kaiJune 10, 20101min872
ဂျွန်လ ၁၉ ရက်နေ့သည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ဖြစ်သလို မြန်မာ့ အမျိုးသမီးများနေ့လည်း ဖြစ်ပေသည်။ ဤသို့သော နေ့ထူးနေ့မြတ်တွင် ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ တိုင်းပြည်နှင့် ပြည်သူလူထုကောင်းစားရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ စွမ်းစွမ်းတမံ ဆောင်ရွက်သူ မြန…်မာပြည်တွင်းမှ အမျိုးသမီးအား “ဒေါ်အောင်ဆန်း စုကြည်မွေးနေ့နှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့” အထိမ်းအမှတ်အဖြစ် အယ်လ်အေမြို့မှ ပြည်သူများက အသိအမှတ်ပြု ဂုဏ်ပြုမည် ဖြစ်ပါသည်။ယင်းအမျိုးသမီးများမှာ အများပြည်သူအကျိုးကို ဆောင်ရွက်သော ၎င်းတို့၏ မှန်ကန်မွန်မြတ်သောယုံကြည်ချက်များကြောင့် အကျဉ်းကျခံနေကြရပြီး အကျဉ်းထောင်အတွင်း ကျန်းမာရေး ချို့ယွင်းခြင်း၊ဆေးဝါးကုသမှူမပြည့်စုံခြင်းတို့ကို ခံစားနေရသဖြင့် ယင်းတို့ကို တတပ်တအား ကူညီသောအားဖြင့် ငွေသား ထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ မြန်မာနိုင်ငံတဝှမ်း ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူ အမျိုးသမီးစုစုပေါင်း […]