blazeOctober 3, 20111min2579
တကယ်လို့များ သင်ဟာ ဘယ်သူနဲ့မှ မတူအောင် ထူးထူးခြားခြားဖြစ်တဲ့ နေရာတွေမှာမှ အစားအသောက်တွေကို စားချင်ပါတယ်ဆိုခဲ့ရင် အောက်ဖော်ပြထားတဲ့ စားသောက်ဆိုင်တွေမှာ သွားရောက်စားသောက်နိုင်ပါတယ ်။ ပုံမှန် စားသောက်စဉ်မှာ ခံစားရတဲ့ စိတ်ခံစားမှုမျိုးကနေ ခွဲထွက်ပြီး ထူးခြားဆန်းကျယ်စွာ ခံစားရမှာဖြစ်ပါတယ်။ ကောင်းကင်ပေါ်က ညနေစာ သင့်မိတ်ဆွေ သူငယ်ချင်း ၂၁ယောက်နဲ့အတူ ကမ္ဘာမြေကြီးရဲ့အပေါ် အမြင့်ပေ ၁၅ဝ ခန့်ရှိ လဟာပြင်မှာ ညစာစားသောက်နိုင်တဲ့ အစီအစဉ် ဖြစ်ပါတယ်။ ဘဲဥပုံ စားပွဲကြီးကို ဝိုင်းပတ်ပြီး ခင်းထားတဲ့ ထိုင်ခုံ ၂၂လုံးနဲ့အတူ အလယ်ကောင်မှာတော့ စားပွဲထိုးနဲ့ စားဖိုမှူး သုံးဦးတို့ကို သင်တို့ကို စိတ်ကျေနပ်မှုရှိစေရန် အထူးစပါယ်ရှယ် စားစရာများနဲ့ ဧည့်ခံမှာ ဖြစ်ပါတယ်။ တကယ်လို့များ ညနေစာမဟုတ်ဘဲ မနက်ခင်းစာ နေ့လည်စားများကို သုံးဆောင်လိုပါကလည်း အထူးအစီအစဉ်အနေနဲ့ တောင်းဆိုလို့ […]