ဂ်စ္စူNovember 13, 20109min1223
ဒေါ်ဆု လွတ်မြောက်ပါပြီဗျာ.သတင်းနဲ ့ပတ်သတ်ပြီး..အင်တာနက်မှ လက်လမ်းမီသလောက် စုစည်းဖော်ပြပေးလိုက်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ဖို့ အားလုံးအတူတူ ကြိုးစားလုပ်ကြမယ်လို့ အန်တီစု ပြောသွားတယ် .. ref:အညနွေတမာမြေ Photo:နေ ့သစ် ူ ဒေါ်အောင်ဆန်းစုကြည်၏  နေအိမ်ခြံဝင်းအတွင်း ယနေ့ ညနေ ၅ နာရီခန့်တွင် ကား ၃ စီးဝင်ရောက်သွားကာ  ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးဆရာဝန် ဒေါက်တာ တင်မျိုးဝင်းလည်း  ပါရှိသွားကြောင်း သိရသည်။သံဆူးကြိုးအတားအဆီးများကိုလည်း  ဖယ်ရှားလိုက်ပြီဖြစ်ကာ သခင်အုန်းမြင့်သား ဦးနီနှင့်ပါတီဝင်အချို့လည်း  ဝင်ရောက်သွားပြီဖြစ်ကြောင်း ထပ်မံသတင်းရသည်။ ၂၀၁ဝ ပြည့်နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ ညနေ ၅:၂ဝ နာရီ တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းဧ။်သမီး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်ခဲ့ပြီဖြစ်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း NLD […]


ဂ်စ္စူNovember 13, 20108min1459
ကုက္ကိုင်းထိပ်ကို သံရုံးကားတွေရောက်လာပြီလို့ သိရပါတယ်။ သံရုံးကား ၁၃ စီးနဲ့လာနေတာပါ။ အန်တီအိမ်နားမှာ လူ၃ထောင်ကျော်လောက်စုဝေးရောက်ရှိနေပါတယ်။ဘောက်ထော် မြို့နယ် စွန်းလွန်းဂူကျောင်းလမ်း လူအင်အား ၄၀ဝ ကျော်ကလည်း ဆိုင်းဘုတ်များကိုင်ပြီး စီတန်းလမ်းလျှောက်နေပါတယ်။ သူတို့ဆိုင်းဘုတ်တွေမှာ ကံကောင်းခြင်းများ ရောက်လာတော့မည် အချိန်စေ့ပြီဟု ရေးထားတာတွေကိုင်ဆောင်ထားပါတယ်တဲ့အညာနွေ တမာမြေ သတင်းသမားတွေလဲ ဖုန်းဖိုးကုန်၊အာညောင်း ဖိနပ်ပါးဖြစ်နေလို ့ တစ်ချို ့တွေ စိတ်မရှည်ကြတော့ဘူးထင်ပါတယ်။ခုထိ ဘာမှန်း မသိကြသေးဘူးဖြစ်နေတယ်။တနားကြပါတယ်။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံရာမှ ဒီကနေ့ ပြန်လည် လွတ်မြောက်မှာ ဖြစ်လို့ သူမရဲ့ အိမ်ရှေ့မှာ ရာနဲ့ချီတဲ့ လူထုက နံနက် ရ နာရီလောက်ကတည်းက စုရုံးခဲ့ကြ ပါတယ်။ ဒီလူအုပ်ကြီးထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံတဲ့သူတွေပါသလို အစိုးရသတင်းပေးတွေ၊ ရဲ အထူး သတင်း တပ်ဖွဲ့တွေပါ ပါဝင်တယ်လို့ […]


kaiJanuary 31, 20101min1907
သတင်းတွေဖတ်မိနေရတယ်ဗျ။ အောက်မှာ ဗွိုက်စ်ကသတင်း မူရင်းအတိုင်းတင်ပေးလိုက်ပါတယ်။ သတင်းထဲမှာ စိတ်ဝင်စားတာက “အဆိုပါနေအိမ်၌ပင် နှစ်ပေါင်း ၂၁ နှစ် ကျော်နေထိုင်လျက်ရှိကြောင်း” ဆိုတာလေးပါ။..အင်း..အဲဒီနိုင်ငံမှာမွေးပြီး ..အဲဒီနိုင်ငံမှာပဲ ၂၁နှစ်တောက်လျှောက်နေခဲ့ပြီပဲ…။ ထားပါတော့..။ ဦးအောင်ဆန်းဦးက မြန်မာ-အမေရိကန်ဖြစ်လေတော့ သူ့အကြောင်း သတင်းမှတ်ချက် သုံးသပ်ချက်ကလေးများရေးမလားရယ်ပေါ့။ ကျုပ်တို့က အမေရိက အခြေစိုက်သတင်းစာ လုပ်နေတာကိုး..။ ဒီတော့ ဆန်ဒီယေးဂိုဖက်ဆင်းရမလား၊ သတင်းထောက်လက်မှတ်ပြပြီး ဆိုင်ရာမြို ့နယ်ထဲပဲ ဝင်အချက်အလက်ယူစုံစမ်းရမလားရယ်ပေါ့။ ဒီတော့ …သတင်းသမားတချို ့နဲ့ နည်းနည်းတိုင်ပင်ကြည့်ပါတယ်။ သူက အမေရိကန်ကြီးပါ။ အသက်အရဆို ပင်စင်တောင်ယူနေလောက်ပါပြီ။ စီနီယာစစ်ဒဇင်ပေါ့။ ဆိုတော့..။ အမေရိကန်ပြည်ထောင်စုရဲ့ပုဂ္ဂလိကဆိုင်ရာ အခွင့်အရေးတွေနဲ့ပဲကြည့်ကြည့်။ အခြေခံနိုင်ငံသားအခွင့်အရေးတွေနဲ့ပဲတွက်တွက်… ဘယ်လိုမှ ထိတို့လို့မရတာတွေချည်းတွေ့ရတာပါပဲ။ သူက သူပိုင်ဆိုင်ခွင့်ရှိတယ်ထင်တဲ့ အိမ်မြေ အစိတ်အပိုင်းတွေ ခံစားခွင့်ရဖို ့မြန်မာတရားဥပဒေအရ ရုံးတော်ကိုဦးတိုက်လျှောက်ထားတယ်။ ဒါကိုသူ့ရဲ့ညီမ အရင်းခေါက်ခေါက်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကလည်း […]