fattyOctober 17, 20111min1266
ပြည်တွင်းမှအခြေခံပညာအထက်တန်းအောင်ပြီး သက်ဆိုင်ရာပိုလီကျောင်းများသို့ ဝင်ရောက်ဖြေဆိုရန်လျှောက်ထားသူအများအပြားရှိခဲ့သည်။ ပိုလီကျောင်းတွင် ၃ နှစ် တက်ရောက်ပြီး အလုပ်အကိုင်ရရှိခြင်း။ grant, loan , scholarship များ ရရှိမှုများကြောင့် လည်းကောင်း အချိန်ပိုင်းအလုပ်ကို တရားဝင်လုပ်ကိုင်ခွင့်ရှိသောကြောင့်လည်းကောင်း ကျောင်းသားများစိတ်ဝင်စားကြသည်ဟုဆိုသည်။ ယခုနှစ်တွင် ပိုလီဖြေဆိုမည့်ကျောင်းသားများသည် ကျူရှင်အသီးသီးတွင်တက်ရောက်ကြပြီး ထိုကျူရှင်များမှတဆင့် ဖြေဆိုခွင့်လျှောက်ထားသူများနှင့် online မှ မိမိအစီအစဉ်ြ်ဖြင့်မိမိလျှောက်ထားသူများအား ယခင်နှစ်များကကဲ့သို့ မြန်မာပြည်တွင် ဖြေဆိုခွင့်မရတော့ဘဲ Singapore သို့သွားရောက်ဖြေဆိုရမည်ဟုသိရသဖြင့် ကျောင်းသားအများစုမှာ အောင်မအောင် သေချာမှုမရှိဘဲ Singapore သို့သွားရောက်ရမည်ဖြစ်သဖြင့် အခက်အခဲများတွေ့နေရကြောင်း ကျောင်းသားအများစုက ပြောပြကြပါသည်။ ချွင်းခြက်အနေဖြင့် .. ရန်ကုန်မြို့ရှိ RV Center တွင် တက်ရောက်သောကျောင်းသားများကိုမူ မြန်မာပြည်တွင်လာရောက်စစ်ဆေးပေးသွားပြီး ဖြစ်ကြောင်းသိရသဖြင့် ကျန်ကျောင်းသားများမှာ အံ့အားသင့်ကြရကြောင်းလည်းြ့ားသိရပါသည်။ (မည်သည့်ဂျာနယ်တွင်မှဖေါ်ပြခြင်းမရှိပါ)


manawphyulaySeptember 25, 20101min780
ကျွမ်းကျင်ပြီး အရည်အချင်းပြည့်ဝသော အိုင်တီပညာရှင်တစ်ယောက်အဖြစ် တက်လှမ်းနိုင်ဖို့ ပထမဦးဆုံးမှန်ကန်တဲ့ အိုင်တီခေတ်အလုပ်အကိုင် အခွင့်အလမ်းတွေအနေနဲ့ လမ်းကြောင်းတွေ ရွေးချယ်ဖို့ လိုပါတယ်။ အိုင်တီအလုပ်အကိုင်တွေအနေနဲ့ Professional Level, Mangement Level နဲ့ Executive Level ဆိုပြီး အဆင့် ၃ ဆင့် ရှိပါတယ်။ အများစုကတော့ အခြေခံအဆင့်ဖြစ်တဲ့ Professional Level အဆင့် အလုပ်အတွေ့အကြုံ အရည်အချင်းနဲ့ ကျွမ်းကျင်မှု လက်မှတ်တွေ အဆင့်ဆင့်ရရှိလာပြီဆိုမှ အထက်အဆင့်တွေကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ Technical Level မှာ Programmer/Software Developer Systems Analyst/Analyst Programmer Web Developer/Multimedia Specialist Database Administrator Network Technician/Network Administrator Systems Technician/System Administrator […]


Kaung Myat HtutJune 2, 20101min1130
၂၀၁ဝ ဇွန်လ ၁ ရက်နေ့ နံနက် ၉း၃ဝ မှ ၁၁း၃ဝ အထိ၊ ရန်ကုန်မြို့ Myanmar Info-Tech၊ Room 205 တွင် NUS က GDSS (Graduate Diploma in Systems Studies) ဝင်ခွင့်စာမေးပွဲကျင်းပပြီးစီးခဲ့သည်။ စာရင်းရှိ ၆၃ ဦးရှိပြီး ၆၂ ဦးဝင်ရောက်ဖြေဆိ်ုခဲ့သည်။ အားလုံးအတွက် ကံကောင်းပါစေဟု ဆုတောင်းပေးပါတယ်။ ဝင်ရောက်ဖြေဆိုသူအများစုမှာ ရန်ကုန်နှင့် မန္တလေး ကွန်ပျူတာတက္ကသိုလ်များ (UCSY, UCSM) မှဘွဲ့ ရအများစုဖြစ်သည်။ အသက်အားဖြင့် ၁၉၇၃ခုနှစ်မွေးဖွားသူ (၃ရ နှစ်) မှ ၁၉၈၉ခုနှစ်မွေးဖွားသူ (၂၁ နှစ်) အထိရှိကြောင်းတွေ့ ရသည်။ ဖြေဆိုသူအများစုသည် သချာင်္ပိုင်းတွင်တော်ကြသော်လည်း အင်္ဂလိပ်စာပိုင်းတွင်အတော်အားနည်းကြောင်းတွေ့ ရသည်။ Myanmar […]