KyaemonMay 25, 201628min5603
အမှားနဲ့အမှန်ပြန်ကောက်ရအောင်၊ ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတည်ရှိနေတယ်၊ မမှန်ပါ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊ မမှန်ပါ၊ အလှမ်းခပ်ဝေးဝေး မှာပါ ဒုတိယမေးခွန်း မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊ ရံဖန်ရံဖန် မဟုတ်ပါအလွန့်အလွန်ဖြစ်ခဲတယ် နှစ်ပေါင်း ၂၁၆ အတွင်းမှာ  မိုင် ၆၂ မှ ၁၃၄ ထိ ခပ်ဝေး ဝေး  မှာ ၂ ကြိမ်ပါဘဲ အကြီးအကျယ်ဖြစ်စေ၊ ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလားပါ အဲဒီ နှစ်ကြိမ် ကလဲ ရစ်တာ ၇.ဝ နဲ့ ၇.၆ ဆို တော့ အကြီးအကျယ် မဟုတ်ပါ၊ ရေကာတာကိုမထိခိုက်နိုင်ပါ —- တချိန်လုံး ဖြစ်၊ ငလျင်ကျောတလျှောက် လုံးဖြစ်၊ ရစ်တာ ၈.ဝ ရစ်တာ ၉ .ဝ […]


KyaemonMay 23, 201627min7622
နိုင်ငံတိုင်းလိုလိုက ရေကာတာ အကြောင်းအပြင်၊ ၎င်းနဲ့ ဆက်နွယ်နေတဲ့ ငလျင် အကြောင်းတွေကိုပါ အတော် စိတ်ဝင်စားကြတယ်၊ ————- ဒါကြောင့်မို့ ကိုယ့်ထက်ကျွမ်းကျင်သူများဆီ ချဉ်းကပ်ပြီး ဆည်းပူးလေ့လာ ဖလှယ်ရတယ် “ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးသို့”လိုပေါ့ဗျား၊ သူဋ္ဌေးသားဂိုက်လိုထုတ်ပြီး ဝါယမ မစိုက်ရင် မရနိုင်ပါ၊ ကိုယ့် “ဖားရေတွင်း” နဲ့ဘဲပျော်ပိုက်ပြီး ကျေနပ်နေရင်လဲ မရနိုင်ပါ၊ ဆက်ကြိုးစားရအောင် ———- အကြီးစားရေကာတာများ ကော်မရှင် ———— ICOLD The International Commission on Large Dams, or ICOLD, (French: Commission Internationale des Grands Barrages or CIGB) is an international non-governmental organization dedicated to […]


KyaemonMay 15, 201611min6168
ယခင်ကတင်ပြချက်တွေကိုပြန်ကောက်ရင် အဖြစ်မှန် မြစ်ဆုံက  ၁။ စစ်ကိုင်းငလျင်ကျောပေါ်မှာမရှိပါ ၂။ ယင်းငလျင်ကျောရဲ့ အနီးအနားမှာလဲမရှိပါ ငလျင်ကျောနဲ့မိုင် ၈၄ ဝန်းကျင် ခပ်ဝေးဝေးမှာရှိတာပါ (ရန်ကုန်သထုံမျဉ်းဖြောင့်မိုင် ၇၈ မန္တလေး ရမည်သင်း မျဉ်းဖြောင့် မိုင် ၇၆ ရန်ကုန်ပဲခူး တစ်ဆခွဲ ထက်ဝေး) ——- ( မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – ၂ ကိုညွှန်း) ၃။ နှစ် ၂၁၆ အတွင်း မြစ်ဆုံရဲ့ ၆၂ မိုင် ကျော် ပတ်ပတ်လည် မှာ မြေငလျင်ကြီး ရစ်တာ ရ နဲ့အထက် မဖြစ်ခဲ့ပါဘူး၊ ၄။ ငလျင်ကျော တလျှောက်လုံး ကြိုက်ရာ နေရာ ငလျင်ဖြစ်နေတာ မဟုတ်၊ ဖြစ်ဘို့အလားအလာ ရှိမှာလဲမဟုတ်ဘဲ ၎င်းအတွက် ကွဲပြဲ […]


KyaemonMay 9, 201612min32404
ဒုတိယမေးခွန်း မြစ်ဆုံနားမှာမြေငလျင်ကြီး ရံဖန်ရံခါဖြစ်စေ၊ အကြီးအကျယ်ဖြစ်စေ၊၊ ဖြစ်ခဲ့သလား သို့တည်းမဟုတ် ဖြစ်နိုင်မလား     Only Richter 6 and above, are considered serious (disaster area)   Richter 2 – micro quakes. almost undetectable may not feel it     ရစ်တာ ၂ ဆို သိတောင်မသိလိုက်နိုင် ရစ်တာမှတ် စက်ကဘဲအနည်းငယ်လှုပ်   Richter 4 to 6 – moderate quakes, small movements, water in a cup moved ရစ်တာ […]


KyaemonMay 9, 20162min131728
    အဖြစ်မှန် တိုင်းရေးပြည်ရေးကိစ္စဆိုတာနက်နဲကျယ်ပြန့်လှ၏၊ အမှားနဲ့အမှန်ကို ခွဲခြားစိတ်ဖြာနိုင်မှသာလျှင် တော်ရုံကျ၏၊ အဆုံးအဖြတ်မှန်ကန်ရင် ရေရှည်အကျိုးဖြစ်ထွန်းနိုင်၏၊ အများပြည်သူရဲ့အကျိုးအတွက် ဆွေးနွေး စဉ်းစား၊ သုံးသပ် ဝေဖန်၊ ချင့်ချိန် ဆုံးဖြတ် ရတဲ့နေရာမျိုး မှာ ခေါင်အေးအေးနဲ့ အဖြစ်မှန်တွေပေါ်မူတည်ရမှာပါ၊ သာဓက ကြုံလို့ပြောရရင်၊ အနောက်နိုင်ငံမှာတရားဥပဒေစံနစ်က လွှမ်းမိုးတယ် လွန်စွာကောင်းမွန်ကြံ့ခိုင်တယ်၊ အပြစ်ကျူးလွန်ကြောင်း ယုံမှားသံသယစိုးစိမျှမရှိရအောင် သက်သေထူနိုင်မှသာလျှင် အပြစ်ပေးတယ်၊တဘက်နဲ့ တဘက် အပြန်အလှန် ထုချေခွင့်ပေးတယ်၊ ၎င်းအတွက်လဲ လိုအပ်ရင် တရားခံကိုကာကွယ်ဘို့ ရှေ့နေငှါးပေးတယ်၊နိုင်ငံတော်ကယင်းရှေ့နေစရိတ်ကို ကျခံပေးတယ်၊ သို့ပင်ငြားလဲ ဒီလိုစံနစ်ကောင်းမှာတင်,အပြစ်မဲ့သူတွေကို သေဒဏ်တို့ တသက် တကျွန်းအပြစ်ဒဏ်တို့ပေးမိခဲ့တယ်၊ ဒါကြောင့်မို့ ကောဠဟဠ နားကြားတာတို့၊မလိုမုန်းထားနဲ့ဂုံးချော တာတို့စိတ်လိုက်မာန်ပါပြောတာတို့မိစ္ဆာတွေကို ဖယ်ရှားရမှ အဆုံးအဖြတ်မှန်ကန်ပြည့်စုံနိုင်မှာ တဘက်သားကိုအသလွတ်စွပ်စွဲတာကိုအဟုတ်မှတ်ပြီး စီရင်ချက်ချမိရင် မှန်ကန်မျှတမှာလဲမဟုတ်၊ကိုယ့်သိက္ခာ လဲကျဆင်းနိုင်မှာ၊ ဒေါ်လာသန်းပေါင်း ၈၀ဝ မှ […]


KyaemonMay 9, 20162min333210
    ပဌမ မေးခွန်း မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတင် တည်ရှိနေတယ်၊ ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊လို့ပြောကြတယ်၊ ဥပမာ အောက်ပါ အနောက်မီဒီယာ ကဒီလို ပြောကြတယ်၊ ဒီလိုပြောတာကမှန်ကန်ပါသလား၊ https://en.wikipedia.org/wiki/Myitsone_Dam , location 60 miles from the Sagaing fault line, location 60 miles from the Sagaing fault….   http://www.digplanet.com/wiki/Myitsone_Dam They opposed the dam site because it is less than 100 kilometres (62 mi) from the major Sagaing fault line,   […]


KyaemonDecember 24, 2012150min1111
 အထက်ပါပုံဟာယခင်ကTyskedammne ရေကာတာဟောင်းဖြစ်ပြီး ယခုကျတော့မြင်တဲ့အတိုင်းပျက်စီးယိုယွင်းနေတာပါ၊ ——————— စကားမစပ်ကျနော့ပေါက်ဖော်ကြီးဦး”အာချောင်တီး”က   ဒီပုံကိုမြင်သွားတာနဲ့ချက်ချင်းဘဲအမူအရာပြောင်းသွားခဲ့တာ၊ ရွှေတုံးတတုံးကောက်ရသလိုလို၊ထီပေါက်သွားသလိုလို၊ သူကမနောပီတိဂွမ်းဆီထိတဲ့အလား၊ပီတိအစုံစုံဝေဖြာလွှမ်းမိုးကာ  “ဝဇ်ဇာဓိုရ်”လိုခုန်ပေါက်ခုန်ပေါက်နဲ့ဟိုယိုင်ဒီယိုင်ညိမ်း”က”နေတော့ရာ၊ မကြာခင်မှာဘဲသူကငယ်သံပါအောင်၊တချက်တချက် အားရပါးရအော်ဟစ်ကြွေးကျော်လိုက်တာက “အောင်ပြီ၊ငါဒို့အောင်ပြီ၊” “အရေးတော်ပုံအောင်ရမယ်” ဆိုတာ၊ မရှေးမနောင်းခင်မှာဘဲသူကတချက်ထဲတအားခုန်ပေါက်လိုက်တာနဲ့၊    New Yorkနယူးယောက်သားပီပီNew Yorkနယူးယောက်ကအသစ်တဖန်ပြန်လည် တည်ဆောက်လိုက်တဲ့TwinTowersအမွှာပူးမိုးမျှော်တိုက်ခေါင်မိုးပေါ်ကို တချီထဲနဲ့ရောက်တော့တာ၊   Supermanလိုအပေါ်ကိုရောက်တော့လဲ၊ တဖျစ်တောက်တောက်အော်ဟစ်ကြွေးကျော်နေပြန်တာက “ဟဲ့ငမိုက်သားကြေးမုံဂျီးရာ၊နင်ဘာပြောအုံးမလဲ၊” “ငါအစောကြီးကပြောပြောနေသားဘဲ” “ငလျင်၊ငလျင်ဆိုတာလေ”  “နင်မှတ်မိသေးရဲ့လား” “မင်းက”ငကြောင်ကြီး”ကြောင်တောင်တောင်မို့လို့မယုံတာ၊” “ကြည့်စမ်းကွာငါ့လူ၊ငလျင်ကြောင့်ရေကာတာကြီး အစိတ်စိတ်အမွှာမွှာဖြစ်ရပြီမဟုတ်လားကွာ” “ငါ့ကိုအံတုလို့ရမလားကွာ၊ဟဲဟဲ၊ဟဲဟဲ” “နင်သိဘို့ရာ၊ကြောင်ပုဇွန်စားကျွတ်ကျွတ်ဝါးလို့ဘဲမှတ်၊ဟဲဟဲ၊ဟဲဟဲ” ဆိုပြီးအသစ်ချပ်ချုပ်အမွှာမိုးမျှော်တိုက်ခေါင်မိုး ကနေကြွားဝါကျိန်းမောင်းကြွေးကျော်နေပြန်တာ၊ —– ဒါနဲ့လူတွေကဝိုင်းလာကြတော့နယူးယောက်ပုလိပ်တွေက အဆွေတော်ဦး”အာချောင်တီး”ကိုအောက်ကနေ အသံချဲ့စက်နဲ့အော်ပြီးရှင်းပြရတာ၊ “ဟဲ့ငတုံး၊ဟဲ့ငကြောင်၊ဒီရွာမှာလာပြီးရူးသလိုလို”အ”သလိုလို နံမယ်နဲ့လိုက်အောင်၊အူကြောင်ကြောင်လာမလုပ်နဲ့” “ဒီရွာမှာအမှားအမှန်ကိုခွဲခြားစိတ်ဖြာတတ်တဲ့ရွာသားတွေရှိတယ်” “အဲဒီပုံကရေကာတာဟာ ငလျင်ကြောင့်ပြိုကျပျက်စီးတာမှမဟုတ်တာ၊ ဒုတိယကမ်ဘာစစ်ဖြစ်တုန်းကဂျာမန်စစ်တပ်ကနော်ဝေမှာ တည်ဆောက်ခဲ့တဲ့ရေကာတာကိုအင်ဂလိပ်လေယာဉ်တွေက ဗုံးကြဲခဲ့တာကြောင့်ပါ၊ —– အဲဒီလိုနဲ့ဆင်းခိုင်းတော့မှသူက”ဈာန်လျှော”လာကာအမြင်မှန်ရတော့တာ၊ မှတ်ချက်၊ဦး”အာချောင်တီးရဲ့”စိုးရိမ်ပူပန်မှုသက်သာအောင်ပြောရမယ်ဆိုရင် ငလျင်ကြောင့်နော်ဝေကရေကာတာကြီးတခုခုပျက်စီးခဲ့လို့လဲ လူတွေကအကြီးအကျယ်သေကြေပျက်စီးရတာဆိုလို့နှစ်ပေါင်းများစွာ (ရာချီနှစ်ပရိစေဒ)ကထဲကမရှိခဲ့ပါကြောင်း၊ နော်ဝေမှာဒီလိုမျိုးကိစ်စလုံးဝ […]