Zaw WonnaJuly 7, 20111min18611
                      တရုပ်နိုင်ငံရှိ မြေအောက်ဘူတာရုံ တစ်ခုတွင် လူပေါင်းများစွာ စီးနင်း လိုက်ပါလျက်ရှိသော စက်လှေခါးတစ်ခုသည် အထက်သို့ တက်နေရာမှ ရုတ်တရက် အဆင်းဘက်သို့ ဘက်ပြောင်း လည်ပတ်သဖြင့် အသက် ၁၃နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး လူပေါင်း ၃ဝ ခန့် ထိခိုက်ဒါဏ်ရာများ ရရှိခဲ့သည်။                 ၅.၇.၂၀၁၁ နေ့ နံနက် ၉ နာရီခွဲခန့်၌ ဘေဂျင်း တိရစ္ဆာန်ဥယျာဉ် ဘူတာရုံတွင် ဖြစ်ပွားသော အဆိုပါ မတော်တဆမှုကြောင့် လူ ၃ ဦးမှာ ပြင်းထန်သော ဒါဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။                     စက်လှေခါးမှ ရှေးဦးစွာ ကျယ်လောင်သော အသံမြည်ပြီးနောက် အထက်သို့ တက်နေရာမှ အောက်ဘက်သို့ ပြန်ဆင်းသွားပြီးနောက် လူပေါင်းများစွာ လုံးထွေး ပြုတ်ကျသွားခဲ့ကြသည်။ အစပိုင်းတွင် […]