ムラカミJuly 23, 20131min25419
သူမသည် အိပ်မက်။ အိပ်မက်သည် အနာဂါတ် အိပ်မက် မှာ အနာဂါတ်ကိန်း တော့ ကျနော်လည်း မုတ်ဆိတ်ရိတ်ပြီး ဆံပင်ဖြတ်ဖို့ ဖြစ်လာရောပေါ့.. အီတာလျှံပြိုင်ကား မန်ဟတ်တန် တိုက်ခန်း နဲ့ ၅၈ကွက်ပါတဲ့ ဘယ်လ်ဂျီယန် စိန်တော့ ကျနော် ကတိမပေးနိုင်ဘူး.. ထပ်မငိုရတော့ဘူး ဆိုတဲ့ ကတိလေးတလုံးကလွဲရင်ပေါ့.. ဒါနဲ့လေ.. စကားမစပ်  ရှီး .. ဘာလို့ မျက်လုံးထဲမှာ စိန်ပွင့်ကလေးတွေ ခိုးဖွက်ထားတာလဲ ဟင်င်င်။


ムラカミJuly 19, 20133min25114
    ဘာရယ်မဟုတ် ဟိုဆြာ ရေးတဲ့ အပျော့ဂိုဏ်း အမာဂိုဏ်း ပိုစ့်မှာ ဝင်အာချောင်ရင်း သဂျိုင်ခီးရဲ့ ဆွပေးနှိုက်ယူခြင်း ခံရတယ် ပေါ့ခညာ ..ဟုတ်ကဲ့ ..။ ပရော့ဂျက်လုပ်မဟဲ့ ဆိုပြီး လူကြီးတွေကို နေရာချထားပေးဖို့အတွက် သဂျီးတယောက် ဘယ်ချောင်ကမှန်းမသိတဲ့ matrix ကြီးတခုကို ကောက်ကတ် ဆွဲပါတော့တယ်။ အဲ့ဒီမှာပဲ သူက အချက်ကြီး ၂ချက်ကို ထုတ်ပြလာပါတယ်.. – Authoritarian – Libertarian   ပညာရှင်တွေတော့ ဘယ်လိုပြန်တယ် မသိဘူး ကန္နားစီးကတော့ – ဗဟို ထိန်းချုပ်မှု စနစ် နဲ့ – တာဝန်ခွဲဝေပေးမှု စနစ်လို့ပဲ ပြန်ချင်ပါတယ်။   နောက်ထပ် ဆွဲထုတ်ပြတဲ့ ၂ခုကတော့ – Economic Scale […]


ムラカミJuly 19, 20131min1699
    ဂုဏ်ပြုကဗျာတော့ မရေးတတ်ဘူး သွားလေသူ အဘိုး ဗိုလ်ချုပ်ရေ ..။ သားက ဖရုဿဝါစာ ပါမစ် ရထားတဲ့ လှည့်ပတ် ဆဲတတ်သူ တော့ မဟုတ်ဘူးခည။ လိုမယ်ထင်ရင်တော့ ပယ်ပယ်နယ်နယ် ဆဲ သဗျ..။ မယုံရင် ဟိုနွားကင်စားသူဂျီးမေးကြည့်။   ဘုန်းတော်ဘွဲ့ ရေးမှ လူရာဝင်တယ်ထင်တဲ့ သားတို့ လူမျိုးကို သား သိပ်ချဉ်တယ် အဘိုး ဗိုလ်ချုပ်ရေ..။ မင်းလောင်း အစ ကယ်တင်ရှင်အလည် တန်ခိုးရှင်အဆုံး မျှော်တတ် တဲ့ ခပ်ချာချာ ငတုံးတွေကိုလည်း သောက်မြင့်ကပ်တယ်..။ အူးစော အစ ပါပါကြီး အလည် စာဖတ်သူကြီး အဆုံး လှည့်ပတ် ဆဲနေသူတွေကို သား မေးခွန်းထုတ်ချင်တယ် အဘိုး..။   အဲ့လူတွေကို ဆဲရတာ […]


ムラカミJuly 18, 20131min21613
  တခါသားပေါ့ဗျာ ..။ ကျုပ် ဆက်ကော့လက်ကော့ ဆယ်ကျော်သက် ဘဝပေါ့…။ အနေအထိုင်မတတ်တော့ တလောလေးက တိမ်းပါးသွားတဲ့ အာဆင်နယ် ပိတ်သတ် အသီးကွဲဆြာကြီးနဲ့ အင်မတန်ရင်းနှီးတဲ့ စာရေးဆြာတယောက်နဲ့ ခင်ခဲ့ပါသတဲ့ ..။ အဲ့လူကြီးက အဲ့သည့်ကာလတုန်းက ကတ်ကိုဘိန်းအကြောင်းဘာသာပြန်နေတာ ..။ (ထွက်ဖြစ်မထွက်ဖြစ်တော့ မသိ) ကိုဘိန်း ရဲ့ medical problems တွေမယ် ဆေးပညာစာလုံးတွေ ပါလာတော့ သူက ကျော့်ကို လာလာမေးလေ့ရှိတာရယ် .. အထင်ကြီးလို့ ..(ကိုယ့်မှာ ပြူးပြဲပီး ဒစ်ရှင်နရီလှန်ရတာ သူမသိဘူး) ထားပါတော့လေ..။ အဲ့လိုနဲ့ လက်ဖက်ရည်လေး တိုင်ကီထောင် သောက်လိုက် ပဂေးကြီးတွေအကြောင်း မစားရဝခမန်းပြောလိုက်နဲ့ ဖြတ်သန်းခဲ့ဖူးသပေါ့..။ ဂလိုနဲ့ တနေ့..။ ကောင်လေး မင်းလိုက်မလား တဲ့ … ကိုယ် — […]


ムラカミJuly 17, 20131min16412
ကံဆိုးမှု မိုးသားတွေ ပြိုကျတဲ့ ကာလပေါ့.. အားငယ်နေမလားကွယ်.. ဆောရီး .. ကျနော် အားမပေးတတ်ဘူး.. ခပ်သော့သော့ ပြုံးလို့ လောကဓံဆိုတဲ့ ငနဲသားကို ကလိကလိ နေအောင် ပျက်ရယ်ပြုတတ်တာ.. ကျုပ် ထရိတ်မာ့ခ် ရယ်ပါ…   ပြုံးပါဦး မိန်းကလေး.. မင်းပြုံးတိုင်း ပန်းတွေ မကြွေ သလို ကြယ်တွေလည်း မသေဘူး ဒါပေသိ … စိတ်ကျေနပ်မှုရဲ့ တန်ဖိုး တစုံတရာ ကိန်းတယ်.. မာန ဆိုတဲ့ပန်းဟာ မွှေးလွန်လွန်းလို့ လောကဓံ ဆိုတဲ့ကောင် ရှုရှိုက်ဖို့ မတန်ဘူး တဲ့လေ..   ဒုက္ခ ဆိုတဲ့ ငနဲသားက သူ့ခယ်မ သောက ကိုပါခေါ်ပြီး အိမ်ပေါ်တက် ထမင်းမျိုတာပဲကွယ်.. ကျွေးလိုက်ပါ.. မျက်လုံးလေး မှေးစင်း လို့ […]


ムラカミJuly 11, 20138min18220
အတည်အကောင်း မရေးတာကြာပြီဆိုတော့လည်း ရေးလိုက်ပါဦးမယ်လေ..။ ကနဦး ပြောဖူးတဲ့ ဟာသလေးတပုဒ် အရင်ပြောပါမယ် (အမ်.. အတည်ရေးမယ်ဆို) ဟုတ်ကဲ့ ရေးတာလည်း ရေးတာပေါ့ .. ဒါလေးအာသာပြေရေးလိုက်ဦးမယ် အမေရိက ကအာကာသယာဉ်ပေါ်မှာ ဖြစ်ပါတယ်.. ဘောပင်တွေက မင်မထွက်ဘူးတဲ့..။ ဘယ်ထွက်မတုန်း ကမာ္ဘမြေဆွဲအားမရှိတော့ မင် က ဂလိုပဲ ပေပြီး နေနေတာကိုး ။ ဆိုတော့ ကမာ္ဘမြေဆွဲအားမလိုတဲ့ မင်ဖိအားပေးမှု စနစ် ပါတဲ့ ဘောပင်တီထွင်တာ ဒေါ်လာထောင်ချီ ပလုံပြီးနောက်ပိုင်း အောင်မြင်သွားပါတော့တယ်။ ဒီသတင်းကြားတော့ ဥရောပမြောက်ပိုင်းက အရက်သမား ရုရှ တွေက ရီပါတယ်။ သူရို့က ဘောပင်မင် မလိုက်တော့ ခဲတံ ပြောင်းသုံးပါတယ်တဲ့ ..။ ငိငိ (ဟာသသက်သက်ပါ) ဒါပေမယ့်တကယ် ပြောချင်တာက Lateral thinking နဲ့ […]


ムラカミJuly 9, 20131min20915
ဘာရယ်မဟုတ်ပါဘူး … ဟိုကျေးဇူးရှင် ၁ကျပ်သားနဲ့ ဂျေးအောင်းရမလိုဖစ်နေတော့ နင်အစား ဝင်လိုက်ပလား လို့ ဝိုင်း မေတ္တာပို့ကြတဲ့ အမျိုးတွေ ကိုချဉ်ရင်း မောင်ဂီ့နဲ့ ဆေးဘဲတို့ရဲ့ ကြားက အမှတ်တရလေးတွေ ပြန်တူးကြည့်မိတာပါ.. ဟိဟိ… ဗေထိ ဆို ကိုယ်ချည်း ခံရတာချည်း.. ကဲ ..စပြီ..   သားယီး ကနေ့ည လာခဲ့ကွာ ။ ဗျာ ..အော်.. ဟုတ် ..ဟုတ်..။ ကြောက်ရသဗျ.. ဒီဘဲဒွေက စိတ်မထင်ရင် မထင်သလိုဖောက်တာ..။ ဘယ်ဘဲတွေလဲဆိုတော့ ရေကြောင်းသိပ္ပံက ဘော်ဒါဘော်ဂျွတ်တွေပါခီညား…။ ဘယ်ကဘယ်လို အောက်ပါ့စ်ရလာလဲမသိဘူး ဆေးကျောင်းကို ဆော်လာကြောင်ရင်း ပါလာတဲ့ ဂစ်တာကြီး လက်မှတ်ကောက်ကတ်ထိုးရင်း ကျုပ်ကို လှူသွားရင်း ပြောတဲ့ ဇဂါးပေါ့ဗျာ..။ အဲ့လိုနဲ့ အဲ့သည့်ည မောင်ဂီ့လည်း ဒင်းတို့ကျောင်းကို […]


ムラカミJuly 5, 20131min21513
  အွန်း ..ကျောင်းသားဘဝ ပြန်တူးမိတော့ .. ဆက်တူးချင်သွားပြီ ..ကွိကွိ.. ရှေ့ပိုစ့်က ထိပ်ဆုံး တလအတွင်းကြုံခဲ့တာတွေပါဗျာ… အဲ့သည့် Lab မှာပါပဲ …။ လက်တွေ့လုပ်ပြီးရင် တကယ် တတ်ကျွမ်းနားလည်သလား ဆိုတာကို ဆြာမလေးတွေက၁ဝယောက်တစု စာမေးတယ်ခည.. စာပြန်ရတယ်ပေါ့ဗျာ..လက်တွေ့လုပ်ခဲ့တာရဲ့ အကြမ်းဖျင်းကို ..အဲ… ဆြာမပေါက်စလေးတယောက် သူက နည်းနည်း ဘိုဆန်တယ် .. စာမေးတာကို စာပြန်တယ် စာဆိုတယ် ဂလိုမသုံးဘူး ဘာတဲ့.. Oral ပေးတယ် တဲ့ ..ကွိကွိ.. ဂွကျတာများပြောပါတယ်.. တရက်သားဗျာ..။ ဟဲ့ ..ဟို ၃၇၆ လုပ်စရာရှိတာမြန်မြန်ပီးအောင် လုပ်စမ်း ပီးရင် ငါ့ကို Oral လာပေးလှည့် တဲ့ ..။ ငိငိ ဖြစ်ပုံ …။ ကျောင်းသားဆိုတဲ့ သကောင့်သားများကလည်း […]


ムラカミJuly 4, 20131min28322
  ကျုပ် ငယ်ငယ်ကပေါ့ဗျာ။ ပွေးတယ် မပွေးတယ် ပြောပါတယ်..။ မိဘတွေ မလွန်ဆန်နိုင်လို့သာ ဆေးကျောင်းသွားတက်ရတယ် လူက စိတ်က ပါတာမဟုတ်ဘူးရယ်။ ရောက်ပုံကိုလည်း ကြည့်ဦးလေ..ဗေထိ ဆိုကတည်းက ဖရက်ရှာဝဲလ်ကမ်း စပဟေ့ဆိုတာနဲ့ မောင်ဂီ့တို့ မြကျွန်းသာမှာ တိုက်ကားမောင်းနေပြီ။ ကွိကွိ. .. နောက်နေ့ စာအုပ်ထုပ် ခုံနံပါတ်ရှာ စာသင်ခန်းကိုသွား …။ လားလား…။ နာမည်တွေကို က-အ စီပီး ခုံနံပါတ်ထုတ်ပေးတာဆိုတော့ ကျနော်က နာမည် အစစာလုံး မ- မို့ ဆက်ရှင်တူး ကိုရောက်တယ်.. (လူခြောက်ရာ ကို ဝမ်းတူး ၂ဆက်ရှင် ခွဲတာ..) ခုံနံပါတ် ဂဏန်းက ၃၀ဝကျော်သဗျ … ရတဲ့နံပါတ်ကလည်း ကြည့်အူး ။ ၃၇၆ တဲ့ …။ သေဇမ်း […]


ムラカミJuly 4, 20131min18412
            ဂုဏ်ယူလိုက်ဇမ်းဘာ ကျုပ်တို့ သီဟပူရကို အင်-ယာတွေ အတော်များများ တင်ပို့တဲ့တိုင်းပြည်မှာနေတာ.. နောက်ပိုင်း hospitality management ဆိုတာ လူငယ်ထု သည်းခြေကြိုက် မြို့ပြကဗျာ ဖြစ်လာတဲ့အကြောင်းကောသိလား အဲ … မလေးက လယ်တွေ ဘယ်ကောင်တွေ ပင်ပင်ပန်းပန်း ထွန်ပေးနေတယ်ထင်သတုန်း ပြီးတော့ ပြုတ်တူနဲ့ ပလာယာ ကိုင်ပြီး ပေးတာယူကျွေးတာစားနေတာကော ဘယ်ကလာတဲ့ကောင်တွေထင်သတုန်း နီးနီးစပ်စပ် ယပက်လက်ပင်လယ်ပြင်မှာ ပါဏာတိပါတာကျူးလွန်နေတဲ့ အမျိုးတွေဘယ်လောက်ရှိလဲ ခင်ဗျားသိလား ပထဝီ တကြောလွတ်တယ် အပြောခံရလောက်အောင် လှိုင်းမူးခံပြီး ရေထဲကမတက်တဲ့ လူတွေလည်း တပြွတ် တခြား ပန်းကန်ဆေး ဆူရှီလိပ် တက္ကစီမောင်း ရင်း ရွာက အမျိုးတွေဖို့ ဆိုတာကလွဲလို့ ဘာမှမသိတဲ့ ဖြစ်သမျှအကြောင်း […]


ムラカミJuly 3, 20131min16311
ဒီတခါတော့ ဦးခိုမ် အသူရကာယ် ဘုံကို သွားဖို့ခြေလှမ်းပြင်သည်။ ဟုတ်တယ် နတ်တွေက တိုင်ပတ်တယ် ဒီ အသူရကယ် တွေကမှ ဇယားရှင်းဦးမယ်ထင့် ။ ဟောရောက်ပါပြီ။ အသူရကာယ်ဘုံ …အသူရကာယ်တွေထဲကမှ ရှေးမြန်မာဘုရင်တွေကို သွားကြည့်မည်ဟု ဦးခိုင် တွေးလိုက်သည်။ ဟုတ်သည် ဒီလူတွေ ကျွတ်မှာမဟုတ်။ ဂလောက် ထီးနန်း စည်းဇိမ် တိုင်းပြည် မိဘုရား သားသမီး အာဏာ အကုန်မက်စရာတွေပေါတဲ့ဘဝ ဆိုတော့။ တွေ့ပါပြီဗျားးး နှုတ်ခမ်းမွေး တကားကားနှင့် ဘုရင်မင်းခေါင်။ မျက်နှာကတော့ သိပ်မကောင်းချေ။ အနားကပ်ပြီး မေးကြည့်တော့မှ သူက အမှုဖြစ်နေသတဲ့ ။ ဖြစ်နေတဲ့အမှုက အာမခံမရဘူးဆိုပဲ။ ဘာအမှုတုန်းဆိုတော့ ခေါင်။ မပြောချင်ပါဘူးဗျာ။ ဟိုကောင် ရာဇာဓိရာဇ်ပေါ့။ ကျုပ်ကို ကလေးစစ်သား အသုံးပြုမှု ဆိုတဲ့ ပုဒ်မ […]