kotun winlattMay 13, 20151min4027101
ရွာသူားများ အားလုံး မင်္ဂလာပါ ခင်ဗျား…..။ မကြာမှီ ကျောင်းဖွင့်ရာသီသို့ ရောက်ရှိတော့မည် ဖြစ်ပါ၍ ကျနော်တို့ အဖွဲ့လေး နှစ်စဉ်ပြုလုပ်မြဲဖြစ်သော စာရေးကိရိယာ အလှူခရီးစဉ်အတွက် စာရေးကိရိယာများ လိုအပ်လျှက်ရှိနေပါသဖြင့် အလှူခံဖလားကြီး ပိုက်ကာ ယခုစာလေးကို ရေးသားရခြင်းဖြစ်ပါတယ်။ ကျနော်တို့အဖွဲ့မှ ယခုနှစ်တွင် စာရေးကိရိယာအလှူခရီးနှင့်အတူ ကျေးရွာများတွင် စာပေရေချမ်းစင်ကဲ့သို့သော နေရာများဖြစ်မြောက်အောင်လည်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ စာပေရေချမ်းစင် ဖြစ်မြောက်ရေးအတွက် မိမိတို့ထံတွင် ရှိနေသည့် ဂျာနယ်၊ စာစောင်၊ မဂ္ဂဇင်းများကိုလည်း လှူဒါန်းနိုင်ပါသည်။ ထို့အတူ စာရေးကိရိယာများကိုလည်း လှူဒါန်းနိုင်ပါသည်ဆိုသည့်အကြောင်း သတင်းကောင်းပါးအပ်ပါသည်။ ၂၀၁၃/၁၄ ပညာသင်နှစ်က ကျနော်တို့ ရွာသူားများ၏ လှူဒါန်းမှုဖြင့် မူလတန်းကျောင်း ၁ဝ ကျောင်းသို့ စာရေးကိရိယာများ သွားရောက်လှူဒါန်းနိုင်ခဲ့ပါသည်။ ယခု ၂၀၁၅/၁၆ ပညာသင်နှစ်တွင်လည်း ကျနော်တို့အဖွဲ့ မှ ယခင်နှစ်များအတိုင်း မူလတန်းကျောင်း […]


The RedsDecember 25, 20101min1232
ကျွန် တော်. တ ခါ တ ခါ တွေး မိ ပါ တယ် .. ကျွန် တော်. တို. ရဲ. မ ကောင်း ဆိုး ဝါး တွေ ရဲ. လုပ် ရပ် က ဟာ သ မှား ဖြစ် နေ မ လား လို. …ဒီ ဇင် ဘာ ၂၁ ရက် က ဖြစ် ခဲ. တဲ. သွေး လှူ ဒါန်း တဲ. အ ဖြစ်  မှာ ပေါ. ဗျာ ( မနာ လို တာ လား […]


manawphyulayDecember 24, 20101min820
Myanmar Orphans Support Network မှ လာမည့် ခရစ်စမတ်နေ့တွင် သုခကာမီ သီလရှင်သင် ပညာရေးကျောင်းရှိ ကလေးများအား ပျော်ပွဲရွှင်ပွဲတစ်ခု ပြုလုပ်ပေးရန် ရည်ရွယ်ထားပါသည်။ ထိုနေ့တွင် ကလေးများနှင့်အတူ ခရစ်စမတ် သီချင်းများ သီဆိုခြင်း၊ ကစားပွဲများ ပြုလုပ်ခြင်း၊ မျက်နှာတွင် အရုပ်ရေးခြယ်ခြင်း အစရှိသည့် Activity များ ပြုလုပ်မည့်အပြင် ကလေးများအား မုန့်ကျွေးခြင်း၊ အအေးတိုက်ခြင်း အလှူတို့ကိုပါ ပူးတွဲ ပြုလုပ်မည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသော Member များနှင့် Member မဟုတ်သော သူငယ်ချင်းများ အားလုံး ပါဝင်နိုင်ကြောင်း အကြောင်းကြားလိုပါသည်။ လိုက်ပါလိုသူများအနေဖြင့် အောက်ပါစုရပ်သို့ လာရောက် ပေးပါရန် အကြောင်းကြားအပ်ပါသည်။ နေ့ရက် – ၂၅.၁၂.၂၀၁၀ အချိန် – မနက် (၈) […]


fattyNovember 4, 20101min861
တန်ဆောင်မုန်းတန်ဆောင်တိုင် ရောက်ပြီဆိုရင် ရန်ကုန်မြို့မှာရှိတဲ့ အနှေးယာဉ်လုပ်သားများ ဆိုက်ကားသမားများဟာ နှစ်တိုင်းစုပြီး ကထိန်ခင်းလေ့ရှိပါတယ်။ နှစ်ပေါင်းများစွာကထဲက ဓလေ့လေးတခုပါ။ တရက်ချင်း ဆိုက်ကားနင်းလို့ရတဲ့ငွေကိုတနေ့ချင်း စုဘူးနဲ့စုကြပါတယ်။ ရန်ကုန်မြို့လည်မှာလဲ ဆိုက်ကားဂိတ်တွေအများကြီးရှိပါတယ်။ ဆိုက်ကားတစီးဟာ ခရီးသည်ကိုသူ့ဂိတ်နဲ့သူအလှည့်ကျစောင့်ရပါတယ်။ ဂိတ်ကနေခရီးသည်တင်သွားပြီး အပြန်မှာ ကြုံတဲ့နေရာက ခရီးသည်ကို ကြုံသလိုကောက်တင်လို့မရပါဘူး။ ဆိုက်ကားအလွတ်ကြီးနင်လာတာမြင်လို့ခရီးသည်က တားရင်တောင် အနီးနားက ဆိုက်ကားဂိတ်ကို လှမ်းကြည့်ပြီး ဘယ်သူမှမရှိမှ သူကတင်သွားရပါတယ်။ ဂိတ်ဝင်ကြေးကလည်းမနဲလှပါဘူး …ဂိတ်ကြီးဆိုရင် သိန်း ၂ဝ လောက်ရှိပါတယ်။ အငယ်လေးတွေဆိုရင် ၂ သိန်း ၃ သိန်းပေါ့။ ဆိုက်ကားတစီးရဲ့တန်ဖိုးဟာ ဂိတ်ကြီးမှာ သိန်း ၃ဝ လောက်ရှိပါတယ်။ ကမာရွတ် ဘူတာရုံလမ်းကဆိုက်ကားတွေ ဈေးအကြီးဆုံးပါ။ တနေ့ကိုအုံနာကြေး ၁၅၀ဝ ကျပ် လောက်ပေးရပြီး ပိုတာကိုရတာပေါ့။ သူတို့ အလှုပွဲလေးတခုတင်ပြလိုက်ပါတယ်။ မွန်မြတ်တဲ့အလှုလို့ပြောနိုင်ပါတယ်။