etoneDecember 27, 20141min34019
TVကနေ ဖျော်ဖြေမှု အစီစဉ်တခုကို ကြည့်နေတုန်း အောက်ကနားဘက်က ဟိုက်လိုက်ထိုးထားတဲ့ စာတမ်းလေးတစ်ခု အမှတ်မထင်ဖြတ်ပြေးသွားခဲ့တယ် … ။ အမှတ်တမဲ့ မြင်ခဲ့ရတဲ့ စာသားလေးတစ်ခုက ကျွန်မ စိတ်အာရုံကို ဖမ်းစားလိုက်တာ ၊ ထိုင်ကြည့်နေတဲ့ ဖျော်ဖြေမှု အစီစဉ်ကိုတောင် မေ့သွားမိတဲ့ အထိပေါ့ ။ %%%%%%%%%%%%%%%%%%%%%%% ” အခမဲ့ ပညာရေး “ ၂၀၁၁-၂၀၁၂ပညာသင်နှစ်ကနေ စတင်ခဲ့တဲ့ မူလတန်း အခမဲ့ပညာရေးစနစ်က ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာတော့ အလယ်တန်းထိ တိုးမြင့်လုပ်ဆောင်လာနိုင်တာ သိရတော့ ၊ ချို့တဲ့ပြီး ပညာလိုချင်ကြတဲ့ ကလေးတွေအတွက် ဝမ်းသာမိပါတယ် ။ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှာ ဘာအကြောင်းပြချက်နှင့်မှ အလှူငွေ / ငွေကြေး တစုံတရာ ကောက်ခံခြင်းမပြုအောင်လည်း တင်းတင်းကြပ်ကြပ်တားမြစ်ထားတာကြောင့် သာဓုခေါ်စရာကောင်းတဲ့ ပညာရေးအထောက်ကူပြု စီမံချက်တစ်ခုပါပဲ […]


etoneJuly 6, 20141min39927
အသက်မွေးဝမ်းကြောင်း အလုပ် အပေါ် တာဝန်ကျေဖို့ ကြိုးစားရင်း ရွာထဲဝင်ပြီး စာမရေးဖြစ်တာရော မဖတ်ဖြစ်တာရော ကြာခဲ့ပါပြီ …. အရင်ကလို မိုးလင်း မိုးချုပ် ရွာရိုးကိုးပေါက်လည်း မလျှောက်နိုင်တော့ဘူး ။ ရွာကြီးကနေ မြို့ဖြစ်သွားတဲ့ သတင်းရော ပိုပြီး လူပိုများလို့ စည်ကားလာတယ်ဆိုတဲ့ သတင်းရော … တချို့ .. တချို့သော … သတင်းတွေပါ ခပ်သဲ့သဲ့တော့ ကြားနေရပေမယ့် …. အရင်ကလို အရပ်တကာလှည့်ပြီး ရန်မတွေ့နိုင်တော့ဘူး …. တအိမ်တက် တအိမ်ဆင်း အတင်းလိုက် မပြောနိုင်တော့ဘူး ….. ။ ဒီနေ့ … အဲ … ဒီည …. ဒါလည်း မဟုတ်သေးဘူး ဒီမနက် ဝေလီဝေလင်းတော့ (ဒါဆိုပိုမှန်မယ် ….. ) […]


etoneMay 6, 20141min36718
သူတောင်းစားဟုဆိုလျှင် တောင်းစားသူများကို မြင်ယောင်တတ်ကြပါတယ် ။ သို့သော်လည်း တောင်းစားသူတိုင်းက သူတောင်းစား မဟုတ်ကြပြန်ပါဘူး ။ တောင်းစားသူ အမျိုးစား များစွာရှိသော်လည်း သူတောင်းစားအမျိုးစားတော့ နှစ်မျိုး နှစ်စားပဲ ရှိပါတယ် ။ လိမ်တောင်းစားတဲ့ သူတောင်းစားနှင့် ၊ တကယ်တောင်းစားတဲ့ အမျိုးစားပါ ။ ဘယ်လို သူတောင်းစားအမျိုးစားပဲဖြစ်ပါစေ လာတောင်းလျှင် မပေးဖြစ်တာများပါတယ် ။ လက်ခြေ အကောင်းကြီး ရှိပါလျှက် တကယ့် သူတောင်းစား ဖြစ်နေသူများကို လက်ကြောမတင်းသူဟု ယူဆပြီး စေတနာမထားနိုင်ခဲ့ပါဘူး ။ မျက်မမြင် ၊ ဒုက္ခိတလို ဆင်ယင်ပြီး လိမ်လည်တောင်းနေသူများလည်းရှိတာကြောင့် သူတောင်းစား အမျိုးစားဆိုလျှင် စေတနာ မထားတတ်တာက များပါတယ် ။ %%%%%%%%%%%%%%%%%%%% အချိန်က ညနေ ၆ နာရီကျော် ……. […]


etoneOctober 9, 20131min56335
ကိုယ်ဧ။် ချမ်းသာခြင်း ၊ စိတ်ဧ။် ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေဆိုတဲ့ ဆုတောင်းစကားကို အကြိမ်ကြိမ်ကြားခဲ့ ဖူးပေမယ့် ဒီစကားတစ်ခုရဲ့ အဓိပ္ပါယ်ကို လေးလေးနက်နက် မတွေးမိခဲ့ဘူး ။ ကြိမ်ဖန်များစွာ အခါခါကြားရလို့ အလွတ်ရနေတဲ့ ဆုတောင်းစကားတစ်ခုက နှစ်လိုဖွယ်ကောင်းမှန်း လူငယ်ဆိုတဲ့ အသက်ပိုင်းခြားတစ်ခု ကုန်ဆုံးခါနီးမှ သိခဲ့ရပါတယ် ။ စိတ်ဧ။် ကျန်းမာခြင်းတဲ့ ….  လှုပ်ရှား ရုန်းကန်နေရတဲ့ ဘဝတွေထဲ အခြေတကျရပ်တည်နိုင်ဖို့ ကြိုးစားရတာ မလွယ်ကူပါဘူး ။ စိတ်ဖိစီးမှုတွေ ၊ မျှော်လင့်ချက်တွေကပ်ပြီး လိုအင် ဆန္ဒတွေပြည့်ဝဖို့ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ကြိုးစားကြတယ် ။ အနိမ့်မြင့် မတူညီတဲ့ ကံတရားကြောင့်ပဲ ပျော်စရာတွေကြုံလာနိုင်သလို ၊ဝမ်းနည်းစရာ ၊ စိတ်ဓါတ်ကျစရာတွေလည်း ရှိလာနိုင်တယ် ၊ရုတ်ချည်းပြောင်းလဲသွားတဲ့ ဘဝရပ်တည်မှုတွေ မျှော်လင့်သလို ဖြစ်မလာတဲ့အခါ […]


etoneJuly 8, 20132min31630
သဂျီးနဲ့ တကွ အွန်လိုင်းက စာဖတ်သူများ ၊ ရွာသူ ရွာသားများ အားလုံးပဲ မင်္ဂလာပါနော် ။ မနေ့က တနင်္ဂနွေနေ့လည်းဖြစ် ၊ ရုံးပိတ်ရက် ၊ ကျောင်းပိတ်ရက်လည်း ဖြစ်တာကြောင့် ၊ အိမ်မှာနေရင်း အနားယူဖြစ်ခဲ့ကြပါသလား ဒါမှ မဟုတ် မိသားစုနဲ့ပဲ ဟိုဟိုဒီဒီ သွားရင်း ပျော်စရာအချိန်လေးတွေ ဖန်တီးဖြစ်ခဲ့ကြပါလား ။ ကျွန်မကတော့ ရွာထဲက ရေးဖော်ရေးဖက် ၊ ပြောင်ဖော်ပြောင်ဖက်များဖြစ်တဲ့ ဆူး ၊ အမတ်မင်း ၊ ရွှေတိုက်စိုး ၊ AKKO၊ ရွှေအိ ၊ နွယ်ပင် ၊ သန္တာ၊ရွှေတိုက်အုပ်တို ့နဲ့ အတူ သန့်ရှင်း သပ်ရပ်တဲ့ အပြင်ဆင်နဲ့ အရသာရှိတဲ့ အစားစာတွေကို မြည်းစမ်းကြည့်ရင်း စူပါဆန်းဒေးရဲ့ အရသာကို […]


etoneJune 11, 20131min23911
1st , June 2013 ( 5:10am) ညဉ့်နက်ပိုင်းကတည်းက အငြိုးကြီးစွာဖြင့် သည်းသည်းမည်းမည်း ရွာထားသောမိုးကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး စိုစွတ်ကာ အေးစိမ့်နေပါတယ် ။ မိုးအေးအေးဖြင့် ကွေးနေရတဲ့အချိန်က မက်မောစရာကောင်းလွန်းသော်လည်း ၊ အသံသေး အသံကြောင် မြည်နေတဲ့ နှိုးစက်ကြောင့် လန့်နိုးလာခဲ့ရတယ် ။ ကျွတ်ကျွတ်ညံအောင် အော်နေတဲ့ နှိုးစက်ကို မျက်စိမဖွင့်ပဲ လက်တဖက်ဖြင့် ပိတ်ပစ်လိုက်တယ် …  ။ ကိုယ်ပေါ်ခြုံထားပါလျှက် တဝက်စွန်းတစ ကုတင်အောက်ထိ ပြုတ်ကျနေတဲ့ စောင်ကို ခပ်တင်းတင်းဆွဲပြီး ခေါင်းမြီးခြုံကာ ပြန်ကွေးနေခဲ့မိတယ် ။ ဒီအချိန် ကမာ္ဘပျက်လျှင်တောင် ထမကြည့်ဘူးလို့ တွေးရင်း ၊ တဖန်ပြန်အိပ်ပျော်သွားတော့တယ် ။ %%%%%%%%%%%%%% ထမင်းဆယ်ရက် မစားရတဲ့ ဗိုက်တစ်လုံးထဲ နတ်ကန္နား ပေးနေသလို […]


etoneJune 7, 20131min46641
4th Jun,2013 (1:12pm) ကောင်းကြသေးရဲ့လား အရပ်ကတို့ရဲ့ …. ဆွမ်းဆန်ထဲ ကြွက်ချေးရောတယ် ဆိုတာပဲ ကြားဖူးပါရဲ့တော် ခုတော့ ပဲပေါက်စီထဲ ပိုးဟပ်ချေးပါ ရောလေရော ။ ကြုံလည်း ကြုံဖူးပါဘူးတော် … ကိုယ်တိုင်က အစားသောက်ပေါ် သံသယရှိ sensitive ဖြစ်တဲ့လူမျိုးဆိုတော့ အမြင်အားဖြင့် လတ်ဆတ်လားအရင်ကြည့် ၊ အနံ ့ခံပြီးမှ စားတတ်တဲ့ အကျင့်လည်း ရှိတယ် ။ ပို့စ်မရေးခင် မကြာသေးခင် မိနစ်ပိုင်းလေးကမှ ” water fish” က လှည်းတန်း လာရှိုး King က ဝယ်လာတဲ့  ပဲပေါက်ဆီတလုံး လာပေးသွားတယ် ။ ပေါက်စီမစားခင် လက်အရင်ဆေးပါတယ် … ပြီးမှ  အောက်ခံ စက္ကူဖတ်ကိုခွာ ၊ ပေါက်စီ […]


etoneMay 10, 20131min27320
( ဒီပုံစံအတိုင်းဆို … နိုင်ငံတွင်းက .. ဆရာဝန်တွေ ..ဆေးကုဖို့ တွန် ့ပြီး ….  ပြည်ပပဲရောက်ကုန်တော့မလား ၊ စီးပွားရေးပဲ ပြောင်းလုပ်တော့မလားမသိ …. ။ ရဲတွေဘက်တားဂတ်ထားပြီး ဆူအောင်လုပ်တုန်းက မအောင်မြင်လို့ .. ခုဆရာဝန်တွေဘက် … မြှားဦးလှည့်လာပြီ …. ဆရာဝန်တွေ ကပ်ဆိုက်တယ် .. ခေါင်းကျိမ်းပေတော့ပဲ ….  😛 အဟမ်း … အားနေလို့ လက်သရမ်းတယ်ပဲပြောပြော .. ဝါသနာ ပါလို့ အာဝင်ချောင်တယ်ပဲပြောပြော … မိမိရဲ့ ထင်မြင်ချက်ကို နည်းနည်းပွားခွင့် ပြုပါ အရပ်ကတို့ရေ …. ။ ကိုယ်ပိုင် ထင်မြင်ချက်နဲ့ ထောက်ပြရေးထားတာကြောင့် … တစုံတဦးအပေါ် ထိခိုက်နစ်နာမှု ဖြစ်လာခဲ့လျှင်လည်း … ဆောရီးပါလို့ […]


etoneMay 3, 20131min59831
  လိင်ခွဲခြား ဆက်ဆံမှုတွေမြင့်မားနေတဲ့ မြန်မာနိုင်ငံမှာ ၊ မိန်းတစ်ယောက်အဖြစ် မွေးဖွားလာခဲ့ပါလျှင် ၊ အိမ်မှုကိစ္စ ၊ ဝေယျာဝစ္စအဝဝနဲ့ အိမ်တွင်းအိမ်ထောင့်တာဝန်ထမ်းရမယ့် ကိစ္စတွေမှာ တာဝန်အရှိဆုံးရယ်လို ့ အလိုလိုသတ်မှတ်ခံခဲ့ကြရတယ် ။ ဒါကြောင့်လည်း မိန်းမအဖြစ် မွေးဖွားလာသူတွေထဲ အများစုက သိတတ်စ အရွယ်ကစပြီး ၊ အိမ်မှု ကိစ္စတွေကို အသက်အရွယ်အပိုင်းခြား အလိုက်တဆင့်ခြင်း လေ့ကျင့်သင်ကြားပေးခြင်း ခံခဲ့ရပါတယ် ။ လူကြီး သူမတွေခိုင်းစေ သင်ကြားလို့သာ လိုက်လုပ်ကြရလို့ ၊ အိမ်မှုကိစ္စမှာ ဝါသနာပါရင်း သင်ကြားတတ်မြောက်သွားသူတွေ ရှိသလို ၊ ဘယ်လောက်သင်သင် ဝါသနာရော ၊ စိတ်ဝင်စားမှုပါမရှိတာကြောင့် … အိမ်တွင်းမှု မလုပ်မတတ်တဲ့ မိန်းမတွေလည်း ဒုနဲ့ဒေးပါပဲ … ။ တတ်တာ မတတ်တာ အပထား […]


etoneApril 6, 20131min51841
Mandalay Gazette ကြောင့် အမျိုးမျိုးသော လုပ်ငန်းခွင် အသီးသီးမှ ၊အလွှာစုံ ၊  အသက်ရွယ်စုံ ၊ ရောင်သွေးစုံ ဝါသနာ စုံလူများကို အပြင်လောကမှာပါ ရင်းနှီးခွင့်ရခဲ့ပါတယ် ။ မကြာခဏဆိုသလို တွေ့ ဆုံပွဲတွေလုပ်ကြတယ် ။ အလျဉ်းသင့်သလို တွေ့ဆုံခဲ့ကြတယ် ။လက်လှမ်းမှီသလောက် အလှူလေးတွေလည်း စုပေါင်းပြီး လုပ်ခဲ့ကြတယ် ။  ရန်ကုန် ၊မန္တလေး ၊ နေပြည်တော်နှင့် အခြားနယ်မှ လူတွေ လာတိုင်း အလျှင်းသင့်သလို  တွေ့ဆုံပွဲတွေ လုပ်ကြ ဧည့်ဝတ်ပြုကြနဲ့ နွေးနွေးထွေးထွေးရှိခဲ့ကြတယ် ။ ပြည်တွင်းက လူတွေတင်မကပဲ ၊ ပြည်ပမှ ပြန်လာသူတွေအထိပါ အလျဉ်းသင့်သလို ဆုံကြတဲ့အခါ ၊  တခါမှ မဆုံခဲ့ကြဖူးပေမယ့် စာတွေရေးကြ ၊ ကော့မန့်တွေပေးကြနဲ့ နောက်ပြောင်းရင်း ငယ်ငယ်က […]


etoneApril 3, 20131min29825
သူများတွေ ၊ တိုင်စာ တောစာ ရွာထဲ လာတင်တုန်းက နေရာမှားပြီး လာတင်တယ် မှတ်တာ ၊ တကယ်တော့ ကိုယ်က ဉာဏ်မမှီလို့ မတွေးမိတာ ၊ စာဖတ်နေတဲ့ လူထဲရော ၊ ရွာသူ/သားတွေထဲမှာရော ပေါက်ပေါက်ရောက်ရောက် လူတွေပါနေတယ်ဆိုတာ  လေသံကြား ဖမ်းတရားနာရင်း သတင်းရခဲ့ပါတယ် ။ ဟုတ်သော်ရှိ မဟုတ်သော်ရှိ စနစ်တကျ မဖြစ်လို ့ နစ်နာရတယ် ယူဆပြီး ပြောသင့်တာ ပြောပါဦးမယ် ။ ဖုန်းဘေလ်ကောက်ခံမှု စနစ် ကမောက်ကမဖြစ်နေတာကြောင့်ပါ ။ ဒီလထဲမှာတင် စံချိန်တင်လောက်အောင် ခဏခဏ ထည့်လိုက်ရတဲ့ ပိုက်ဆံကဒ် ဘယ်လောက်တောင် သုံးပစ်လိုက်လဲ ကိုယ်တိုင်မမှတ်မိပါဘူး ။ အလုပ်နဲ့ပတ်သတ်လု့ိ ဖုန်းပြောတာလည်း ရှည်ရှည်း ဝေးဝေးမဟုတ် ၊ အင်း ၊ […]


etoneApril 1, 20131min20915
နှစ်စဉ် April Fool နေ့ ရောက်တိုင်းမှာ သူငယ်ချင်း ၊ မိတ်ဆွေ ၊ ဆွေမျိုးတွေအပါဝင် မိသားစုတွင်းက လူတစ်ဦး မဟုတ်တစ်ဦးကို ပစ်မှတ်ထားကာ ၊ ပိပိရိရိ အရူးလုပ်ပြီး စတတ် နောက်တတ်တဲ့ အကျင့်ရှိခဲ့တာကြောင့် 2013ရဲ့ April Fool နေ့ အတွက် ကျွန်မ ရဲ့ ပစ်မှတ်ထားပြီး စနောက်ခံရသူ ဘယ်သူဖြစ်မလဲ ဆိုတာ အတူနေမိသားစုက သတိထားရင်း စိတ်ဝင်တစား စောင့်ကြည့်နေကြပါတယ် ။ အသက်ရွယ်နဲ ညီမျှတဲ့ နေထိုင်မှု အကျင့် စရိုက်မျိုးရအောင် ပြောင်းလဲယူမယ်ဆိုတဲ့ စိတ်ကူးနဲ့ စတဲ့ နောက်တဲ့ အကျင့်ကို တတ်နိုင်သမျှ ပြင်ပါတော့မယ်ဆိုတာမျိုးတွေးပြီး ၊ ဒီ 2013 မှာ April Fool ကို […]


ကို ၿပံဳးMarch 24, 20133min2872
နဂါးဦးနှောက်အတွင်းသို့ ဖောက်ထွင်းဝင်ရောက်ခြင်း (အပိုင်း-၁) အား ပြန်လည်ဖတ်ရှု့ရန် SSPP/SSA အဖွဲ့ တပ်မတော်နှင့် ဝမ်ဟိုင်းဒေသတွင် တိုက်ပွဲများဖြစ်ပွားခဲ့စဉ်အတွင်း ခေါင်းဆောင်ဖြစ်သူ ပန်ဖနှင့် ခေါင်းဆောင်ပိုင်းအများစု ပန်ဆန်းသို့ သွားရောက်တိမ်းရှောင်ခဲ့ရဖူးသည်။ အပြန်အလှန်အကျိုးစီးပွားများ အတွက် ညှိနှိုင်းမှုများဆောင်ရွက်ခဲ့သည်။ ဝမ်ဟိုင်း၏နောက်ပေါက်မှတစ်ဆင့် ပန်ဆန်းသို့ဆက်သွယ်ရေးလမ်းထွင် ထားသည်။ ပန်ဆန်း၏ ရှေ့ကာအဖြစ်နေပေးမည်။ လိုအပ်သည်များထောက်ပံ့ကူညီပါရန် ညှိနှိုင်းသဘောတူထား သည်။ ဝမ်ဟိုင်းဒေသသည် မြန်မာနိုင်ငံအတွင်းပိုင်းသို့ ရောက်ရှိနေခြင်းကြောင့် မြန်မာ့တပ်မတော်၏ အချိန်မရွေး ချေမှုန်းခြင်းခံရနိုင်ကြောင်း သုံးသပ်လျက် “ ဝ ” တပ်ဖွဲ့နှင့် စစ်ရေးမဟာမိတ်ပြုကာ အားကိုးရှာထားခြင်းလည်း ဖြစ်သည်။ SSPP/SSA တပ်ဖွဲ့ဝင်များ လူ၊ လက်နက်တိုးပွားလာမှုကစဉ်းစားစရာဖြစ်သည် KIO/KIA အဖွဲ့   ဝမ်ပေါင်အိပ်မက်ရှည်ကို မက်ဆဲဖြစ်သည်။ ဗိုလ်ချုပ်ဂွမ်မော်က ဖေဖော်ဝါရီလ ၄ ရက်နေ့၊ ရွှေလီဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးစကားကို […]