TTOctober 12, 20123min1887
ကားရဲ.ဦးနှောက် Powertrain Control Module (PCM)           မော်တော်ကားဆိုသည်မှာ စတင်တီထွင်ကာစက စက်မှုနည်းပညာပစ္စည်းသီးသန့်ဖြစ်ခဲ့သော်လည်း ယခုအခါ ခေတ်မှီနည်းပညာ ပေါင်းစုံထည့်သွင်း အသုံးပြုထားသော လူ့အသုံးအဆောင် တစ်ခုဖြစ်လာပါပြီ။(Mechanical, Electrical,Electronic, IT, GPS, Multimedia စသည်ဖြင့်)       ကားတွင်အသုံးပြုထားသည့် များပြားလှသော နည်းပညာများအနက်မှ  အရေးကြီးဆုံး ပစ္စည်းကိရိယာ တစ်ခုအကြောင်း မိတ်ဆက်တင်ပြပါမည်။ PCM (Powertrain Module) ဆိုသည်မှာ” ကားဦးနှောက် “(On board Computer) ကားကွန်ပျူတာ ဖြစ်ပါသည်။ တစ်ကိုယ်ရေသုံး ကွန်ပျူတာများကဲ့သို့ပင် Software အသုံးပြုထားပြီး Upgrade ပြုလုပ်ခြင်း၊Reset ပြုလုပ်ခြင်းများ ဆောင်ရွက်နိုင်ပါသည်။ အဓိကအားဖြင့် PCM တွင်အင်ဂျင်နှင့် စွမ်းအားပို့ စနစ်များအတွက် Control Module များပါဝင်ပြီး အခြားသောသီးခြား […]


evolutionMarch 22, 20121min43117
ဒီရက်တွေထဲဗျာ လူကလဲဘာဖြစ်နေမှန်းကိုမသိပါဘူး အလိုလိုနေရင်းဝံသာနုစိတ်ဓါတ်တွေထကြွနေသလိုပဲ။ အင်တာနက်သုံးရင်း MGကိုမွှေရင်းနဲ့ဆက်စပ်စဉ်းစားပြီး သတိထားမိတာတစ်ခုရှိလာလို့ ဖောက်သည်ချပြချင်လာပြန်တယ်။ ဒီလိုဗျ MG ကိုစရင်းနှီးခဲ့မိတာက ၂၀၀၈ လောက်တုန်းကတဲက။ အစကတော့လိုက်ဖတ်ရုံပေါ့ နောက်တော့လဲ ပြောချင်တာလေးတွေပေါ်လာတော့ အသင်းဝင်ပြီး ဝင်ပြောနဲ့ပေါ့။ ဒီလိုနဲ့ပဲသတိထားလာမိတာက MGမှာက သုတ၊ရသအစုံတွေ့ရသလို အဖွဲ့ဝင်တွေရဲ့ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအပေါ်ထားတဲ့စေတနာတွေ၊ အားမလိုအားမရဖြစ်တာတွေကို သတိထားမိလာတယ်။ ကျတော်တို့လူငယ်တွေ (လူငယ်ထင်တာပဲ) မှာဒီလိုစိတ်ဓါတ်မျိုးကိန်းအောင်နေတယ်ဆိုတာက အထူးတစ်ထွေတော့မဟုတ်ပါဘူး။ ဒီရက်ထဲမှာပဲ ကျတော်ကလဲတရုတ်ကတင်သွင်းတဲ့ပစ္စည်းတွေနဲ့ပက်သက်လို့ဆွေးနွေးမိသလို၊ ပြည်တွင်းဖြစ်တွေ၊ ထုတ်ကုန်တွေအကြောင်းဆွေးနွေးထားတဲ့ ပရုတ်လုံးလေးတွေကိုကယ်ကြရအောင်ဆိုတဲ့ပိုစ်လေးနဲ့ နောက်ဆက်တွဲဆွေးနွေးမှုတွေကိုလိုက်ဖတ်ဖြစ်တော့ ဆက်စပ်တွေးမိတာလေးတစ်ခုပေါ်လာတယ်။ အဲဒါကတော့ DIY ပဲ။ Do It Yourself လို့ဆိုတယ်။ ကိုယ့်အိမ် (သို့) ကို်ယ့်လိုအပ်တဲ့ပစ္စည်းတစ်ခုအတွက် ဆိုင်မှာအဆင်သင့်တင်ရောင်းနေတဲ့ပစ္စည်းကိုသွားဝယ်မသုံးပဲနဲ့ ကိုယ့်မှာရှိတဲ့ လက်လှန်းမှီပစ္စည်းတွေကို ပေါင်းစပ်ပြီးတော့ကိုယ်တိုင်ပြုလုပ်တာပါပဲ။ အဲဒိမှာသတိထားမိတာက အဲလို DIY အကြောင်းရေးထားတဲ့ဆိုဒ်တွေအင်တာနက်မှာ လိုက်ရှာဖတ်လို့ရပါတယ်။ ဥပမာ။ […]