AKKONovember 9, 20101min625
နီလေးတစ်ခုမေးချင်ပါတယ် ဝက်ခြံတွေထွက်လို့ ဝက်ခြံပျောက်ဆေးတွေသောက်သင့်လား။ —– သမီးလေးနီရေ  … ဝက်ခြံတွေထွက်တာ အရမ်းကြီးတာတို့ ဆင်ဝက်ခြံတို့ဆိုရင်တော့ ဆေးတွေသောက်ဖို့လိုတာပေါ့ ။ ပုံမှန်မှာတော့ မိန်းကလေးတွေဟာ အပျိုဘော်ဝင်စမှာ ဝက်ခြံထွက်တာနည်းပါတယ် ။ ဘာဖြစ်လို့လဲဆိုတော့ မိန်းမဟိုမုန်းဓါတ် အီစထရိုဂျင်က ဝက်ခြံတွေကို မထွက်စေတာ ၊ နည်းစေတာတို့ဖြစ်စေတာကြောင့်ပါ ။ ယောကျာင်္းလေးတွေမှာသာ အထူးသဖြင့် လူပျိုဘော်ဝင်စအချိန်တွေ မှာသာ အဖြစ်များတာပါ ။ ဘာလို့ဖြစ်တာလဲဆိုတော့သမီးရေ ယောကျာင်္းတွေမှာက အန်ဒရိုဂျင် ကျားဟိုမုန်းတွေများလာလို့ပါ ။ အဲနောက်ပြီးတော့ တချို့မိန်းကလေးတွေမှာလည်း ကျားဟိုမုန်းတွေများလာတဲ့အခါမျိုးမှာ ဝက်ခြံတွေထွက်လာတာတို့ ၊ နှုတ်ခမ်းမွှေးတွေပေါက်လာတာတို့ အသံတွေဩလာတာတို့ဖြစ်တတ်တယ် ။ သမီးဝက်ခြံက ဘယ်လိုပုံစံမျိုးလဲ ။ မျက်နှာတပြင်လုံးပေါက်တာလား ၊ အလုံကြီးတွေဖြစ်နေလားဆိုတာ ဆရာအသေးစိတ်သိဖို့လိုတယ် ။ တတ်နိုင်ရင်တော့ သမီးရယ် ဝက်ခြံပေါက်တဲ့နေရာတွေကို ဓါတ်ပုံရိုက်ပြီဆရာ့ကိုပြနိုင်ရင်တော့ပိုကောင်းပါတယ် […]