minhtettharDecember 7, 20101min570
သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။ ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမဝင်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။ Q – Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ […]