meengelayJune 2, 20111min1189
“ခင်ဗျားက ဘယ်သူပါလဲ ။ကျွန်တော် က ဆန်းစုနိုင်ပါ ” ဆိုပြီး ကိုဆန်းစုနိုင်ကစတင်နှုတ်ဆက်ပါတယ်။ နောက်တစ်ယောက်ဖြစ်တဲ့ သူက “ကျွန်တော် က ထူးအောင် ပါ ဗျာ………………” ဆိုပြီး ဆက်မှိုင်နေရှာပါတယ်။ “ခင်ဗျားကဘယ်လိုများသေရလဲဗျာ…ကျွန်တော်က အအေးမိသေတာဗျ ” ကိုဆန်းစုနိုင် စပ်စပ်စုစု အလိုက်ကန်းဆိုးမသိ ဆက်မေးနေပြန်သည်။ “ကျွန်တော် က အံ့ဩလွန်းလို့ နှလုံးသွေးရပ်ပြီးသေရတာပါဗျာ………..” ကိုထူးအောင်ကလည်းပြန်ဖြေရှာ ပါတယ်။ “ဘယ်လို….ဘယ်လိုဗျ….ခင်ဗျားဟာက…” “ဪ……ဒီလိုပါဗျာ..။ ကျွန်တော့်မိန်းမက ကျွန်တော်မရှိတုန်း လူတစ်ယောက်နဲ့ဖောက်ပြန်နေတာ ကျွန်တော်သိတယ်ဗျ…..” “တစ်နေ့ ကျွန်တော်သူတို့ကို အမိလက်ရဖမ်းချင်တာနဲ့ အလုပ်သွားယောင်ပြပြီး ကျွန်တော် အိမ်ပြန်ခဲ့တယ်ဗျ ………..” “အင်းဆက်ပါဦးဗျာ ……” “အိမ်ရောက်တော့ ကျွန်တော်ထင်တဲ့ အတိုင်း သူ့ဖိနပ် ကျွန်တော်တွေ့တယ်ဗျ။ ကျွန်တော်လည်း အိမ်ပေါ်ဆက်တက်သွားတယ်ဗျာ..။ ကျွန်တော်တို့အိပ်ခန်းက ရီသံတွေ စကားပြောသံတွေက […]