saundOctober 2, 20101min1395
လောကကြီးမှာ ကျွန်မ မသိသေးတာ အများကြီးပါ။ မြန်မာနိုင်ငံမှာ မတွေ ့ဖူးတဲ့ အစားအစာတွေ အလေ့အထတွေကို သိလာရတဲ့ အခါ။ ကိုယ့်လို မသိဖူး မမြင်ဖူးသူ တွေ အတွက် ဝေမျှခံစားစေချင်လို ့ ဒီပို ့စ်ကို တင်ပါတယ်။ မြန်မာနိုင်ငံက တိုက်ရိုက် ဖတ်နိုင်မယ် လို ့ ထင်ရတဲ့ ဒီဆိုဒ်ကို အရင် တင်ပါတယ်။ တရက်တော့ ကျွန်မ တဆိုင်ဝင် တဆိုင်ထွက် ဈေးဝယ်ထွက်တဲ့ အခါမှာ အထူးဆန်း တွေ ကျွန်မ မျက်စိထဲ ဝင်လာပါတယ်။ အဲဒါက ၆လက်မအရွယ် အချင်း၁.၅လက်မ အဖြူရောင် နွားနို့ ပုလင်း ပုံစံ ပေ့ါပါးတဲ့ ဟင်းသီး ပါဘဲ။ အတော်ကြီးလို ့လုဝယ်နေသူ တွေမေးကြည့်တော့ မှိုလို […]


mGSeptember 21, 20101min1415
ကျွန်တော် အခုတင်ပြထားတဲ့ NEWS လေးကတော့စာဖတ်သူတွေဘယ်လောက်စိတ်ဝင်စားမလည်းဆိုတာလေးကိုသိချင်လို့ အကျဉ်းချုပ်လေးတင်ပေးလိုက်ပါ့မယ်….။အကယ်လို့များ စိတ်ပါဝင်စား သိချင်မယ်ဆိုရင်တော့ ဓာတ်ပုံလေးတွေနဲ့တင်ပြပေးပါမယ်။……. Junction~8 (Maw Tin)  Shopping Center ကြီးကိုမော်တင်လမ်းမကြီးနှင့်အနော်ရထာလမ်းထောင့်၊လမ်းမတော်မြို့နယ်၊ရန်ကုန်မြို့ တွင်တည်ရှိပါသည်။အဲ့ဒီ Shopping Center ကြီးကိုအပြင်ပိုင်းကကြည့်မယ်ဆိုရင်တော့ ခန့်ညားထည်ဝါတဲ့ အဆောက်အဦး အပြာရောင်ကိုတွေ့ ရမှာပါ။ဈေးဝယ် Shopping Mall အတွက်အထပ်ပေါင်း (၃ ထပ်)နဲ့ဖွဲ့စည်းထားတာကိုတွေ့ရှိရမှာပါ။လူနေအိမ်အထပ်အပိုအနေနဲ့ ၁၂ထပ်ပါရှိတယ်ဆိုသိရှိရပါတယ်။မြေအောက်ထပ်တွင် Junction~8 Shopping Mall သို့ဈေးဝယ်ရောက်လာသော ကားများရပ်နားနိုင်ရန်အတွက်နဲ့ ယခင်လမ်းဘေးဈေးသည်များအား Under Grown ထဲတွင်စနစ်တကျရောင်းချနိုင်ရန်အတွက်ဈေးရောင်းရန် နေရာအဖြစ် သတ်မှတ်နေရာချပေးထားတာကိုလည်းတွေ့ရှိရမှာပါ။စီးပွားရေးလုပ်ငန်းရှင်များအတွက်လည်း ကြီးမားတဲ့အခွင့်အလမ်းများဖြစ်မြောက်လာအောင် Junction~8 Shopping Mall ရဲ့လမ်းဆုံပွိုင့်ထိပ်တွင် Digital  TV ဖြင့်ကြော်ငှာများအား လက်ခံသောဝန်ဆောင်မှုများပေးနေတာကိုလည်းသွားရောက်လည်ပတ်သူများ အဖို့တွေ့ရှိရမှာပါ။အတွင်းပိုင်း မြေညီထပ်တွင် စီးပွားဖြစ်ဆိုင်ခန်းပေါင်း (၁၈ ခန်း) နှင့်အခြားသောအခပေး ယာယီဆိုင်ခန်းများကိုလည်း […]


ဆူးSeptember 11, 20101min1428
ကျန်းမာချင်လို အာလူး စားပါဒီလို. . . အာလူးကို ချက်စားခြင်း၊ ပြုတ်စားခြင်း၊ မီးဖုတ်စားခြင်း ၊ ကြော်စားခြင်း များအနက်မှ ကျန်းမာရေးအတွက် ဘယ်ဟာ က အကောင်းဆုံးဆိုတာကို အကြံပြုရေးသားလိုပါတယ်. . . မနေ့ကတော့ အာလူးကြော်စားရင် ဘယ်လို ဆိုးကျိုးတွေရတယ်ဆိုတာကို ဖော်ပြပြီး ဖြစ်ပါတယ်. . . အာလူးမှာပါတဲ့ အာဟာရ တွေကတော့ ဘယ်လိုပဲ စားစား ဆုံးရှူံးမှုမရှိတော့ ကြိုက်သလိုစားလို့ရပါတယ်. . အာလူးစားတော့မယ်ဆိုရင် အောက်ပါအချက်များကို သတိထားစားသုံးပါ က ကျန်းမာရေးဖြင့် ညီညွတ် မည ်ဖြစ် ပါ သည်. . . ၁. အာလူးစားရင် အခွံကို ခွာပြီးစားတာ အနာ္တရာယ်ကင်းပါတယ် . . အထူးသဖြင့် […]


DaveJanuary 24, 20101min872
ရစ်ချတ်သည် ဖလော်ရီဒါပြည်နယ်မှ အသက်၃၆နှစ်အရွယ် ရည်မှန်းချက်ကြီးမားသည့် လူဖြူကုန်သည်တစ်ဦးဖြစ်သည်။သူသည် ကျန်းမာရေးကောင်းမွန်ပြီး ရုပ်ရည်ချောမောသည့်တိုင် အိမ်ထောင်မပြုဘဲ ရေကူးကန်ပါသော အိမ်တစ်လုံးတွင် နေထိုင်ကာ မိန်းမလှများနှင့်သာ ချစ်ပွဲသဘင် ဆင်နွှဲခဲ့သည်။ရစ်ချတ်၏အလုပ်သည် စိတ်ဖိစီးမှုရှိစေသော်လည်း ခရစ်စမတ်ပွဲတော်ကို တဟီတီတွင် ကုန်လွန်စေခဲ့သည်။ကြွေးမြီကင်းသူဖြစ်ပြီး သူ၏အချိန်ကို စာဖတ်ခြင်းကဲ့သို့သော စိတ်အဆာပြေစေမှုများဖြင့် ဖြုန်းတီးတတ်သူလည်းဖြစ်သည်။ယခုလောလောဆယ်တွင် သူသည် ကောင်းကင်၏ထက်ဝက် ဟုအမည်ရသော စာအုပ်တစ်အုပ်ကို အပြီးသတ်ရေးသားနေပြန်သည်။ မာရသွန်ပြေးသည်။ကဗျာလည်းရေးသည်။လွန်ခဲ့သော ရက်အနည်းငယ်အတွင်းက ဟေတီငလျင် အမှိုင်ကဗျာတစ်ပုဒ်ကို ရေးစပ်ခဲ့ သေးသည်။ လော်နာသည်ဘော်စတွန်မှ အသက် ၆၄နှစ်အရွယ် လူမည်းအမျိုးသမီးတစ်ဦးဖြစ် သည်။သူမသည် ကိုယ်အလေးချိန်လွန်ကျူးသူ ဖြစ်ပြီး မကြာသေးမီက နှာခေါင်းခွဲစိတ်ပြုပြင်မှုပြုလုပ်ခဲ့သည့်တိုင် ဆွဲဆောင်မှုလည်း မရှိလှပေ။လော်နာ့တွင် ကျောက်ကပ်ရောဂါတစ်မျိုးစွဲ ကပ်နေသော်လည်း လူမှုရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပါဝင်လှုပ်ရှားနေဆဲပင်ဖြစ်သည်။မြေးများ ကိုလည်း ပုံမှန်ထိန်းပေး လျက်ရှိသည်။သူမသည် အငြိမ်းစားလက်ထောက် ကျောင်းဆရာမတစ်ဦးဖြစ်သည်။အသက်၆ရနှစ်အရွယ် ခင်ပွန်းဖြစ်သူနှင့် တပူးတွဲတွဲပင် […]