Foolish GirlJune 16, 20161min1454
Foolish Girl တစ်ယောက်ပို့စ်တင်ရင် ဘာတွေလွဲဦးမှာလဲလို့တွေးမိကြတော့မယ်ထင်ပါတယ် ကိုယ်ကလည်းလွဲနိုင်လွန်းသူကိုး ဒီတစ်ခါအလွဲကတော့ လွန်ခဲ့သော နှစ်နှစ်လောက်ကပေါ့ လုပ်နေရတဲ့အလုပ်က ဂျပန်နဲ့မြန်မာတွဲဖွင့်ထားတဲ့ ကုမ္ပဏီဆိုတော့ကာ အလုပ်ဝင်တဲ့အချိန်မှာ ဂျပန်စာစတင်လေ့လာရပါတယ်။( သင်တန်းကြေးပေးစရာမလိုဘူးပေါ့) ဒါနဲ့ Innya View Condo ကဂျပန်ဆရာမကြီးနှစ်ယောက်ဆီမှာ သွားတက်ရပါတယ်။ စတက်ခါစမှာ ထုံးစံအတိုင်းအချင်းချင်းမိတ်ဆက်ကြတာပေါ့။ ဒီလိုနဲ့သင်တန်းတက်လာရင်း သင်ခန်းစာရဲ့ လေ့ကျင့်ခန်းတစ်ခုမှာ ဂျပန်နိုင်ငံရဲ့ မြို့တွေနဲ့ပတ်သတ်တာတွေပြောထားလို့ နားမလည်မှာ စိုးတာနဲ့ ဆရာမက ဂျပန်မြေပုံထုတ်ပြီး မြေပုံကိုထောက်ထောက်ပြီး ရှင်းပြပါတယ်။ အဲဒီမှာ ဆရာမကမြို့ လားနယ်လားရွာလားဆိုတာ ကွဲကွဲပြားပြားသိအောင် မြန်မာပြည်ရဲ့ မြို့တွေနဲ့ယှဉ်ပြီးပြောပြတယ်။ အဲဒီမှာ Foolish Girl တို့သူငယ်ချင်းတစ်သိုက်အရှက်ကိုကွဲတာပါပဲ။ မြို့တွေနယ်တွေမေးနေတုန်းတော့ဟုတ်တိပတ်တိဖြေနိုင်တယ်။ မြန်မာနိုင်ငံအကျယ်အဝန်းကဘယ်လောက်လဲ မေးတဲ့အချိန်မှာ ဘယ်သူမှမသိဘူး။ ဆရာမက တော့ရယ်ရင်းပြောရှာတယ် မြန်မာလူမျိုးမဟုတ်ဘူးလားတဲ့ ရှက်လည်းရှက် ရယ်လည်းရယ်ချင်နဲ့တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေမိကြတာပေါ့။ အဲဒီတော့ ဆရာမက ပြန်ပြောပြတယ် မြန်မာပြည်အကျယ်အဝန်ဒကဘယ်လောက်ရှိတယ်။ လူဦးရေသန်းပေါင်းဘယ်လောက်ရှိတယ်ဆိုပြီးကျကျနနကိုရှင်းပြတော့တာပဲ။ အဲဒီတုန်းကရှက်ရှက်နဲ့နားထောင်နေတာဆိုတော့မှတ်လည်းမမှတ်မိခဲ့ပါဘူး။ အခု web side တွေလျှောက်မွှေရင်းနဲ့ မြန်မာနိုင်ငံအကြောင်းရေးထားတာလေးတွေ့လို့ ပြန်ရှဲပေးချင်ပါတယ်။ ************************************************** တည်နေရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် အာရှတိုက်တောင်ဘက်သို့ တိုးထွက်နေသော ကျွန်းဆွယ်ကြီးသုံးခုအနက် […]