Foolish GirlAugust 7, 20151min42616
ပိုးစာသီး လို့ခေါ်တဲ့ (Mulberry)   ပိုးစာသီးဆိုတာ ပိုးစာပင်ကရတဲ့အသီးပါ။ ပိုးစာပင်က ခုလူတွေဝတ်နေတဲ့ပိုးထည်တွေထုတ်ပေးတဲ့ ပိုးကောင်လေးတွေရဲ့အစာပင်မို့ပိုးစာပင်လို့ခေါ်ပါတယ်။ ပိုးကောင်လေးတွေကအရွက်ကိုပဲစားတာပါ။ အသီးတွေကိုတော့လူတွေစားလို့ရပါတယ်။ ပိုးစာသီးကအနီရောင်ရှိတဲ့အသီးဖြစ်တဲ့အတွက် အခြားအနီရောင်အသီးတွေလိုပဲ အဟာရဓါတ်ပေးပါတယ်။ သွေးအားကိုဖြည့်ပေးနိုင်ပါတယ်။ သံဓါတ်ချို့တဲ့ပြီးသွေးအားနည်းခြင်းကိုကာကွယ်ပေးပါတယ်။ အိုမင်းရင့်ရော်ခြင်းကိုလည်းကာကွယ်ပေးပြီး အအေးမိခြင်းကိုလည်းကြိုတင်ကာကွယ်စေပါတယ်။ ပိုးစာသီးလေးများကို မြန်မာပြည်မှာတော့ တွင်တွင်ကျယ်ကျယ်ရောင်းချစားသုံးတာကိုမတွေ့ရပါဘူး။ ပြည်ပမှာတော့ ပိုးစာသီးများကို ယိုအဖြစ်တမျိုး အချိုရည်အဖြစ်တစ်ဖုံပြုလုပ်ကြပါတယ်။ ပိုးစာသီးအရောင်ပြောင်းလဲပုံမှာ အစိမ်းရောင် မှ အနီရောင် ၊ အနီရောင်မှ ခရမ်းရောင် ဖြစ်ပါတယ်။ ခရမ်းရောင်ဖြစ်သွားပါက စားလို့ရပါပြီ။ ပိုးစာပင်တွေကိုတော့ အပူပိုင်းဒေသတွေမှာတွေ့ရခဲပါတယ်။