kaiMay 11, 20116min1418
အိုဘားမား လိုက်ပို ့နေတဲ့ အီးမေးလ်ခေါင်းစဉ်က (Fixing what’s broken )..တဲ့..။ အဲဒါကို စိတ်ပေါက်သလို ဘာသာပြန်ရေးလိုက်တာပါ..။ သမ္မတက.. ဒီနေ့ ယူအက်စ်-မက်ဟီကိုနယ်စပ်ကို သွားတယ်..။ အဲဒီမှာ.. နယ်စပ်ကခိုးဝင်သူတွေကို တားဖို့ဆီးဖို့လုပ်ရင်းနဲ့.. သူ့ရွေးကောက်ပွဲကတိတခုကို ပြန်ဖေါ်ချင်ပုံရပါတယ်..။ အဲဒါ.. ဘင်လဒင်အသတ်ခံရလို့..အမေရိကန်တွေသူ့ပေးထားတဲ့.. အမှတ်တွေရယ်..။ အလုပ်အကိုင်သစ်တွေ ပြီးခဲ့တဲ့ လက သိန်းချီဖေါ်နိုင်လို့ လူတွေပျော်နေတာရယ်နဲ့ရောပြီး.. ရောင်တော်ပြန်နဲ့ ရောကြိတ်လိုက်တယ်လည်း ဆိုနိုင်မယ်ထင်ပါတယ်..။ အဲဒီကောင်းတာလေးတွေကြောင့် .. လူထုချစ်ခင်မှုရေချိန်အမြင့်ဆုံးအချိန်မှာ.. လူဝင်မှုကြီးကြပ်ရေးကိစ္စကို ကိုင်မယ်အော်လိုက်တာပါပဲ..။ ဒါက..သူ့ သမ္မတရွေးကောက်ပွဲဝင်စဉ်က ထားခဲ့တဲ့ ကတိလည်းဖြစ်ပါတယ်..။ အခုလာမဲ့.. ၂၀၁၂ ရွေးကောက်ပွဲမှာ ..အခြေအနေကောင်းမကောင်းတော့မသိ..။ အခုလိုလုပ်တာဟာ ရွေးကောက်ပွဲအတွက်အင်မတန်အန္တရာယ်များတာတော့ အမှန်ပါ။ ကွန်ဆာဗေးတစ်တွေက.. အင်မီးဂရန့်တွေကြောင့် ဘာဖြစ်ပါတယ်..ညာဖြစ်ပါတယ်ဆိုပြီး.. အတင်းတုတ်နေကြချိန်ဖြစ်လို့ပါ။ တီးပါတီဆိုရင်.. အီလီးဂဲတွေကို မုန်းတာမှ.. ခို်က်ခိုက်တုန်လို့..။ […]