fattyNovember 29, 20101min17912
မြန်မာနိုင်ငံမှ ဆော်ဒီသို့ လွန်ခဲ့သောလက တင်ပို့ခဲ့သော ဆိတ်သားများ ကွန်တိန်နာ ၃ လုံး ကို လက်မခံနိုင်လို့ ဖျျက်ဆီးပြစ်ရမလား(သို့) ပြန်လည်ပို့ပေးရမလား ဟု အမေးခံရကြောင်း တင်ပို့သည့်ကုမ္ပဏီ GRAND WIN မှ သိရပါသည်။ အဆိုပါကုမ္ပဏီသည် ဆိတ်သားများ တင်ပို့နေသည်မှာ ၅ နှစ်ခန့်ရှိပြီဖြစ်သော်လည်း ယခုကဲ့သို့ မကြုံဖူးခဲ့ကြောင်း။ တင်ပို့သည့်ဆိတ်သားများမှာလည်း ဟာလာလုပ်ပြီးသည့် ထောက်ခံချက်အပြည့်အစုံပါ ဝင်ကြောင်းသိရသည်။ (ဟာလာ လုပ်ပြီးသည့် ထောက်ခံချက်ကို ဗလီဆရာများ အဖွဲ့မှ ထောက်ခံခြင်းဖြစ်သည် ) ပို့ကုန်အတွက်ငွေကြိုတင်ရရှိပြီးဖြစ်ရျ် တင်ပို့သူဘက်မှ လက်ငင်းနစ်နာမှုမရှိသော်လည်း … customer ဆုံးရှုံးမှုဖြစ်မှာစိုးရိမ်နေကြာင်းသိရသည်။ ဆော်ဒီ ဘက်မှ reject လုပ်ရသည့် အကြောင်းပြချက်ကိုယခုထိ မသိရသေးပေ။