ဆူးFebruary 24, 20111min48413
ဝက်ဝံ လည်လေးတွေပုံ ဖြစ်ပါတယ်။ ကားလာရင် ကားဆရာက (ကုန်းရှီဖားချိုင်.. ကုန်းရှီဖားချိုင်).. အဲလို အော်တာနဲ့ လက်ကလေးတွေ စုပြီး လက်အုပ်ချီ သလို လုပ်ပြပါတယ်။ သူတို့ လက်ကလေးစုပြီး လက်အုပ်ချီသလို လုပ်မှ အစာပြစ်ကျွှေးတော့ ကြည့်တဲ့ လူ အတွက် သဘောကျစေတာ အမှန်ဘဲ။ ဆာဖာရီ ဆိုတာ တိရိစာ္ဆန်တွေကို သဘာဝ အတိုင်း ထားပြီး လွတ်လပ်စွာ နေစေတာ ဖြစ်ပါတယ်။ မျိုးနွယ်စု တခုနဲ့ တခု ကိုက်ဖြတ်တာတွေ မဖြစ်အောင်တော့ မသွားစေချင်တဲ့ နေရာတွေကို သံကြိုးကာပြီး လျှပ်စစ် လွတ်ပေးထားတာ ဖြစ်မယ် ထင်တယ်။ ဘယ် အကောင်မှ နယ် ကျော်လို့ မရဘူး။ သဘာဝ နေထိုင်ပုံကို အရှိအတိုင်း မြင်ရတဲ့ သဘောဖြစ်ပါတယ်။