Shwe EiJuly 24, 20131min30722
မင်္ဂလာပါရှင့်။ ဒါဇင်ပလပ်စ်နှစ်ပတ်လည်အလှူကိုတော့ ပြီးခဲ့တဲ့ ဂျူလိုင်လ ၁၄ ရက် တနင်္ဂနွေနေ့က မိုးကုတ်ဘုန်းတော်ကြီးသင် ပညာသင်ကြားရေးကျောင်းလှိုင်သာယာ၊ နဝဒေးလမ်း (၃)ရပ်ကွက်သို့ အလှူငွေကျပ် (၁၈၇၀၀ဝကျပ်တိတိ) သွားရောက်လှူဒါန်းဖြစ်ခဲ့ပါတယ်။ နှစ်ပတ်လည်အလှူကြမှ တိုက်တိုက်ဆိုင်ဆိုင် အလုပ်များနေကြတာကြောင့် ခါတိုင်းလို Light Truck တစ်စီးစာလောက် လူစုပြီး တပျော်တပါးသွားဖြစ်တာမျိုး မဟုတ်ဘဲ လူနဲနဲ နဲ့ပျင်းခြောက်ခြောက်သွားခဲ့ရပါတယ် 🙁 ကျောင်းပြန်ဖွင့်တဲ့ရာသီဖြစ်လို့ ကျောင်းသားမိဘတွေနဲ့ ဆရာတော်တွေ အစည်းအဝေးလုပ်နေကြတဲ့အချိန် ရောက်သွားကြပါတယ်။ ကျောင်းနဲ့ပတ်သတ်လို့ တာဝန်ခံဆရာတော်ကို မေးမြန်းဖြစ်သလောက် ပြန်လည် ဝေမျှလိုက်ပါတယ်။ 1993 ကတည်းက မူလတန်းကျောင်း(ဘက)အဖြစ် စတင်တည်ထောင်ပြီး ယခုထိလဲ မူလတန်းကျောင်းအဖြစ် ဆက်လက်သင်ကြားနေဆဲပါ။ စာသင်ချိန် နေ့လည် 12နာရီကနေ ညနေ5နာရီထိဖြစ်ပြီး စာသင်ခန်းမ တခုတည်းသာ ရှိတာကြောင့် အတန်းအလိုက် တပိုင်းစီကန့်ပြီး စာသင်ရပါတယ်။ ကျောင်းသူ […]