kaiJanuary 15, 20101min20911
အီးမေးလ်ကရတာလေးပါ။ ဘယ်သူရေးမှန်းမသိ..ကဗျာလား..စာလား..မသိ..ဘာဘာ..ဘာမှမသိ….။ ================================== သူငယ်ချင်းတို့ကို ချစ်ခြင်းအားဖြင့် ပြန်လည်မျှဝေလိုက်တယ် KT ကိုယ့်ဘဝမှာ စိတ်တူကိုယ်တူ အမြဲပေါင်းသင်းတဲ့ သူငယ်ချင်း ဘယ်နှစ်ယောက် ရှိလဲလို့ လက်ချိုး ရေတွက်ကြည့်ဖူးပါသလား.. ? ကိုယ်နဲ့ အခုမှ ခင်မင်ရင်းနှီးပေမဲ့ ငယ်ငယ်ကတည်းက ပေါင်းလာတဲ့ ငယ်ပေါင်းလို ဘာမဆို ဖွင့်ပြော တိုင်ပင် မျှဝေလို့ ရနိုင်တဲ့ သူငယ်ချင်းကော ရှိဖူးလား…? ရှိတယ်ဆိုရင် တန်ဖိုးထား မြတ်နိုးပါ။ ကံတရားက ဆန်းကြယ်တယ်။ ကိုယ်မထင်မှတ်၊ မမျှော်လင့်တဲ့ အချိန်မှာ လူတစ်ယောက်ကို ကိုယ်ဆီ အရောက်ပို့လိုက်တယ်။ အဲဒီလူက ကိုယ်မျှော်လင့်နေတဲ့ အချိန်မှာ ရောက်မလာတတ်ဘဲ ရောက်လာတဲ့အချိန်မှာတော့ ကိုယ်က တန်ဖိုးထားရ ကောင်းမှန်း မသိခဲ့ဘူး။ ဒါကြောင့် ကိုယ်ဘေးပတ်ဝန်းကျင်က လူတွေကို တန်ဖိုးထားပါ။ သူငယ်ချင်းပဲ ဖြစ်ဖြစ်၊ […]