kyawmonkhantNovember 21, 20101min590
သကျမင်းသားငယ်တစ်ယောက်ထက် ဘဝကို ယဇ်မူးပျော်ရွှင်ဘွယ် ကောင်းသူ ဘယ်သူရှိသေးလဲ? စိတ်ကူးယဉ်တိုင်းရနိုင်တဲ့ စည်စိမ်းချမ်းသာ တွေနဲ့ခြံရံထားတဲ့သူ့ကို စိုးရိမ်တကြီးရှိလှတဲ့ သူ့ခမည်းတော်က ဒုက္ခတွေနဲ့ ရုပ်ဆိုးအကျည်းတန် ခပ်လှမ်းလှမ်းမြင်ကွင်းတွေကိုတောင် မမြင်ရအောင် ကာကွယ်ထားခဲ့ပါတယ်။သူ့ နေ့အချိန်တွေကို ညှိုးနေတဲ့ရော်ရွက်ဝါတွေ တမင်တကာ ခြွေလှစ်ဖယ်ရှားထားတဲ့ ပျော်ရွှင်ကြည်နူးဖွယ်ရာ ဥယျာဉ်သာမှာ ကုန်လွန်စေခဲ့ပါတယ်။ သံစဉ်ချိုတဲ့ငှက်တွေရဲ့ သီချင်းဆိုသံနဲ့ ရေပန်းတွေရဲ့ ရေကျသံတွေဟာ နာဝင်ပီယံဖြစ်စေပါတယ်။ သူနဲ့ သူအဖော်များကို နေ့ခင်းပို်င်း အပူရှိန်ပြင်းပြင်းက ကာကွယ်ပေးထားတဲ့ အေးမြတဲ့ ဥယျာဉ်စိမ်းစိမ်းထဲမှာ စပါယ်ပန်းရနံ့ ပန်ခြုံပန်းရုံများရဲ့ ရနံ့ထုံထားတဲ့ လေနုအေးလေးက နေရာယူထားပါတယ်။ ညအချိန်မှာဆိုရင် ဒေါင်းအမွေးအတောင်များနဲ့ လုပ်ထားတဲ့ ကြီးမားလှတဲ့ ယပ်တောင်ကြီးကို ညင်သာဖြေးညှင်းစွာ လှုပ်ခပ်ပေးလို့ လေနုလေးများ ဆော့ကစားရာ ကြီးကျယ်ခမ်းနားလှတဲ့ ခမ်းမကြီးထဲမှာ နံ့သာမီးအိမ်များရဲ့ နူးနူးညံ့ညံ့ ခပ်မှိန်မှန် အရောင်အောက်မှာ ကွေ့ကွေ့ကောက်ကောက် […]


kyawmonkhantNovember 21, 20101min1095
အတုမရှိဗုဒ္ဓမြတ်စွာ ဒီပို့စ်လေးကတော့ နိုင်ငံခြားသားတစ်ဦးရေးထားတဲ့ ဗုဒ္ဓဝင်အက်ဆေးပါ။ မူရင်းစာအုပ်ကတော့ Dimensions of Buddhist thought by Francis story ဖြစ်ပါတယ်။ အဲဒီ စာအုပ်ထဲက A Unique teacher ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ရေးထားတာကို ကျနော်ကြိုက်နှစ်သက်လို့ MGညီအကို မောင်နှမများကိုလည်း မျှဝေလိုတဲ့ ဆန္ဒနဲ့ ဘာသာစကား အကန့်အသတ်ရှိတဲ့ကြားထဲက ကြိုးစားပြီး ဆီလျော်အောင် ဘာသာပြန်တင်ပြတာဖြစ်ပါတယ်။ နဲနဲတော့ရှည်မယ်နော်။ သမိုင်းမှာ ကြီးကျယ်မြင့်မြတ်လှတဲ့ ပုံရိပ်များ များစွာပေါ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် လောကမှာ အကြီးကျယ်ဆုံးဘာသာရေးကိုညွှန်ပြခဲ့တဲ့ သကျမင်းသား သိဒ္ဓတ္ထ ဂေါတမလောက် စွဲမက်ဖွယ်ရာ အမှတ်တရဖြစ်စရာ ယခုမျက်မှောက်ခေတ် အချိန်စက်ဝန်းမှာ တယောက်မှ မရှိပါ။ သူဟာ ပုဂ္ဂိုလ်ရေးအနေနဲ့လည်း အတုလ, ဆရာတစ်ယောက်အနေနဲ့လည်း အတုလံ အတူမရှိ အတု […]


toyoJuly 7, 20101min18511
“အစ်ကို ဘယ်ပျောက်နေတာလဲ။ မမြင်တာကြာပြီနော်။ ခရီးထွက်နေတာလား။ ရွာပြန်နေတာလားဟင်” မာယာငွေရဲ့ ပြုံးယောင်ယောင် စကားကြောင့် ကျွန်တော့် စိတ်ထဲ ခိုးလိုးခုလု ဖြစ်သွားတယ်။ သူမနဲ့ ကျွန်တော် ဘာဆိုင်လို့လဲ။ ဘာပတ်သတ်ခဲ့လို့လဲ။ အဲ နှစ်ကြိမ်တော့ ပတ်သတ်မိတာပေါ့လေ။ ဒါပြီးခဲ့ပါပြီ။ နောင် မာယာငွေနဲ့ ဘယ်အကြောင်းနဲ့မှ မပတ်သတ်ဖို့၊ မဆက်ဆံဖို့ ကျွန်တော်ဆုံးဖြတ်ထားတယ်။ ပထမမှားရင် လိမ်သူရဲ့ အမှား။ ဒုတိယမှားရင် အလိမ်ခံရသူရဲ့ အမှား။ တတိယ အမှားမဖြစ်ဖို့ သတိကြီးစွာ နေရမယ်။ ကျွန်တော်နဲ့ အတူ လမ်းလျှောက်လာတဲ့ ကိုသံခဲက “လုပ်ပြီ”လို့ တိုးတိုးလေးပြောတယ်။ မနက် အလုပ်မသွားခင် ကျွန်တော်နဲ့ ကိုသံခဲ လမ်းဆုံက လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်ပြီး ပြန်လာကြတယ်။ အိမ်နဲ့ မနီးမဝေး အရောက်မှာ မာယာငွေနဲ့ မျက်နှာချင်းဆိုင် […]