ဂ်စ္စူNovember 3, 20101min723
ယနေ့နံနက် ၃ နာရီခန့်က မြစ်ကြီးနားမြို့ မင်းရပ် သမာဓိလမ်း မွေ့ယာနဲ့ ဝါဂွမ်းဆိုင်မှ မီးလောင်မှု စတင်ခဲ့ပြီး အိမ် ၅လုံး မီးလောင်ကျွမ်းခဲ့တယ်လို့ မျက်မြင် သက်သေတဦးကပြောပြပါတယ်။ မီးလောင်ပြီး နာရီဝက်ခန့်ကြာမှ မီးသတ်ကားရောက်လာပြီး ငြိမ်းသတ်ခဲ့တယ်လို့ အဆိုပါ ကိုယ်တိုင်မြင်တွေ့ သူက ပြောပြပါတယ်။ မြစ်ကြီးနားမြို့မှာ  မီးသတ်ကား ၃-၄  စီးရှိသော်လည်း တစ်စီးသာ မီးသတ်နိုင်သည့် အနေအထားဖြစ်ပြီး ဝိုင်းမော်ဘက်မှ မီးသတ်ကားကို အကူအညီလှမ်းတောင်း နေရတာကြောင့် နောက်ကျပြီးမှ ရောက်ရတာလို့လည်း မြို့ခံများက ပြောပါတယ်။ မီးသတ်ကားအပြင် စည်ပင်ရေသယ်ကားများက မီးသတ်ကားအတွက် လိုအပ်တဲ့ရေသယ်ပေးတာကိုတော့ တွေ့ရတယ်လို့လည်း ဆိုပါတယ်။ မီးဟာ နံနက် ၆နာရီလောက်ထိ ၃ နာရီကြာ လောင်ကျွမ်းခဲ့ပြီး နံနက် ၉နာရီ ၁ဝ နာရီဝန်းကျင်မှာ မီးခိုးငွေ့တွေ […]