etoneSeptember 25, 20101min14410
ဘယ်သူကများကြံကြံဖန်ဖန်တွေးပြီးရေးလိုက်တယ်မသိပါဘူး … မြန်မာတွေကြံတတ်ဖန်တတ်ပုံများကတော့ဖြင့်…. မြန်မာပြည်တွင်လုပ်သည်… (Made in Myanmar) မြန်မာ့နည်းမြန်မာ့ဟန် မြန်မာ့နည်းမြန်မာ့ဟန်လို့ပြောရင် အဲဒါ အကောင်းပြောတာမဟုတ်ဘူး …ရွဲ့တာပဲ။ မြန်မာစံတော်ချိန်ဆိုတာမျိုးပေါ့။ ငယ်ကတည်းက ဓန Magazine မှာ ပဲ နဲ့ ခဲ ( ဂဲဟုအသံထွက်သည်။ ) (စင်ကာပူရောက်မြန်မာကလေးများဖတ်တတ်စေရန်ရည်ရွယ်သောအားဖြင့် အသံထွက်ပါထည့်ထားပေးသည်။) ဆောင်းပါးမှာ ပဲထဲမှာ ရောဖို့ ခဲကို သေချာထုခွဲထားတယ်ဆိုလို့ မစားရပါပဲ သွားကျိန်းသွားတယ်။ အားရပါးရများ ဝါးလိုက်မိတဲ့သွားကတော့ ပဲ့ရွဲ့ထွက်ကုန်လောက်တယ်။ အခုအထိလည်းရောတုန်း..ရောဆဲ ရောလတ္တံ့လို့သိရတယ်။ အဲဒါလည်း မြန်မာပြည်တွင်လုပ်သည်။ ကြက်သားရေထိုး နောက်တစ်ခုကကြက်သားကိုရေထိုးတာ။ ဆရာဝန်မဖြစ်လိုက်တဲ့ ကြက်သားသည်တစ်ယောက်ငယ်အိမ်မက်ကိုလွမ်းပြီး ကြက်သားထဲရေထိုးကြည့်ရာကနေမကြုံစဖူး အတုခိုးခံလိုက်ရတဲ့နည်းလမ်းလို့သိရတယ်။ မြန်မာအိမ်ရှင်မတွေအိမ်မှာကြက်သားကို ရေထည့်ပြုတ်စရာမလိုအောင်စေတနာနဲ့ရေထိုးပေးလိုက်တာလို့လည်းပြောကြတယ်။ မြန်မာပြည်တွင်လုပ်သည်။ ပုစွန်ထုပ်ခေါင်းထဲ ခဲထည့် နောက်တစ်ခုက ပုစွန်ထုပ်ခေါင်းထဲ ခဲထည့်တာ။ အဲဒီ ခဲကိုကြတော့ […]