panpanAugust 4, 20111min29629
ပြောရင်လည်း အတင်းဖြစ်ဦးမယ် အဲဒါကြောင့် ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ ၁ဝရက်လောက်ရှိပြီ ခုမှ ပြောဖြစ်သွားတယ်ဆိုပါတော့ ဒါကလည်း မပြောရင် တခြားလူတွေ သတိမထားမိဘဲ ဒုက္ခရောက်မှာစိုးလို့ပါ အကြောင်းကတော့ ဒိတ်ကုန်ပစ္စည်းတွေ စူပါမားကတ်မှာ ရောင်းချတာတွေလို့ပါပဲ ကျွန်မ ရွှေဂုံတိုင်မှာရှိတဲ့ စူပါမားကတ်တစ်ခု(အမည်တော့ ဖော်မပြတော့ပါ)မှာ ဈေးသွားဝယ်တာ ရက်လွန်ပစ္စည်းတွေ ရောင်းထားတာတွေ့ရပါတယ် အသုံးအဆောင်ပစ္စည်းဆို ထားတော့၊ ခုဟာက စားသောက်ကုန်တွေပါ အဲ…..အဲဒီမှာ အသုံးအဆောင်ပစ္စည်းတွေလည်း ရက်လွန်တာတွေ ရောင်းတယ်နော် ဥပမာ-ခေါင်းလျှော်ရည်လိုဟာမျိုးပေ့ါ အရင်တခေါက်သွားတုန်းက ကိတ်မုန့်ဝယ်တာ ကိတ်မုန့်ဗူးတစ်ဗူးကမုန့်က မှိုတက်နေတာတွေ့ရတယ် ရက်စွဲကိုကြည့်တော့လည်း ရက်လွန်နေပြီ ဒါနဲ့ ဝန်ထမ်းတစ်ယောက်ကိုခေါ်ပြီး ဒီကိတ်မုန့်က ရက်လွန်နေပြီ မှိုတောင်တက်နေပြီလို့ ပြောပြီးသိမ်းခိုင်းလိုက်တယ် အဲဒီကိတ်မုန့်တစ်ခုတည်းမဟုတ်တာ နောက်တော့သိလိုက်ရပါပြီ နောက်တစ်ခေါက် ထပ်ရောက်ပြီး ဈေးဝယ်ဖြစ်တယ် (ပစ္စည်းတွေအဆင်မပြေပေမယ့် အဲဒီမှာပဲဝယ်ဖြစ်တာက သွားရတာနီးနေလို့ 😀 ) […]