင်းအလွယ်ဆုံး ပြောရရင် ကွန်ပျူတာစနစ်ကို အသုံးချခြင်းကို ခေါ်ဆိုတာပဲ။ တစ်နည်းပြောရရင် အိုင်တီပေါ်ပေါက်လာတာနဲ့အမျှ လူတွေရဲ့လုပ်ဆောင်ချက်တွေ လုပ်အားတွေကို သက်သာစေပြီး တစ်နိုင်ငံနဲ့တစ်နိုင်ငံ၊ တစ်နေရာနဲ့ တစ်နေရာကိုမြန်ဆန်ပြီးစီးအောင် လုပ်ဆောင်ပေးတဲ့အတွက် အောင်မြင်မှုမြန်ဆန်လာတာကို တွေ့ရှိရတယ်။ ဒီလိုဘဲ […]


manawphyulayJuly 20, 20101min682
(ဒီဆောင်းပါးလေး ဟာ အလွန်ကောင်းမွန်တဲ့ ကျန်းမာရေး နဲ့ပက်သက်တဲ့ ဆောင်းပါးလေးပါ။) ထမင်းစားပြီးတိုင်း ရေနွေးသောက်ဖို ့ သတိပေးတာ တခုတည်း မဟုတ်ပဲ နှလုံးခုန် ရုတ်တရက် ရပ်တန့် စေတဲ့ ရောဂါကိုလဲ သတိပေးရာ ရောက်ပါတယ်။ တရုတ်လူမျိုး နဲ့ ဂျပန်လူမျိုးတွေဟာ ထမင်းစားနေစဉ်မှာ ရေနွေး သောက်သုံးတဲ ့ အလေ့ ရှိကြပါတယ်။ ရေအေး ( ရေခဲ ရေ သောက်သုံးလေ့ ) မရှိကြပါဘူး။ ခုချိန်မှာ တော့ သူတို့ဆီက ထမင်းစားစဉ် ရေနွေးသောက်သုံးတဲ့ အလေ့ အထကို ကျွန်တော်တို့တွေပြောင်းလဲ ကျင့်သုံးသင့်ပါတယ်။ ခုဆောင်းပါးလေး က တော့ ထမင်းစား ပြီး တော့ ရေခဲရေ သောက်သုံးသူတွေ အတွက်တော့ သက်ရောက်မှု ရှိပါတယ်။ […]


manawphyulayJuly 20, 20101min530
၁) တစ်ပါးသူဟာ ဘယ်လောက်ပဲဆိုးနေပါစေ၊ ကိုယ့်ကိုယ် နာကျင်အောင်လုပ်ခဲ့ပါစေ သူ့ကို ခွင့်လွတ်တတ်ရမယ်။ လက်လွတ်တတ်ရမယ်။ ဒါမှ တကယ့်ပျော်ရွှင်မှုကို ကိုယ်ကရနိုင်မှာဖြစ်တယ်။ ၂) ပျော်ရွှင်ချိန်မှာ ဒီပျော်ရွှင်မှုဟာ ထာဝရမဟုတ်ဘူးဆိုတာ နားလည်ထားရသလို စိတ်ပျက် အားငယ်ချိန်မှာလည်း ဒီအားငယ်မှုတွေဟာ အမြဲတမ်းမဟုတ်ဘူးလို့ နားလည်ရမယ်။ ၃) ဒီနေ့ရဲ့ တစ်ဇွတ်ထိုးက မနက်ဖြန်အတွက် နောင်တကို ဖြစ်စေတယ်။ ၄) စကားတစ်ခွန်းတည်းနဲ့ လူတစ်ယောက်ရဲ့ဘဝကိုပျက်စီးစေနိုင်တယ်။ စကားအခွန်းတစ်ထောင်သုံးမှ လူတစ်ယောက်ကို ပြုစုပျိုးထောင်နိုင်တယ်။ ဒါကြောင့် သင့်ပါးစပ်ဖျားမှာ ကိုယ်ချင်းစာတရားကို ချိတ်ဆွဲထားပါ။ ၅) ကိုယ့်ရဲ့ အသိဉာဏ်ပညာကြားမှာ စိတ်ကြီးဝင်တဲ့ ပေါင်းမြက်တွေ စိုက်ပျိုးမထားပါနဲ့။ ကိုယ့်ရဲ့ မဝင့်ဝါတဲ့စိတ်ကြောင့် အသိဉာဏ်တွေ မယုတ်လျော့သွားစေနဲ့။ ၆) သူ့ကို မနာလိုဖြစ်တိုင်း ကိုယ့်အတွက် ဘာကောင်းကျိုးမှ မဖြစ်စေဘူး။ သူ့ကို မနာလိုဖြစ်တိုင်း […]


manawphyulayJuly 20, 20101min1789
စကားကြီး (၁၁) ခွန်း ၁။ ရေကူးညာတင်ပြောဆိုခြင်း ~ လိုသည်ထက်ပို၍ပြောဆိုခြင်း ၂။ ကောက်ပင်ရိတ်လှီးပြောဆိုခြင်း ~ စကားတစ်ခွန်းတည်းနှင့် အပိုင်ပြောဆိုခြင်း ၃။ ရေစီးဖောင်ဆန်ပြောဆိုခြင်း ~ စကားပြောရာ၌ လက်ဝင် ပင်ပန်းသော စကားမျိုးပြောဆိုခြင်း ၄။ အိုးတန်ဆန်ခပ်ပြောဆိုခြင်း ~ တစ်ဖက်လူနှင့် တန်သလောက်ပြောဆိုခြင်း ၅။ ဆီပွတ်ကျည်ပွေ့ပြောဆိုခြင်း ~ တဖြည်းဖြည်း ကိုယ့်ဘက်ပါအောင် ဖွဲ့နွဲ့ ပြောဆိုခြင်း ၆။ ဆင်ဝှေ့ရန်ရှောင်ပြောဆိုခြင်း ~ တာဝန်မဲ့သော၊ ရှောင်လွှဲသောစကားကို ပြောဆိုခြင်း ၇။ တောင်သူယာခုတ်ပြောဆိုခြင်း ~ ပြောသင့်သည်ကိုအရင်ပြောပြီး လိုရာကို နောက်မှပြောဆိုခြင်း ၈။ ကြက်ဆုပ်ခွပ်ပစ်ပြောဆိုခြင်း ~ မိမိအသာစီးရသောအခါ အပိုင်ပြောဆိုခြင်း ၉။ ရေစစ်ကရားပြောဆိုခြင်း ~ စကားကိုချန်မထားဘဲ အကုန်ပြောခြင်း ၁၀။ ရေသာသဲတင်ပြောဆိုခြင်း […]