ဒီနေ့ ဇူလိုင် ၉ ရက် ၂၀၁၂ ကို တစ်ချို့က Internet Doomsday လို့ခေါ်ပြီး တစ်ချို့က Black Monday လို့ ခေါ် နေကြ ပါတယ်။ ဖြစ်ရပ် ကို လွယ်လွယ် သိအောင် ပြောပြချင်ပါတယ်။ ၂၀၀ရ လောက်မှာ ကမ္ဘာတစ်ဝှမ်း ရှိ အသုံးပြု နေတဲ့ ကွန်ပျူတာတွေမှာ DNSchanger လို့အမည်ရှိ malware (ဗိုင်းရပ်) တစ်မျိုး ပြန့်နှံ့ ခဲ့ပါတယ်။ အဲဒီ malware က ကိုယ် အင်တာနက် အသုံးပြုချိန်မှာ သူတို့ ပြင်ဆင်ထားတဲ့ sites တွေ ဆီ ကို လမ်းလွဲလိုက်ပါတယ်။ အဲဒီမှာ ကိုယ့်စက်က သူတို့ ထိန်းချုပ်မှု အောက်မှာ ရောက်သွားပါတယ်။ […]