Aye KhaingJune 18, 20161min40815
 ကျနော့်အသက် ၁၅ နှစ်သားအရွယ်က “သားလုပ်ချင်တဲ့ အလုပ်ကို ရှာတွေ့သွားပြီ။ စာရေးဆရာ ဖြစ်ချင်တာ” လို့ အမေ့ကို ပြောခဲ့သည်။ အမေက “သားလေးရယ်။ မင်းအဖေက အင်ဂျင်နီယာပဲ။ သူက ကျိုးကြောင်းယုတ္တိကိုလည်း လက်ခံတယ်။ ဆင်ခြင်တုံတရားလည်း ရှိတယ်။ လောကကြီးကိုလည်း ရှင်းရှင်းလင်းလင်း မြင်တတ်တယ်။ စာရေးဆရာဆိုတာ ဘယ်လိုလူမျိုးလဲဆိုတာ သားသိလား။” “စာအုပ်တွေ ရေးတဲ့သူကို ပြောတာလေ။” “သားရဲ့ဦးလေး ဟာရိုဒို ဆိုရင် ဆရာဝန်လုပ်တယ်။ သူလည်း စာအုပ်တွေ ရေးတာပဲ။ တချို့စာအုပ်တွေဆို ထုတ်တောင် ထုတ်ထားပြီးပြီ။ အင်ဂျင်နီယာပညာ သင်ပြီး အားတဲ့အချိန်ပိုမှာ စာရေးလို့ ရရဲ့သားနဲ့” “မဟုတ်ဘူးမေမေ။ ကျနော်က စာရေးဆရာ ဖြစ်ချင်တာ။ စာအုပ်တွေရေးတဲ့ အင်ဂျင်နီယာ ဖြစ်ချင်တာ မဟုတ်ဘူး။” “သားက စာရေးဆရာ တွေ့ဖူးမြင်ဖူးလို့လား” […]


yiwaiNovember 21, 20131min1372
“ရုပ်သေးရုပ်ပွဲတော်” ======================== တိတ်ဆိတ်မှောင်မိုက်နေသော လမ်းကျဉ်းလေးဝယ် ထိုင်နေသူအများအပြားရှိပါသည်။ သူတို့သည် မျှော်လင့်ခြင်းကြီးစွာဖြင့် ကောင်းကင်ဆီသို့မော့ကြည့်နေကြသည်။ ထိုတိတ်ဆိတ်မှောင်မိုက်နေသော လမ်းလေးမှာပင် လှုပ်ရွနေကြသူများလည်းရှိပါသည်။ “ဘယ်တော့လာမှာလဲ” “ဘယ်တော့လာမှာလဲ” တိုးသဲ့သဲ့မေးသံများသည် တိတ်ဆိတ်ခြင်းကို ရံဖန်ရံခါ ဖေါက်ထွက်လာကြ၏။ သို့သော် ထိုမေးခွန်းသည် မေးခွန်းသာဖြစ်လျှက် အဖြေမရှိ။ အဖြေမရှိခဲ့။ လမ်းကျဉ်းလေးဝယ် အလင်းတချို့ စိုက်ခနဲ စိုက်ခနဲ ကျလာသည်။ ထိုအလင်းတို့အား လိုက်ဖမ်းနေကြ၏။ ကိုယ့်ဘေးနားသို့ အလင်းကျလာပါလျှက် မမြင်ကြသူတွေကလည်း အများအပြား။ “မလာသေးဘူးလား” “ခုထိ မလာသေးဘူးလား” “မျှော်ရတာ ပင်ပန်းလှပြီ” လူတချို့၏ တီးတိုးရွတ်ဆိုသံသည် သိပ်မကျယ်လောင်တော့။ အလင်းဖမ်းသူအများအပြား၏ လှုပ်ရွသံသည်သာ ဖုံးလွှမ်းသွား၏။ “ဟော ဟိုနားမှာ ဟေ့” “ဒီမှာဟ ဒီမှာ” ……………………………..။  “အလင်းရှင်သည် အမှောင်ကို ခွင်းဖို့ကြိုးစားသော်ငြား လူသားတို့၏ စာနာမှုမရှိခြင်းကို […]


    ပြီးခဲ့သော တနင်္ဂနွေကတည်းက ကျွန်တော့် စာအုပ် အဟောင်းများကို ရှင်းရန် ကြိုးစားခဲ့သော်လည်း မရခဲ့။ အမှန်တော့ ယခုတစ်လလုံးသည် ကျွန်တော့်အတွက် မအားခဲ့ပါ။ တနင်္ဂနွေတစ်ရက်သာ ပိတ်သော ကျွန်တော့်အတွက် လုပ်စရာတွေကို ထိုရက်တွေမှ လုပ်ဖြစ်နိုင်သည်။ သို့သော်ကား တနင်္ဂနွေတိုင်းလိုလို ယခုလတွင် အပိုချိန်ဆင်းနေရသောကြောင့် ပြီးခဲ့သော တနင်္ဂနွေတွင် အားပြီဖြစ်၍ စာအုပ်များရှင်းရန် စိတ်ထဲ သတ်မှတ်ထားခြင်း ဖြစ်လေသည်။ ဖြစ်ချင်တော့ ထိုတနင်္ဂနွေတွင်လည်း သူငယ်ချင်းတစ်ဦး၏ ဆိုင်ဖွင့်ပွဲ ဖိတ်စာ ဒီဇိုင်းဆွဲရန် ကူညီနေရသဖြင့် ဒီတစ်ပတ်မှ ကျွန်တော့် စာအုပ်ဟောင်းများကို ရှင်းလင်းရေး လုပ်နိုင်တော့သည်။ ရှင်းမယ်ဆိုတော့လည်း စာအုပ်ဟောင်းများက ဖုံတစ်လုံးလုံးဖြင့် ခပ်နွမ်းနွမ်း ကျွန်တော့်ကို ကြိုဆိုနေကြပါသည်။ အချို့စာအုပ်များသည် ဝတ္ထုစာအုပ်ဟောင်းများဖြစ်၍ အချို့မှာ သိပ္ပံဆိုင်ရာ စာအုပ်များနှင့် ကွန်ပျူတာ […]


  ၁။   ကျွန်တော် သွားခဲ့သည်။ ကျွန်တော် သွားနေသည်။ ကျွန်တော် သွားလိမ့်ဦးမည်။ သွားနေသော ကျွန်တော်သည် သွားနေကြောင်း သေချာစေရန် စမ်းစစ်ကြည့်ရန် လိုအပ်ပါသလား။ သို့မဟုတ် အဘယ့်ကြောင့် သွားရန် လိုအပ်ပါနည်း။ “ဟေ့ … ဘယ်သွားမလို့လဲ” “ဟေ့ … ဘယ်က ပြန်လာတာလဲ” မေးခွန်းတစ်ချို့က ကျွန်တော့်ထံ ခန့်ခန့်ညားညား ဝင်ရောက်လာကြပါသည်။ ကျွန်တော် ဖြေရန်လိုအပ်ပါသည်။ သို့သော် ထိုမေးခွန်းများထက် ပိုခက်သော မေးခွန်းက နောက်ဆုံးမှ တိတ်တိတ်လေး ဝင်ရောက်လာခဲ့ဖူးသည်။ “ဟေ့ … ဘာကြောင့် သွားနေတာလဲ” ကျွန်တော် တိတ်ဆိတ်သွားမိသည်။ ဟုတ်ပါသည်။ ကျွန်တော် ဘာကြောင့် သွားနေပါသနည်း။ ထိုမေးခွန်းသည် သွားရန်မလိုအပ်သဖြင့် မေးသော မေးခွန်းပေလော။ သို့တည်းမဟုတ်ပါက သွားနေခြင်းကို […]


ကျော်ဘသစ်November 13, 20121min982
Be Proactive ကိုယ့်လုပ် ကိုယ်စံ၊ ကိုယ့်တာဝန် လူတွေဟာ ပင်ကိုယ်သဘာဝအရ လွတ်လပ်စွာ ပြုလုပ်ဖန်တီးသူဘဝ ရထားကြပေမယ့် ပတ်ဝန်းကျင်လောကရဲ့ လူမှုရေးအတွေးအမြင်တွေ၊ ပြဌာန်းခံဝါဒတွေ လွှမ်းမိုးခံရတဲ့အခါ သဘာဝကနေ ယိမ့်ယိုင်သွေးဖယ် သွားကြပါတယ်။ အပြဌာန်းခံအမြင်ရှိတဲ့ ပတ်ဝန်းကျင်လောကနဲ့ မှန်တစ်ချပ်လို အပြန်အလှန် ရောင်ပြန်ဟပ်ကြရင်း ကိုယ်တိုင်လည်း မှန်တစ်ချပ်လို ဖြစ်သွားပြီး လွတ်လပ်မှုကနေ ထွက်ပြေးဖို့ ကြိုးစားကြပါတော့တယ်။ အဲဒီက စလို့ လူတစ်ချို့ဟာ ဖန်တီးသူအဖြစ်ကနေ တုန့်ပြန်သူအဖြစ် စုတေ၊ ထိုးစစ်ဆင်ဘဝကနေ ခံစစ်ပြင်ဘဝ ဈာန်လျှောကျ၊ လောကကြီးကို အပြစ်ပုံချ၊ ကိုယ်တာဝန်ကိုယ်ကျတော့ မယူဆိုတဲ့ အကျင့်ဆိုးတွေ နိုးထလာရတော့တာပါပဲ။ အဲဒီလိုအကျင့်ဆိုးတွေ ပူးဝင်ခံရတဲ့လူတွေဟာ အခုလိုမျိုးစကားတွေ ပြောလေ့ရှိပါတယ်။ -ကျွန်တော်မှာက ကျွန်တော့်အဘိုးရဲ့ဗီဇ ပါလာတယ်လေ၊ ကျွန်တော့် အဘိုးကလည်း လူရိုးလူအ၊ ဒါကြောင့် ကျွန်တော်အလှည့်မှာလည်း […]


ကျော်ဘသစ်November 12, 20121min901
အတွေးအမြင်နဲ့ အကျင့် ………………………….. ညနေ ရုံးဆင်း၊ ဘတ်စကားပေါ်မှာ ခရီးသည်တွေ ကြိတ်ကြိတ်တိုးနေတဲ့ချိန်။ ကျွန်တော်က ဘတ်စကားရှ့ပိုင်းဘက် အသာတိုး၊ လက်ကိုင်တန်းလေးကို တင်းတင်းစွဲပြီး ကပ်ကပ်ညပ်ညပ် လိုက်ပါလာတယ်။ ကားကြပ်လို့ မောပြီး ဟနေရတဲ့အထဲ မြင်ရတဲ့ရှုခင်းကပါ ဒေါကို သစေတယ်။ ကျွန်တော်နဲ့ မလှမ်းမကမ်း သံဃာတော်များခုံမှာ မိန့်မိန့်ကြီး ထိုင်လိုက်လာတဲ့ ခပ်ရိုင်းရိုင်းငနဲကြောင့်ပါပဲ။ သူ့ဟာသူ စောစောတက်၊ စောစောထိုင်ခုံရလို့ သူ့ဟာသူ ထိုင်တာကို ဘာမှ မပြောလိုပေမယ့် သူ့အနားကပ်ပြီး ဝါကြီးကြီးသံဃာ လာရပ်လည်း ပြုံးပဲပြပြီး ထမပေး၊ အသက်ခြောက်ဆယ်ကျော် အဘွားကြီးလာရပ်လည်း အထုပ်ကလေး ကူယူပေးတာကလွဲလို့ နေရာဖယ်ပေးဖို့ စိတ်မကူး၊ ဗိုက်ကြီးသည်တစ်ယောက် တက်လာတော့လည်း တစ်ခြားတစ်ယောက်ကသာ နေရာပေးလိုက်ရ၊ သူကတော့ ဖင်ကြွဖို့ နည်းနည်းမှ မစဉ်းစားဘူး။ ကျွန်တော့်မှာ ဘေးကနေ […]


ကျော်ဘသစ်November 10, 20121min1105
အကျင့်သံသရာ …………………………… “ကျုပ်တို့ဆိုတာ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အရာ၊ ကျုပ်တို့ အထပ်ထပ်လုပ်နေတဲ့အကျင့်”လို့ ဆိုကရေးတီးက ဆိုပါတယ်။ ဆိုကရေးတီးအဆိုနဲ့ ခင်ဆင်ဆင် အင်္ဂလိပ်ကဗျာတစ်ပုဒ်ကလည်း “ပထမ ငါတို့က အကျင့်တွေကို စလုပ်၊ နောက်ပိုင်းတော့ အကျင့်တွေက ငါတိုတို့ကို ပြန်လုပ်”လို့ ဆိုထားရဲ့။ ဗုဒ္ဓဝါဒ အယူအဆတစ်ခုမှာတော့ “မသိနိုးနားနဲ့ လွန်ကျူးမူတွေ လုပ်တယ်၊ အဲဒီ့လွန်ကျူးမူတွေက ကိုယ်နှုတ်စိတ်အင်္ဂါတွေထဲ စိမ့်ဝင်၊ အကျင့်တွေပါသွားတယ်၊ ရလာတဲ့ အရသာကို ခန္ဓာကိုယ်က ဆာလောင်တယ်၊ နောက်တစ်ခါ ထပ်လုပ်ဖို့ ကြိုးစားတယ်၊ အကျင့်တွေ ထပ်ပါ၊ ဒီလိုနဲ့ လူပေါ်မှာ အမူအကျင့်တွေ သံသရာလည်နေတယ်”လို့ ရှင်းပြပါတယ်။ အကျင့်ဟူသမျှ ကြီးကြီး ငယ်ငယ်၊ ဝင်ပူးသွားမိရင် လူနဲ့အကျင့်၊ အကျင့်နဲ့လူ ခွဲခြားမရ၊ တစ်သားတည်း ဖြစ်သွားကြတယ်လို့ ဆိုလိုချင်ပုံပါပဲ။ ဒါဆိုရင် […]


ကျော်ဘသစ်November 6, 20121min1469
အကျင့်  = အဆင့် …………………… “အကျင့်” လူတိုင်းရင်းနှီးတဲ့ စကားလုံးပါပဲ။ လူတိုင်းနဲ့ သိပ်မရင်းနှီးတာက အဲဒီ့အကျင့်ရဲ့ တစ်ဘဝတာ သက်ရောက်မှုပါ။ တိတ်တိတ်ပုန်း ခိုကပ်လိုက်ပါနေတဲ့ အဲဒီ့အကျင့်ရဲ့ မောင်းနှင်မှုအားကိုပါ။ တကယ်တော့ လူတစ်ယောက် ဘာဆိုတာကို အဆုံးဖြတ်ပေးတာ တစ်ခြားလူတွေမဟုတ်၊ သူ့မှာရှိတဲ့ အဲဒီ့အကျင့်တွေပါပဲ။ လူဖျင်းလူညံ့လား လူကောင်းလူတော်လား၊ ထုံထိုင်းသူလား ထက်မြက်သူလား၊ အလကားလူလား အရည်အချင်းရှိသူလား၊ လူ့ချဉ်ဖတ်လား လေးစားစရာလူလား၊ သုံးမရသူလား ကိုယ်ရည်ကိုယ်သွေးပြည့်သူလား၊ လူယုတ်မာလား အကြင်နာတရား ရှိသူလား။ အဲဒီအကျင့်က လူတစ်ယောက်ကို အောင်မြင်အောင်လုပ်တယ်၊ ကျရှုံးအောင်လုပ်တယ်။ ဂုဏ်သရေရှိအောင်လုပ်တယ်၊ ကျက်သရေမဲ့အောင်လုပ်တယ်၊ ဘဝခရီး ဖြောင့်ဖြူးအောင် ကူညီတယ်၊ ဘဝလမ်း ကြမ်းတမ်းအောင် ကျိန်စာတိုက်တယ်။ စီးပွားရေးမှာ၊ လူမှုရေးမှာ၊ အိမ်ထောင်ရေးမှာ၊ နေ့စဉ်ဖြတ်သန်းနေရတဲ့ လောကပတ်ဝန်းကျင်မှာ လူတစ်ယောက်မှာရှိထားတဲ့ အကျင့်တွေက […]


  မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကျောက်တောင်ကို လှိုင်းပုတ်သလိုပါပဲ။ လူဆိုတာ ရှင်သန်ခြင်းမှာ ခဏတိုင်း သေခဲ့ရ။ အတိတ်တွေက ဝိုးခနဲ ဝါးခဏနဲ့ အိပ်မက်တွေက အပိုင်းပိုင်းပြတ်ကာ ကျွန်တော် လန့်နိုးလာတယ်။ အိတ်ကပ်ထဲက ငွေစတစ်ချို့ကို ရေတွက်ကြည့်တော့ ရန်ကုန်မြို့နယ် တစ်ခုက တစ်ခု သွားစာ ဘက်စ်ကားခထက်မပိုတော့။ ခုနှစ် သက္ကရာဇ်များကို ဖြိုခွင်းရင်း ပြက္ခဒိန်များက သံချေးတက် မျှော်လင့်ချက်များကို တိုက်စားလို့။ သွားလက်စ ခရီးတွေ ခဏရပ်၊ စားလက်စ မနက်စာတွေ ခဏရပ်၊ တွေးလက်စ အတွေးတွေ ခဏရပ်လို့ ကျွန်တော် မနေ့ညက သေခဲ့တယ်။   မနေ့ညက ကျွန်တော် သေခဲ့တယ်။ ကိုယ့်ကိုယ်ကို ကွေးလိမ်ထားရတဲ့ နေ့စွဲများကို ကျွန်တော် အမှတ်ရကြည့်တယ်။ ဒိုင်ယာရီစာအုပ်ထဲက မိန်းမလှတစ်ယောက်ရဲ့ […]


ကျော်ဘသစ်November 6, 20121min1118
ငါ ဘယ်သူလဲ စကားထာ ……………………………………………. ငါဟာ မင်းရဲ့  ဆိုးတူကောင်းဖက် မင်းဘဝခရီးအတွက် အကူအညီကောင်း ဒါမှမဟုတ် မင်းထမ်းသွားကောင်းသွားရမယ့် ဝန်ထုပ်ဝန်ပိုး မင်းကို မိုးပေါ် မြှင့်တင်ပေးမယ့်သူဟာ ငါ ဒါမှမဟုတ် မင်းကို အောက်ဆုံးထိ ဆွဲချမယ့်သူလည်း ငါ ငါဆိုတာ မင်းရဲ့အမိန့်ပေးမှုအောက်မှာ မင်းတစ်ဝက်လုပ်ပြီးတဲ့အခါ ကျန်တာအားလုံး ငါ့တာဝန်။ မင်းကသာ ငါ့ကို ကပ်ထား ငါဆိုတာကို အလွယ်တကူ စီမံသွားလို့ ရရဲ့ မင်း ဘာဖြစ်ချင်တယ်ဆိုတာ နမူနာ တင်ပြ ငါ့က အလိုလို ဆက်လုပ်သွားရမယ့်သူ ငါဟာ အောင်မြင်သူအားလုံးရဲ့ အလုပ်အကျွေး ပြီး ကျရှုံးသူတွေရဲ့ ကျေးကျွန်လည်း ဖြစ်တယ် အောင်မြင်မှုတွေအတွက် ငါဟာ သော့ချက် ကျရှုံးသူတွေအတွက်တော့ ငါက လက်သည်။ ငါဟာ စက်ယန္တယားတော့မဟုတ် […]


အင်းပိတောင်တွေပွင်နေပြီ ရုံးပိတ်ရက်ကိုရောက်ဖို. လိမ်ပိန်ပြီးတော့ စောင့်နေရတယ် ကြာရှည်လွန်းပါရဲ. နာရီ ရက်စွဲများရယ်… မန္တလေးကိုပြန်မယ်လို. စဉ်းစားကတည်းက ပျော်နေမိတယ် တစ်နှစ်တစ်ခေါက်တော့ မပြန်မဖြစ်ပြန်တယ်.. ဘယ်လိုပဲ မြို.ကြီး မှာ တိုးတက်နေပါစေ မန္တလေးမှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ရှိနေသေးတယ်ဗျာ… ရန်ကုန်နဲ.မျန္တလေးကို ယဉ်းကျေးမှုချင်း အရမ်းကွားသွားတယ်.. လူအချင်းချင်းဆက်ဆံရေးကအစပေါ့ဗျာ.. မန်းလေးမှာ ပိတောက်ပွင့်ရင် ဘယ်အိမ်မဆို တက်ခူးနေလို. တစ်ခက်နှစ်ခက် ဝင်တောင်းလို.ရတယ်.. သင်္ကြန်တွင်းဆို လူငယ်တွေက သင်္ကြန်မလည်ချင် ဥပုဒ်ဆွမ်းတော်ခံ ထွက်ပေးကြသေးတယ် .. ပြီးမှ ဆွမ်းထမ်းတွေကို ဥပုဒ်ဇရပ်ကို ပို.ပြီး မှ လည်ကြတာ အဲဒါလဲ ချစ်စရာဓလေ့တစ်ခုပေါ့.. ကျွန်တော်ဆို မန္တလေးပြန်ရောက်ရင် ဥပုဒ်ဆွမ်းခံကို မလိုက်မဖြစ်လိုက်တယ်.. ပျော်စရာလဲကောင်း ကုသိုလ်လဲရ သူငယ်ချင်းတွေနဲ. စကားပြောလမ်းလျှေ


အမေရိကန်ချွေးမဆိုတဲ့ ပို့စ်လေးကို ဖတ်မိပြီး ကျွန်တော့်အတွေးတွေဟာ အတိတ်ကိုရွက်လွှင့်တယ်လို့ ခေါ်ရမလားပဲ။ ကျွန်တော်တို့မောင်နှမတွေဟာ အဖေကို အင်မတန်မုန်းတယ်။ ဘာလို့မုန်းသလဲဆိုတော့ စာသင်လွန်းလို့။ မနက်တစ်နာရီ၊ နေ့လည်တစ်နာရီ၊ ညတစ်နာရီ၊ တစ်ရက်ကိုသုံးကြိမ်တိတိ အဖေက စာသင်တယ်လေ။ တခြားကလေးတွေဆော့နေကြချိန်မှာ ကျွန်တော်တို့ စာသင်ရရင် ကျွန်တော်တို့ဘယ်လိုမှ မကျေနပ်နိုင်တော့ဘူး။ ၄နှစ်သားလောက်ကတည်းက အေဘီစီဒီ သင်ခဲ့ရတာပါ။ အဖေ အဓိကသင်တာက အင်္ဂလိပ်စာ။ ကျွန်တော်တို့ကလေးတွေအခေါ် Peter and Jane ဆိုတဲ့ ladybird series စာအုပ်တွေကို တဆင့်ချင်းစီတက်ပြီး သင်ကြရတယ်။ ဒီစာအုပ်တွေက ဥပမာ 3a, 3b, 3c, ဆိုပြီး အဆင့်ဆင့်တက်သွားပါတယ်။ စာတစ်အုပ်လုံးမှ အင်္ဂလိပ်ဝေါဟာရ ၄-၅ လုံးလောက် အသစ်တိုးတာပါ။ ဒါပေမယ့် အင်္ဂလိပ်စာကို တတ်မှန်းမသိတတ်သွားစေတယ်။ စာတစ်မျက်နှာကို အခေါက်ပေါင်းရာချီပြီး […]


kyawmonkhantNovember 22, 20101min831
ပထမဦးစွာ ဘာသာရေးဆရာတစ်ယောက်ကိုရှာခဲ့ရပါတယ်။ နောက်လိုက်နောက်ပါ အများနဲ့ ထင်ရှားကျော်ကြားတဲ့ ယောဂီတစ်ယောက်ဖြစ်တဲ့ အာဠာရကာလာမကို သူရွေးချယ်လိုက်ပါတယ်။ အာဠာရကာလာမ သင်ပေးနိုင်တဲ့အရာအားလုံးကို သူကျွမ်းကျင်စွာတတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ကျေနပ်မှု မရှိခဲ့ပါဘူး။ တခြားဆရာတယောက်ထံ ချဉ်းကပ်ပြန်ပါတယ်။ သူကတော့ ယောဂီအကျင့်မှာ အမြင့်ဆုံးအဆင့်ကို ရရှိထားတဲ့ ဥဒကရာမပုတ္တဖြစ်ပါတယ်။ ဒီတစ်ခါမှာလဲ ဆရာနဲ့အဆင့်တူ ကျွမ်းကျင်မှုတွေ ရရှိခဲ့ပါတယ်။ ဒါပေမယ်လို့ ခုချိန်တိုင်အောင်လဲ သင်္ခတ ဘဝရဲ့ နှိပ်စက် နာကျင်မှုတွေက လွတ်မြောက်မှုကို ရပြီလို့မယုံကြည်ပါဘူး။ ဆရာကြီး နှစ်ယောက်လုံးဟာ ဒီအဆင့်ရောက်အောင် နှစ်ပေါင်းများစွာ အားထုတ်ခဲ့ရပါတယ်။ သူတို့ရဲ့တပည့်ဖြစ်သူဟာ သူတို့နဲ့အဆင့်တူ ဖြစ်လာပြီဆိုတာကို သိလာတဲ့အခါမှာ သူ့တို့နောက်လိုက်တပည့်များရဲ့ ဦးစီးခေါင်းဆောင် သူတို့ရဲ့နေရာကို လက်ခံဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒါမေမယ့် မင်းသားရသေ့ကို ဆွဲဆောင်လို့ မရခဲ့ကြပါဘူး။ ရောက်ရမည့် မြင့် မြတ်တဲ့ ပန်းတိုင် […]