etoneSeptember 10, 20131min45916
၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ (၉) ရက်နေ့ ၊ နေ့လည် (၂)နာရီတွင် ရန်ကုန်မြို့၊ လသာမြို့နယ်၊ ရွှေတိဂုံဘုရားလမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ Myanmar Chinese Chamber of Commerce တွင် ၊ အမေရိကပြည်ထောင်စု၊ ကယ်လိုဖိုး နီးယားပြည်နယ်နေ မြန်မာပြည်ဖွား တရုတ်လူမျိုးများစုပေါင်းပြီး မြန်မာနိုင်ငံအတွင်း လက်ရှိလူမှုရေးလုပ်ငန်းများ လှုပ်ရှားလျှက်ရှိသော အဖွဲ့စည်းများထဲမှ ၊ NPO (Non Profit Organization) အဖွဲ့အစည်း (၆)ဖွဲ့အား အလှူငွေပေးအပ် လှူဒါန်းခြင်းအခမ်းအနား တစ်ရပ်ကိုပြုလုပ်ခဲ့ပါသည်။ ယင်းအခန်းအနားတွင် သဘာပတိအဖြစ် ဦးရေမွန်ချစ်ကလည်းကောင်း၊ အခမ်းနားမှူးအဖြစ် ဒေါက်တာဇော်ထွန်းမှ တာဝန်ယူဆောင်ရွက်ခဲ့ပါသည်။ ကယ်လီဖိုးနီးယားတောင်ပိုင်း၌ နေထိုင်သူမြန်မာပြည်ဖွားတရုတ်လူမျိုးများစုပေါင်းပြီး နှစ်စဉ် စက်တင်ဘာလဆန်းပိုင်းတွင် မိမိတို့မွေးဖွားရာ မြန်မာနိုင်ငံသို့ ပြန်လည်လာရောက်ကြပြီး တွေ့ဆုံပွဲများပြုလုပ်လေ့ ရှိကြောင်းလည်း သိရှိရပါသည်။ […]